ဒီနေ့ဟာ ကမ္ဘာကိုပြောင်းလဲစေခဲ့တဲ့ iPhone ရဲ့ ၁၀နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်

လွန်ခဲ့တဲ့ ၁၀နှစ်ကာလ ဖြစ်တဲ့ ၂၀၀၇ခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့မှာ Steve Jobs ဟာ ကမ္ဘာကို ပြောင်းလဲစေမယ့် ပစ္စည်းလို့ ကြွေးကျော်ပြီး ထိုအချိန်က ကုမ္ပဏီအတွက် အကြီးမားဆုံး နည်းပညာဖြစ်တဲ့ iPhone ကို ထုတ်လုပ်ခဲ့ပါတယ်။ “Revolutionary Product” လို့ Steve Jobs ပြောခဲ့တဲ့အတိုင်း ထုတ်လုပ်တဲ့အခါမှာလည်း တကယ်ကို အုတ်အော်သောင်းတင်းဖြစ်အောင် လုပ်ဆောင်ချက် အမိုက်စားတွေနဲ့ ထွက်လာခဲ့တာပါ။

iPhone လို့အမည်ပေးထားတဲ့ ဖုန်းသစ်ကို Jobs ကလုပ်ဆောင်ချက် သုံးမျိုးပါ (three-in-one) ထုတ်ကုန်လို့ အမည်ပေးထားပြီး “မျက်နှာပြင်ကျယ်၊ iPod နဲ့ ထိတွေ့မျက်နှာပြင်၊ မိုဘိုင်းလ်ဖုန်းတော်လှန်ရေးဖုန်း၊ အင်တာနက်ဆက်သွယ်ရေးပစ္စည်း” စသည်ဖြင့် သူက Keynote တွေထုတ်ပြီး ပြေကြားခဲ့တာပါ။

ဒီခေတ်အနေအထားနဲ့ဆို ဟောင်းနွမ်းသွားတဲ့ နည်းပညာတွေလို့ ဆိုနိုင်ပေမယ့် ဒီခေတ်ဖုန်းတွေမှာလည်း ဒီဖုန်းကို အခြေခံထားတာကြောင့် နည်းပညာသစ်တွေရဲ့ ဖခင်ဖုန်းလို့တောင် ဆိုနိုင်ပါတယ်။ ဖုန်းဟာ ယခင်ဖုန်းတွေမှာ မလုပ်ဆောင်နိုင်သေးတဲ့ ရုပ်ရှင်ကြည့်တာ၊ TV Shows တွေကြည်တာ၊ Browser Bookmarks တွေကို ပြောင်းလဲတာ၊ ဓာတ်ပုံတွေကို Sync လုပ်တာ စသည်ဖြင့် လုပ်ဆောင်ချက်အမျိုးမျိုးလည်း လုပ်ဆောင်နိုင်ပါတယ်။

လက်ရှိ CEO ဖြစ်သူ Tim Cook ရဲ့ ပြောကြားချက်အရ“iPhone ဟာ Apple အတွက် အရေးပါ အရာရောက်နေဆဲဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ iPhone ဟာ အသုံးပြုသူတွေရဲ့ ဘဝ၊ ဆက်သွယ်မှု၊ ဖျော်ဖြေရေး၊ အလုပ်နဲ့ အသက်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

အဲ့ဒီအပြင် iPhone ဟာ လက်ရှိမျိုးဆက်တွေအတွက် အကောင်းဆုံး အခြေခံအုတ်မြစ်ကြီး ဖြစ်ခဲ့တယ်လို့လည်း Cook က ဆိုခဲ့ပါတယ်။

iPhone ရဲ့ အောင်မြင်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် ၂၀၀၇ခုနှစ် ဇန်နဝါရီလအတွင်းမှာ မိတ်ဆက်ခဲ့တဲ့ ဖုန်းဟာ တရားဝင်အနေနဲ့ အဲ့ဒီနှစ်ဇွန်လ ၂၉ရက်နေ့မှာ ထုတ်လုပ်ခဲ့ပါတယ်။ ပထမမြောက်မျိုးဆက်ဖြစ်ပြီး အလုံးရေ ၆.၁သန်းအထိ ရောင်းချခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆက်တွဲအနေနဲ့ iPhone 3G ကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။

Steve Jobs က iPhone ကိုထုတ်ဖော်ခဲ့တဲ့ MacWorld 2007 ပွဲကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီ YouTube လင့်အတိုင်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

>>https://youtu.be/x7qPAY9JqE4 <<

Ref: The Verge