Relationships

What's New

ကောင်လေးတွေ သည်းမခံနိုင်ဆုံးအရာ

“ဒီမိန်းမဆူညံပူညံနဲ့ကွာ…ထလုပ်လိုက်ရ” “ငါတော့ပွားတာမခံနိုင်တော့ဘူးဟေ စိတ်ညစ်တယ်” “ကျောပူတာခံနိုင်တယ် နားပူမခံနိုင်ဘူး” ဒီလိုအသံတွေက ပူညံပူညံလုပ်တတ်တဲ့သူတွေရဲ့ ဒဏ်ကိုခံရတဲ့ အသံတွေပါ။ ဘေးနားကနေ တောင်းဆိုချက်တစ်ခုခုကို တတွတ်တွတ်ပြောနေတတ်ခြင်း အကြောင်းအရာတစ်ခုခုကို နားညည်းလောက်အောင် ထပ်တလဲလဲပြောတတ်ခြင်းတွေက အချစ်ကိုဖျက်ဆီးတဲ့ အရာ ၊ အိမ်ထောင်ရေးကို ပြီးပြတ်သွားစေတဲ့အရာလို့တောင် ညွှန်းဆိုနိုင်ပါတယ်။ ဒီတော့ ပူညံပူညံလုပ်တဲ့ဒဏ်ကို မခံစားနိုင်လို့ ပြတ်စဲရတာမျိုး မဖြစ်ရလေအောင် ဘာတွေလုပ်သင့်လဲဆိုတာ မျှဝေကြရအောင်။ Type မတူရင်ပြန်စဉ်းစား တချို့စုံတွဲတွေမှာ ကောင်မလေးက သွက်သွက်လက်လက် ကောင်လေးကအးတိအေးစက်သမားဆိုရင် နားပူတာနဲ့တင် ပြတ်စဲသွားနိုင်ပါတယ်။ ဟိုလိုလုပ်လေ ဒီလိုလုပ်လေနဲ့ အမြဲတတွတ်တွတ်ပြောတတ်သူဆိုရင် ယောင်္ကျားလေးဘက်ကနားလည်မှုအကြီးကြီး အချစ်စိတ်အလျှံပယ်ရှိနေပါမှ အဆင်ပြေပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ်နဲ့ Type မတူသူကို ချစ်ခွင့်မပန်တာကောင်းပါတယ်။ အကြောင်းရင်းရှာပါ ဘေးကနေ ပူညံပူညံလုပ်တယ်ဆိုတာ […]

အချစ်စစ်နဲ့ တွေ့လာရင် ဒါတွေဖြစ်လာတယ်

အချစ်ဆိုတဲ့ သေမင်းတမန်ဆီမှာ လည်စင်းခံကြတဲ့ လူသားတွေကလည်း ဒုနဲ့ဒေး။ ကံမကောင်းရင်တော့ အချစ်ဆိုတာ အပြုံးမျက်နှာဖုံးကို စွပ်ပြီးတော့ အငိုမျက်လုံးကို ဖုံးကွယ်တတ်တဲ့ မျက်နှာတစ်စုံနဲ့လည်း တူနေပြန်ပါတယ်။ အချစ်ဆိုတဲ့ကျောင်းတော်ကြီးထဲမှာ ဘွဲ့ရပညာတတ်တွေ အရမ်းရှားတယ်။ အထာမနပ်တဲ့လူငယ်တိုင်း စာမေးပွဲတွေ ခဏခဏကျတတ်တယ်။ လူတစ်ယောက်ကို တကယ်ချစ်မိရင် အတားအဆီးတွေ၊ အန္တရာယ်တွေဆိုတာ ဘာမှမမြင်တော့ဘူး။ ၁။ သံသယမပါတဲ့အချစ်တွေနဲ့ ထွေးပွေ့တယ်။ လူတစ်ယောက်ကို တကယ်ချစ်သွားရင် ယုံကြည်ချက်တွေပါ အလိုလိုကပ်ပါလာတာ။ အခြားတစ်ယောက်နဲ့ နောက်ကွယ်မှာ ခြေရှုပ်နေမှာကိုလည်း တွေးမပူတော့ဘူး။ သစ္စာဖောက်မှာကို၊ အသစ်ရှာသွားမှာကို တွေးမပူတော့ဘူး။ သံသယမပါတဲ့အချစ်မျိုးနဲ့ တစ်သက်လုံးထွေးပွေ့ထားချင်တာ။ ချိန်းတွေ့တဲ့အခါမှာ သူအချိန်နောက်ကျတာကို ရထားဘီးများပေါက်လို့လားဆိုပြီး ကြံဖန်နားလည်ပေးကြတာ။ ၂။ ဆုံးရှုံးရမှာကို သေမလောက်ကြောက်တယ်။ ချစ်သူခြင်း လွမ်းရတဲ့ဝေဒနာဟာ ချိုမြိန်တဲ့ဒုက္ခလို့ […]

