Huawei ရဲ့ စမတ်ဖုန်းသစ် GR5 2017 ကို လေ့လာသုံးသပ်ကြည့်ခြင်း

huawei gr5 2017 review
huawei gr5 2017 review

Huawei ဟာ ဒီနှစ်အစောပိုင်းက ထုတ်လုပ်ခဲ့ပြီး ထင်သလောက် မစွံခဲ့တဲ့ GR 5 ကို ပြန်လည် ပြင်ဆင်ပြီးတော့ 2017 ဗားရှင်းနဲ့ ထပ်မံထုတ်လုပ်လိုက်ပါတယ်။ အသစ်ထုတ်လုပ်ထားတဲ့ ဖုန်းသစ်မှာ ထူးထူးခြားခြားပြောင်းလဲမှုအနေနဲ့ကတော့ Dual ကင်မရာနဲ့ Chipset ပြောင်းလဲသွားတာပဲ ဖြစ်ပြီး တခြားတော့ အကြီးအကျယ်ပြောင်းလဲမှုမရှိပါဘူး။

ဒီဇိုင်းပိုင်းကစပြောရမယ်ဆိုရင် GR 5 တုန်းကလိုပဲ Aluminium Body ပဲဖြစ်ပါတယ်။ အရောင်အသွေးအနေနဲ့ Gold, Gray, White ဆိုပြီး သုံးရောင်ခွဲထားပါတယ်။ မျက်နှာပြင်အကျယ်ကလည်း ၅.၅လက်မအရွယ် 1920 x 1080 p ရှိတဲ့ Display ပဲဖြစ်ပါတယ်။ PPI အနေနဲ့ ကတော့ (293 ppi) ရှိပါတယ်။ ကျောဘက်မှာတော့ Fingerprint Sensor နဲ့ Dual Camera နဲ့ Flash Light တို့ကို တွေ့ရမှာဖြစ်ပါတယ်။

Network အနေနဲ့ကတော့ 2G, 3G, 4G LTE စနစ်တွေကို ထောက်ပံ့ပေးထားပါတယ်။ တခြားဆက်သွယ်မှုတွေအနေနဲ့ကတော့ ပုံမှန်ပါဝင်မှုတွေအတိုင်းပဲ Bluetooth, Wi-Fi, USB, GPS စတဲ့ အချက်တွေပါပဲ။

OS ပိုင်းမှာတော့ GR 5 ယခင်ဗားရှင်းလိုပဲ Marshmallow ကိုသာ အသုံးပြုထားတာ တွေ့ရပါတယ်။ Processor ကတော့ Octa-cor 2.1 & 1.4 GHz processor ကိုအသုံးပြုထားပါတယ်။ Chipset ကတော့ Huawei ရဲ့ ကိုယ်ပိုင် Processor ဖြစ်တဲ့ HiSilicon Kirin 655 ဖြစ်ပါတယ်။ GR 5 ဗားရှင်းအဟောင်းကတော့ Qualcomm Snapdragon 616 ဖြစ်ပါတယ်။

Memory ကတော့ Internal 32 GB ပါဝင်ပြီး Card Slot ကို 128 GB အထိ မြှင့်တင်နိုင်ပါတယ်။ RAM အနေနဲ့ ကတော့ 2GB ကနေ 3GB ကို မြှင့်တင်ထားပါတယ်။

ဖုန်းကို အဓိကအနေနဲ့ ပြောင်းလဲထားတဲ့ ကင်မရာဟာ ဆိုရင်တော့ Primary ကင်မရာကို 12 MP + 2 MP (Dual Camera) ကိုအသုံးပြုထားတာဖြစ်ပါတယ်။ Pixels ကတော့ 2396 x 2976 ရှိပါတယ်။ ကင်မရာရဲ့ လုပ်ဆောင်ချက်တွေကတော့ Autofocus, PDAF Sensor, Gesture Shot, Voice Capture, Face Beauty, HDR, Smile detection, Face Detection, Self timer, Touch focus, Low Light Mode, Professional Mode,1.25 micron pixel,After Focus,6P Lens,Bokeh Mode,Blur Effect စတဲ့ Effect တွေပါဝင်ပြီး ကိုယ်တိုင်ချိန်ပြီး ရိုက်ချင်တဲ့ ကင်မရာကျွမ်းကျင်တဲ့ သူတွေ ရိုက်ချင်တဲ့ Pro Mode တွေ ပါဝင်လာတာကတော့ စိတ်ကျေနပ်စရာပါ။

huawei gr5 2017 review

ဒါပေမယ့် ကင်မရာက Dual Camera ပါဝင်တယ်ဆိုပေမယ့် သာမန်ထက် ထူးထူးခြားခြား ပြောင်းလဲမှုအနေနဲ့ ကတော့ ဘာမှမတွေ့ရတာအမှန်ပါပဲ။ ဥပမာ ကိုယ်ရိုက်ချင်တဲ့နေရာကို ထောက်၊ Focus ချိန်ပြီးရိုက်လိုက်လို့ ဘေးနားက အရာဝတ္ထုတွေကို Blur လုပ်ပေးတယ်ဆိုပေမယ့် သေသပ်မှုမရှိပါဘူး။ ဒါကြောင့် Huawei ရဲ့ P9 ကင်မရာကိုတော့ မမှီတာ အမှန်ပါပဲ။

ဒါကတော့ ကျွန်တော် နမူနာ ရိုက်ကူးထားတဲ့ ပုံရိပ်တွေပါ။

huawei gr5 2017 review

huawei gr5 2017 review

ရှေ့ကင်မရာကတော့ 4MP ကနေ 8MP ကို တိုးမြှင့်ထားပါတယ်။ ဒါကြောင့် Selfie ကြိုက်တဲ့သူတွေအတွက်ကတော့ သင့်လျှော်တဲ့ပမာဏပါပဲ။ ကျွန်တော် Selfie ပုံကိုတော့ စမ်းမရိုက်ပြတော့ပါဘူး။

You May Like : Google Pixel XL ကို သုံးသပ်ခြင်း

ဘက်ထရီကတော့ 3340 mAh battery ပဲဖြစ်ပါတယ်။ ယခင်ဗားရှင်းကတော့ 3000 mAh ပဲဖြစ်ပါတယ်။ ဒါကြောင့်အနည်းငယ်တော့ များလာပါတယ်။

ခြုံငုံသုံးသပ်ရမယ်ဆိုရင် Huawei ရဲ့ GR 5 2017 ဟာ သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲမှုမရှိတဲ့ New Version ဖုန်းတစ်လုံးဖြစ်ပါတယ်။ ယခင် GR 5 တုန်းက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ အသစ်ပြန်လုပ်တဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ဈေးနှုန်းက ၂၈၉၀၀၀ ကျပ်ဆိုတာကြောင့် ဈေးနှုန်းတူညီတဲ့ Xiaomi ရဲ့ Mi 5, Mi Max, Huawei P9 Lite, Oppo F1S စတဲ့ ဖုန်းတွေနဲ့တော့ နှိုင်းယှဉ်ကြည့်ပြီးမှတော့ ဝယ်စေချင်ပါတယ်။ ကျွန်တော်ကတော့ Huawei GR5 2017 နဲ့ Mi 5 32GB ဘာယူမလဲဆိုရင်တော့ Mi 5 ကိုပဲ ယူမိမှာအမှန်ပါပဲ။

Joker (အခရာ)
www.akhayar.com