Facebook ကဗီဒီယိုတွေရဲ့ အလယ်မှာ ကြော်ငြာတွေထည့်တော့မယ်

သင့်အနေနဲ့ YouTube ကဗီဒီယိုတွေထဲမှာ ကြော်ငြာကိုဗီဒီယို မစခင်မြင်ရလို့ Skip လုပ်လုပ်နေရတာကို မုန်းနေပါသလား။ ဒီတစ်ခါမှာတော့ မာ့ခ်ဇူကာဘတ်ကိုသင် ထပ်မုန်းရဦးမှာပါ။ ဘာလို့လဲဆိုတော့ Facebook ဟာ နောက်ထပ်ကြော်ငြာအမျိုးအစားတစ်မျိုးကို ထပ်ထည့်သွင်းဖို့ လုပ်ဆောင်နေပြီး ပိုစိတ်ညစ်စရာကောင်းပါတယ်။

အဆိုပါကြော်ငြာကို mid-roll ads လို့ခေါ်ပြီး မကြာခင် Facebook ရဲ့ ဗီဒီယိုတွေမှာ ပါဝင်လာတော့မှာပါ။ Recode ရဲ့ ဖော်ပြချက်အရ လူမှုကွန်ယက်အနေနဲ့ Publisher ဗီဒီယိုတွေရဲ့ အလယ်မှာ စက္ကန့်၂၀ကြာမြင့်တဲ့ ကြော်ငြာကလစ်ကိုထည့်သွင်းသွားမှာပါ။ ဒါဟာ တစ်ကိုယ်ရေ ဗီဒီယိုတင်တဲ့သူတွေကိုတော့ မရည်ရွယ်ပဲ ပရော်ဖက်ရှင်နယ်အနေနဲ့ ပိုက်ဆံရဖို့အတွက် ဗီဒီယိုတင်တဲ့သူတွေအပေါ် Facebook က YouTube လိုမျိုး ပြန်လည် အမြတ်ထုတ်ဖို့ ကြံနေတာပါ။

ကုမ္ပဏီအနေနဲ့ ဒီသတင်းထွက်လာမှုအပေါ် မှတ်ချက်မပေးသေးပေမယ့် ဒီနှစ်အစောပိုင်းမှာ Mid-roll Clips လုပ်ဆောင်ချက်က အသက်ဝင်မယ့် ဟန်ရှိနေပါတယ်။

အဲ့လို ကြော်ငြာထည့်သွင်းရာမှာ Facebook ဟာ အမြတ်ကို အကုန်လုံးယူမှာမဟုတ်ပဲ Content Creator တွေကို YouTube လို အကျိုးအမြတ်ရဲ့ ၄၅ရာခိုင်နှုန်း ပြန်လည်ခွဲဝေပေးမှာပါ။ ဒါကြောင့်နောက်ပိုင်းမှာ Facebook Video ကဝင်မယ့် ဝင်ငွေအတွက်ပြုလုပ်တဲ့ Creators တွေပေါ်ထွက်လာမှာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို Facebook ကို တွင်တွင်ကျယ်ကျယ် အသုံးပြုတဲ့ နိုင်ငံကနေ Facebook Video Creator ဆိုပြီး ဈေးကွက် တစ်ခုပေါ်ပေါက်လာဖို့ ခန့်မှန်းရမှာပါ။

အသုံးပြုသူတွေဟာ Facebook မှာ တစ်ရက်ကို နာရီသန်း ၁၀၀စာ ဗီဒီယိုတွေ နေ့စဉ်တင်နေကြတာကြောင့် Social Network အတွက် နောက်ထပ် ဈေးကွက်တစ်ခုဖြစ်လာခဲ့ပါတယ်။

Ref: Engadget, GSM Arena