ကတ္တီပါလမ်းခွဲ ဖြစ်စေဖို့

သူနဲ့ကိုယ် ချစ်ခဲ့ကြ တွဲခဲ့ကြတာဟုတ်ပေမယ့် တစ်သက်လုံးလက်တွဲသွားပါမယ်လို့ ဘယ်သူမှအာမ မခံနိုင်ပါဘူး။ အချိန်တစ်ခုအရောက်မှာ လက်ပြနှုတ်ဆက်ရတာမျိုးတွေရှိလာတတ်ပါတယ်။ ဒီလိုနှုတ်ဆက်ချိန်မျိုးမှာ အမုန်းတရားမဖက်တဲ့ တစ်ဖက်လူကို မထိခိုက်တဲ့ လမ်းခွဲခြင်းဖြစ်စေဖို့ ဒါတွေကို သတိထားပါ။ မျက်နှာချင်းဆိုင်ပါ ကိုယ်တွေက ၃ နဲ့ ၄ လိုကျောချင်းကပ် လမ်းခွဲမယ်ဆိုပေမယ့်  နှုတ်ဆက်စကားကိုတော့ မျက်နှာချင်းဆိုင်ပြောရပါမယ်။ ဖုန်းကနေ ၊ မက်ဆေ့ခ်ျကနေ ၊ Facebook ပေါ်ကနေ လမ်းခွဲစကားပြောတာမျိုးကို လုံးဝမလုပ်သင့်ပါဘူး။ အရိုးသားဆုံးပြောပါ လမ်းခွဲစကားပြောမယ်ဆိုရင် မလိမ်ပါနဲ့။ ဘာကြောင့်လမ်းခွဲရပါတယ်ဆိုတာကို အရိုးသားဆုံးပြောပါ။ ငြီးငွေ့ရင် ငြီးငွေ့တယ်လို့ပြောပါ။ မဖြစ်နိုင်တဲ့ အကြောင်းပြချက်နဲ့ တစ်ဖက်လူကိုမျှော်လင့်ချက်ပေးတာမျိုး မလုပ်သင့်ပါဘူး။ ဘာမှန်းမသိ လမ်းခွဲပေးလိုက်ရတဲ့အနေအထားမျိုးကတော့ ယဉ်ကျေးမှုမရှိရာ ကျလွန်းပါတယ်။  ကျေးဇူးတင်ပေးပါ ဘယ်လောက်ဆိုးရွားတဲ့ ချစ်သူဖြစ်ဖြစ် […]

ချစ်သူရှေ့အီးပေါက်ဖို့ မရှက်သူတွေက အချစ်ရေးပိုခိုင်မြဲကြ

ချစ်သူရှေ့မှာဆို လူတော်တော်များများက သပ်ရပ်ကြော့မော့ သားနားနေတဲ့ပုံစံကိုပဲပြချင်ကြပါတယ်။ အဲလိုမဟုတ်ပါဘဲ အီးပေါက်တဲ့ကိစ္စလိုမျိုး ကိုယ့်ရဲ့အမူအကျင့်တွေကို ပွင့်ပွင့်လင်းလင်းချပြရဲသူတွေအနေနဲ့ အားသာချက်တွေရှိပြန်ပါတယ်။ ချစ်သူရှေ့အီးပေါက်တတ်သူတွေ အချစ်ရေးပိုခိုင်မြဲတယ်ဆိုတာက လျှောက်ရေးတာမဟုတ်ပါဘူး။  Forks,Knives and Spoons ၊ Naked Parenting စတဲ့ မိသားစုစိတ်ပညာစာအုပ်တွေကို ရေးသားသူ အမေရိကန်စာရေးဆရာမ Leah Decesare က သေသေချာချာ စစ်တမ်းကောက်လေ့လာပြီး ရေးသားခဲ့တာပါ။ သူမက ဒီအကြောင်းကို Naked Parenting ဆိုတဲ့စာအုပ်ထဲမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ “ခင်ပွန်းရှေ့ ချစ်သူရှေ့မှာ အီးပေါက်ရဲသူတွေဟာ ပွင့်လင်းသူတွေ ဟာသဥာဏ်ရှိသူတွေ ပြေလွယ်ပျောက်လွယ်သမားတွေ ဖြစ်တတ်ကြပါတယ်။ ပြီးတော့ သူနဲ့ကိုယ့်ရဲ့အချစ်ရေးအပေါ်ကိုလည်း လုံးဝယုံကြည်မှုရှိသူတွေဖြစ်ပါတယ်။ အီးပေါက်တယ်ဆိုတာကလည်း ရယ်တာ ငိုတာလိုပဲ လူတစ်ယောက်ရဲ့ သဘာဝတရား သမားရိုးကျအနေအထားဖြစ်ပါတယ်။ […]

ဟရောင်…သားကြီး (သင့် သူငယ်ချင်းဟာ ဘယ်လို သားကြီး မျိုးလဲ?)

