ရန်ကုန်ရဲ့အကောင်းဆုံး Gym များ

yangon best gyms
yangon best gyms

ခန္ဓာကိုယ်အလန်းစားလေး ပိုင်ဆိုင်ရမယ်လို့ New Year Resolution ချထားသူတွေကို အားပေးတဲ့အနေနဲ့ အခရာက Yangon မှာရှိတဲ့ Gym တွေအကြောင်းကိုတင်ဆက်လိုက်ပါတယ်။  Gym တွေကလည်း Service အလိုက် ဈေးနှုန်းအမျိုးမျိုးအစားစားရှိတာမို့ Premium Class လို့ပြောလို့ရမယ့် ရန်ကုန်မြို့ရဲ့ ထိပ်တန်း Gym တွေထဲက တချို့ကိုဖော်ပြလိုက်တာပါ။ နောက်တစ်ခေါက်ကျရင်တော့ ဈေးနှုန်းသင့်တင်ပြီး အဆင်ပြေနိုင်တဲ့ Gym တွေကို ထပ်မံဖော်ပြပါဦးမယ်။

Power House

စက်အသစ်စက်စက်တွေနဲ့ ကျယ်ဝန်းတဲ့နေရာမှာ Gym ဆော့ချင်သူတွေအနေနဲ့ Power House ကအဆင်ပြေမှာပါ။ Trainer ကလည်း ဆယ်ယောက်ကျော်ခန့်ရှိပါတယ်။ တခြား Gym တွေထက်အားသာချက်က  အချိန်နဲ့ အကျယ်အဝန်းလို့ ဆိုနိုင်ပါတယ်။ မနက် ၆ နာရီကနေ ည ၁၂ နာရီထိကစားနိုင်တဲ့အပြင် နေရာကျယ်ဝန်းပြီး ဘေးပတ်ပတ်လည် မြင်နေရတဲ့ ရှုခင်းတွေကလည်း ကစားသူကို Relax ဖြစ်စေတာတွေ့ရပါတယ်။  Martial Arts ၊ Kick Boxing ၊ Body Pump ၊ Zumba ၊ Aerobic ၊ Weight Gain/Loss ၊ Yoga ၊ Myanma Lethwei စသဖြင့် စိတ်ဝင်စားဖွယ်ရာ Group Class ၃၁ ခုရှိတာကိုတွေ့ ရပါတယ်။ Member ဝင်လိုက်ရင် ဒီသင်တန်းတွေကို Free တက်ခွင့်ရမှာပါ။  အထူး Special တစ်ဦးချင်းစီအလိုက် Customized လုပ်ပေးတဲ့ Nutrition & Meal Plan တွေအပြင် ချွေးထုတ်ခန်း ၊ Shower တွေရှိပါတယ်။

ဘယ်လိုလူတွေအတွက်အဆင်ပြေမလဲ –  ညည့်နက်မှအချိန်ရလို့ Gym ကစားလိုသူတွေ၊ (Fuse Bar ၊ Eclipse Bar တို့နဲ့ အနီးဆုံးရှိတဲ့အတွက်) Night Out မသွားခင် Gym ဆော့လိုသူတွေ ၊ မြန်မာပလာဇာမှာရှိတဲ့အတွက် ဈေးဝယ်ထွက်ရင်း Gym ဆော့လိုသူတွေ။

ဈေးနှုန်း – တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာ ၁၂၀၀ ဖြစ်ပြီး ၆လစာအတွက် အမေရိကန်ဒေါ်လာ ၇၀၀ ကျသင့်မှာဖြစ်ပါတယ်။ နှစ်သစ်ပရိုမိုးရှင်းအနေနဲ့  Discount တွေရှိပါတယ်။ တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာ  ၉၆၀ နဲ့ ၆လစာအတွက် အမေရိကန်ဒေါ်လာ ၅၉၅ သာကျသင့်မှာဖြစ်ပါတယ်။