ဟရောင်…သားကြီး (သင့် သူငယ်ချင်းဟာ ဘယ်လို သားကြီး မျိုးလဲ?) “ဟရောင်…သားကြီး”။ ကျနော်တို့တွေ အရမ်းခင်တဲ့ သူငယ်ချင်းတွေ၊ ဘော်ဒါတွေကို ခေါ်ရင် အသုံးဖြစ်ဆုံးနာမည် တစ်ခုဆိုရင် မှားမယ်မထင်ပါဘူး။[ မိန်းကလေးတွေကတော့ သူတို့အချင်းချင်း ဘာလို့ သမီးကြီးလို့မခေါ်ကြလဲမသိရ ] 😉 ။ ဟရောင်…သားကြီး လို့ခေါ်ရတာ ခေါ်လို့လဲ ကောင်းသလို ပိုပြီးခင်မင်ရာရောက်တယ်လို့ ယူဆကြလို့ ကျနော်တို့တွေ ခေါ်ဖြစ်နေကြတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သားကြီးချင်းတောင် ကွာကြသေးသဗျို့။ သားကြီး တွေက တစ်ယောက်တစ်မျိုးတွေကလား။ အဲဒီလို သားကြီး တွေထဲမှာမှ ကျနော်တို့ ပတ်ဝန်းကျင်တွေမှာ အတွေ့ရဆုံး သားကြီးပုံစံတွေကို အပျော်သဘော စာရင်း ပြုစုရေးသားထားတာ ဖြစ်ပါတယ်။ သင်ဟာ ဘယ်လို […]

ဘယ်ပန်းချီရေးလို့မမီ

မိခင်မေတ္တာဘွဲ့သီချင်းတွေ ပေါများလှပေမယ့် ဖခင်မေတ္တာကို ဖွဲ့ဆိုကြတဲ့သူတွေ ရှားလွန်းလို့ မိခင်မေတ္တာသာ ကြီးမားတယ်လို့ ထင်မှတ်ရပါတယ်။ သားသမီးတွေအတွက်ဆိုရင် မိခင်ထက် မသာရင်သာနေမယ်၊ မလျော့တဲ့အချစ်တွေနဲ့ ပေးဆပ်နေတဲ့ ဖခင်တွေ။ ဒီသားမယား စားသောက်ဖို့အတွက် ရောင်းဝယ်ဖောက်ကားသွားလာရင်းနဲ့ ရေနစ်ပြီးသေတဲ့ အဖေ့ကျေးဇူး၊ ကားမှောက်ပြီးသေတဲ့ အဖေ့ကျေးဇူး ဘာနဲ့သွားပြမလဲဗျာ၊ ဒီသားမယား စားသောက်ဖို့အတွက် တောထဲမှာ နွားနဲ့ဖက်ရုန်း မြွေကိုက်ပြီးသေတဲ့ အဖေ့ကျေးဇူး ဘာနဲ့သွားပြမလဲဗျာ၊ ဒီသားမယား စားသောက်ဖို့အတွက် ထန်းတက်ပြီး ထန်းပင်ပေါ်က ပြုတ်ကျ ပွဲချင်းပြီးသေတဲ့ အဖေ့ကျေးဇူး ဘာနဲ့သွားပြမလဲဗျာ။ တကယ်တော့လေ “အမိမဲ့သား ရေနည်းငါး” လို့ဆိုရင် “အဖမဲ့သား ရေခန်းငါး” ပါပဲ။ အမေဆုံးတဲ့နေ့ဟာ ပင်ညောင်ညိုလဲပြိုတဲ့နေ့ဆိုရင် အဖေဆုံးတဲ့နေ့ဟာလည်း ရွှေမြင့်မိုရ်လဲပြိုတဲ့နေပါပဲ။ ဖခင်ဆိုတာ သားသမီးတွေကို […]

“သင့်ရဲ့ ချစ်သူဟာ Online ပေါ်မှာ ခြေရှုပ်နေပြီလား”