နေရာ – ၄ လွှာ ၊ မြန်မာပလာဇာ

အချိန် – မနက် ၆ နာရီ မှ ည ၁၂ နာရီ

ဖုန်း –  ၀၉၉ ၆၆၆၆ ၃၁၈၉ ၊ ၀၉၉ ၆၆၆၆ ၁၃၈၉

 

Real Fitness

Real Fitness ကလည်း အမိုက်စား Gym တွေထဲက တစ်ခုပါပဲ။ နေရာကျယ်ဝန်းပြီး Service ကောင်းပါတယ်။ ကားရပ်နားဖို့လည်း အဆင်ပြေတဲ့အပြင် Gym ဆော့ရင်း မြင်နေကျ တိုက်တာ အဆောက်အဦတွေကနေ ခဏတာဖောက်ထွက်ခွင့်ရနိုင်ပါတယ်။ Aerobic ၊ Yoga ၊ Dance ၊ Zumba စတဲ့ Group Class တွေကိုလည်းတက်ရောက်နိုင်မှာပါ။ Sauna ၊ Shower Room ၊ Club Lounge တွေကလည်း အတော်အဆင်ပြေပါတယ်။ Real Fitness က နေရာ ၄ နေရာမှာရှိတာမို့ မြို့ အနှံ့ကားမောင်းပြီး သွားလာနေရသူတွေအတွက် နီးစပ်ရာနေရာမှာ ဝင်ဆော့နိုင်တာက အားသာချက်ဖြစ်ပါတယ်။

ဘယ်လိုလူတွေအတွက်အဆင်ပြေမလဲ – တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ အေးအေးဆေးဆေး Gym ဆော့လိုသူတွေ ၊ ကားပါကင်အတွက် ခေါင်းမစားလိုသူတွေ၊ ရွှေတောင်ကြားတစ်ဝိုက်နေထိုင်သူတွေ၊ ၈ မိုင် ကိုးမိုင်နဲ့ မရမ်းကုန်း၊ ပြည်လမ်းတစ်ဝိုက်နေထိုင်သူတွေ။

ဈေးနှုန်း – တစ်လကို အမေရိကန်ဒေါ်လာ ၁၅၀ ၊ ၃ လကို ၃၆၀ ၊ ၆လ ကို ၆၀၀ ၊ တစ်နှစ်ကို ၁၀၈၀ ကျသင့်မှာဖြစ်ပါတယ်။ Admin Fees ၅၀ ရှိပါတယ်။

(၁) နေရာ – အမှတ် (၂၀)၊ ပုလဲလမ်း၊ ရွှေတောင်ကြား၊ ဗဟန်းမြို့နယ်။

ဖုန်း  – ၀၁ ၁၂၂၀၈၈၁ ၊ ၀၉ ၂၅၃ ၀၆၅၅၈၂

 (၂) နေရာ – အမှတ်(၆၈)၊ တော်ဝင်လမ်း၊ ကိုးမိုင်၊ မရမ်းကုန်း။

ဖုန်း – ၀၉ ၅၀၉၇၀၅၇ ၊ ၀၉ ၂၅၄၈ ၇၇၅၃၄

အချိန် –  တနင်္လာ မှ သောကြာ (မနက် ၆နာရီ မှ ည ၁၀ နာရီ)

-ရုံးပိတ်ရက် (မနက် ၇ နာရီခွဲ မှ ၉ နာရီ)

(နောက်ထပ်သတင်းပေးချင်တာက Real Fitness Signature က Sedona Hotel နဲ့ Novotel Hotel မှာလည်းရှိပါတယ်။ ဟိုတယ်မှာကတော့ နေရာနဲ့ ဝန်ဆောင်မှုအလိုက် အထက်မှာဖော်ပြထားတဲ့ဈေးနှုန်းထက် ကြီးမြင့်မှာဖြစ်ပါတယ်။)

You May Also Like :Diet ယဉ်ကျေးမှုနဲ့ ရန်ကုန် Salad ဆိုင်များ

Balance Fitness

Balance Fitness ကတော့ ကျယ်ဝန်းတဲ့နေရာ၊ စက်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုကတော့ အတော်လေး ပြည့်စုံတယ်လို့ ဆိုရမှာပါ။ Aerobics ၊ Zumba ၊ Sizzle ၊ Pilates ၊ Kickboxing ၊ Yoga တို့ရှိပြီး Personal Trainer၊ ၊ Floor Instructor တွေအပြည့်အစုံ ရှိပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် ၊ Smoothies တွေ ၊ Personal Nutrition Plans တွေပါ ရနိုင်တယ်လို့သိရပါတယ်။ Jacuzzi ၊ Steam Room ၊ Sauna ပါဝင်ပါတယ်။ နေရာ ၂ နေရာ ရှိတာကြောင့် အဆင်ပြေရာကို သွားရောက်နိုင်ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းဆိုင်မှာတော့ Cycling Class ရှိပါတယ်။

ဘယ်လိုလူတွေအတွက်အဆင်ပြေမလဲ – သွက်လက်တက်ကြွတဲ့ လူငယ်တွေ၊ အပေါင်းအဖော်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် Gym ဆော့လိုသူတွေ၊ Cycling Class တက်လိုသူတွေ၊ သံလွင်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း တစ်ဝိုက်နေထိုင်သူတွေ ၊ မရမ်းကုန်းမြို့နယ်အတွင်းနေထိုင်သူတွေ။

ဈေးနှုန်း – ၆လစာအတွက် အမေရိကန်ဒေါ်လာ  ၅၈၀ နှင့်  Group Class အတွက်ပါဆိုရင် ၉၈၀ ရှိပါတယ်။ တစ်နှစ်စာအတွက်ဆိုရင် အမေရိကန်ဒေါ်လာ ၉၈၀ နဲ့ Group Class အတွက်ပါဆိုရင်  ၁၈၀၀ ရှိပါမယ်။ Admin Fees  ၅၀ ရှိပါတယ်။

(၁) နေရာ – အမှတ် (၆၄/ G) ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်။

ဖုန်း – ၀၁ ၆၅၆၉၁၆

(၂) နေရာ – အမှတ်(၁၀၃) ၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် သံလွင်လမ်းထောင့် ၊ ဗဟန်းမြို့နယ်။

ဖုန်း – ၀၁ ၅၃၉၆၀၉

အချိန် – မနက် ၆ နာရီ မှ ၁၀ နာရီ

Move Myanmar

မြို့ထဲမှာနေတဲ့ သူတွေအတွက် သွားလာလို့ အဆင်ပြေတဲ့ Fitness တစ်ခုကတော့ Move Myanmar  ဖြစ်ပါတယ်။ နေရာ ကျယ်ဝန်းပြီး စက်ပစ္စည်း အစုံအလင်နဲ့ Trainer တွေအစုံရှိတာမို့ အတော်လေးမိုက်တဲ့ Fitness တစ်ခုပါ။ ထိပ်တန်း Gym တွေမှာ ရနိုင်တဲ့ Service တွေ Class တွေလည်းရှိတာတွေ့ရပါတယ်။ Peak Hour နဲ့ Weekends အတွက် သီးသန့် Discount တွေလည်း ရှိပါသေးတယ်။

ဘယ်လိုလူတွေအတွက်အဆင်ပြေမလဲ – မြို့ထဲတစ်ဝိုက်နေသူတွေ၊ Gym ကို ညဘက်လမ်းလျှောက်ပြီး အသွားအပြန် လုပ်နိုင်သူတွေ၊ ရုံးတက်ရုံးဆင်း Gym ဝင်ဆော့ချင်သူတွေ၊ အေအေးဆေးဆေး Gymဆော့ချင်တဲ့ လူငယ်လူကြီးတွေ။

ဈေးနှုန်း – တစ်လကို အမေရိကန်ဒေါ်လာ ၁၆၀ ၊ ၃ လကို အမေရိကန်ဒေါ်လာ ၄၂၀ ၊ ၆လကို အမေရိကန်ဒေါ်လာ ၇၈၀ နဲ့ တစ်နှစ်စာ အတွက် အမေရိကန်ဒေါ်လာ ၁၁၈၀ ရှိပါတယ်။

(New Year Promotion အနေနဲ့ ၁လ နဲ့ ၃လ Member သမားများအတွက် ၅၀% ၊ ၆လ နဲ့ တစ်နှစ် Member သမားများအတွက် ၄၀% Discount တွေရှိပါတယ်။)

နေရာ – အမှတ်(၆၀၈) ၊ ၃ လွှာ၊ ကုန်သည်လမ်း ( ၃၁ လမ်းထောင့်) ၊ ပန်းဘဲတန်းမြို့နယ်။

အချိန် –   တနလာင်္ မှ သောကြာ (မနက် ၆ နာရီ မှ  ည ၁၀ နာရီ)

ရုံးပိတ်ရက် (မနက် ၈ နာရီ မှ ည ၈ နာရီ)

ဖုန်း – ၀၉ ၂၆၃ ၀၃၇ ၁၂၇

 

Body – Mind – Strength Fitness Centre

ဒီ Gym မှာအထူးအားသာတာကတော့ Spinning Studio ဖြစ်ပါတယ်။ အဆီပိုတွေကို အချိန်တိုအတွင်း ဖယ်ထုတ်ပစ်နိုင်တဲ့ Spinning Bikes တွေရှိပါတယ်။ Cardio Room ၊ Spinning Studio ၊ Weight Room ၊Yoga Room ၊ Aerobic Room ၊ Dance Studio တွေရှိပြီး Member ဝင်ပြီးရင် Aerobic ၊ Yoga ၊ Dance တွေ Free တက်လို့ရပါတယ်။ Services တွေအနေနဲ့ Juice Bar ၊ Wifi Free Zone ၊ Jacuzzi ၊ Sauna ၊ Steam Rooms တွေအပြင် အမျိုးသား အမျိုးသမီး သီးသန့် နားနေဖို့နေရာတွေရှိပါတယ်။

ဘယ်လိုလူတွေအတွက်အဆင်ပြေမလဲ – စက်အကောင်းစားတွေနဲ့ တစ်ကိုယ်တည်းဆော့ချင်သူတွေ ၊ လူလတ်ပိုင်း လူကြီးပိုင်းတွေ၊ စမ်းချောင်းတစ်ဝိုက်နေထိုင်သူတွေ၊ Spinning Bikes တွေနဲ့ သက်သက်သာသာ အဆီကျချင်သူတွေ။

ဈေးနှုန်း – ၁ လ တစ်သိန်းကျပ် ၊ ၃ လ အတွက် ၂သိန်းခွဲ ၊ ၆ လစာအတွက် ၄ သိန်း ၃ သောင်း ၊ တစ်နှစ်စာအတွက် ၈ သိန်းခွဲ ရှိပါမယ်။

နေရာ – အမှတ် (၁၃၁) ၊ စီ ၀၁၁ ၊ ရွှေပြည်အေးကွန်ဒို ၊ ဗားဂရာလမ်းနှင့် ရွှေပြည်အေးလမ်းထောင့်၊ စမ်းချောင်း။

အချိန် –   တနလာင်္ မှ သောကြာ ( မနက် ၆နာရီခွဲ မှ ည ၉ နာရီ)

ရုံးပိတ်ရက် ( မနက် ၇ နာရီ မှ ည ၈ နာရီ)

ဖုန်း –  ၀၉ ၄၉၂၃၉၁၉၁ ၊ ၀၉ ၇၃၀၇၂၉၉၅ ၊ ၀၉ ၇၉၉၆ ၅၆၇၉၈ ။

ဂျူဂျူး (အခရာ)

www.akhayar.com