မိုဘိုင်းဖုန်းတွေ၊ Internet တွေ၊ Email တွေ၊ Facebook လိုမျိုး Social Media တွေဟာ ချစ်သူရည်းစားတွေအတွက်တော့ အကောင်းဆုံး ဆက်သွယ်ရေးလမ်းကြောင်းတွေပါပဲ။ ဒီလိုပါပဲ ဖောက်ပြန်တတ်တဲ့၊ ဖောက်ပြန်ချင်တဲ့သူတွေ အတွက်လည်း ဒါတွေဟာ လက်တည့်စမ်း အသုံးချစရာ နေရာတွေဖြစ်နေပြန်ပါတယ်။ သင့်ရဲ့ ချစ်သူ၊ ရည်းစားဟာ Online ပေါ်မှာ ခြေရှုပ်နေပြီလားဆိုတာ ဘယ်လိုသိနိုင်မလဲ … ဒီလို လုပ်တတ်တဲ့ သူတွေရဲ့ အမူအကျင့်တွေကို လေ့လာကြည့်ရအောင်  … Email တွေ၊ ဖုန်းခေါ်ဆိုမှုတွေ၊ Social Media ပေါ်က Notifications တွေ ဝင်လာတဲ့အခါမျိုးမှာ အရမ်းသိုသိုဝှက်ဝှက်ဖြစ်နေတတ်တယ်။ ဖုန်း၊ Email၊ Social Media Account […]

Single တွေ Valentine’s Day ကို ဒီလိုဖြတ်သန်းလိုက်ပါ

Valentine’s Day မှာ ရည်းစားမရှိလို့ စိတ်ဓာတ်မကျပါနဲ့ Single လေးတွေရေ။ World AIDS Day မှာလည်း လူတိုင်း AIDS ရှိတာမှမဟုတ်တာ။ လက်ဖက်ကောင်း စားချင်ရင်တော့ ပလောင်တောင်တက်နှေးရမယ်လေ … သိတယ်မလား။ ရည်းစားထားတယ်ဆိုတာကလည်း ဖုန်းဝယ်သလိုပဲ နောက်မှဝယ်လေ မော်ဒယ်မြင့်လေပဲ။ အဲဒီတော့ စုံတွဲတွေ နွှဲပျော်နေတဲ့ Valentine’s Day ဆိုတာကြီးကို Single တစ်ယောက်က ဘယ်လိုအကျိုးရှိရှိ ဖြတ်သန်းရမလဲဆိုတာ အလင်းပြမယ်။ လိုက်မှတ်ထားပေတော့။ ၁။ ပိုနေမြဲ ကျားနေမြဲ ဒီနှစ်မှာတော့ Valentine’s Day က အင်္ဂါနေ့ဖြစ်နေလို့ ဝန်ထမ်းတွေရော ကျောင်းသားတွေပါ ပိတ်ရက်ရမှာမဟုတ်ဖူးလေ။ Single လေးတွေက ကိုယ့်နေ့စဉ်လုပ်ငန်းတွေကို လုပ်စရာရှိတာသာ […]

အမျိုးသမီးတွေအနေနဲ့ ဗယ်လင်တိုင်းဒေးမှာအချစ်ထက် အစားအသောက်ကို ပိုအလေးထား

ဗယ်လင်တိုင်းဒေးနေ့မှာ အမျိုးသမီး ၇၅ ရာခိုင်နှုန်းက အစားအသောက်ကို ပိုအလေးထားတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ အမျိုးသမီးတွေဟာ အဲဒီနေ့မှာ Romantic ဖြစ်လွန်းတဲ့လက်ဆောင်တွေနဲ့ ချစ်ဖို့ကြိုက်ဖို့တွေထက် အရသာရှိတဲ့နေ့လယ်စာ ညစာတွေကိုသာ ပိုမိုမက်မောကြတယ်လို့ ဆိုပါတယ်။ နောက်ထပ်လေ့လာချက်တစ်ခုအရ အမျိုးသမီးတစ်ထောင်မှာ ၄၄ ရာခိုင်နှုန်းက Body လှတဲ့အမျိုးသားတွေထက် ဟင်းချက်တော်တဲ့အမျိုးသားတွေနဲ့ပဲ ဒိတ်လုပ်ချင်ကြတယ်လို့ပြောကြပါတယ်။ ဒီဘက်ခေတ်မှာတော့ Sexy လည်းကျ ဟင်းချက်လည်းတော်တဲ့အမျိုးသားတွေကပိုပြီး ပေါ်ပြူလာဖြစ်လာကြပါတယ်။ ဗယ်လင်တိုင်းဒေးညစာထွက်စားတဲ့အခါမှာလည်း ခမ်းနားတဲ့ အပြင်အဆင်နဲ့ ဥရောပအစားအစာတွေကို အများဆုံးရွေးချယ်ကြပြီး တရုတ်စာနဲ့ ဆူရှီတွေကိုတော့ရွေးချယ်မှုနည်းတယ်လို့ သိရပါတယ်။ ဖယောင်းတိုင်ထွန်းပြီး ညစာစားရတဲ့ Idea ကိုလည်းနည်းနည်းတော့ ငြီးငွေ့လာကြပြီဆိုတာ ကိုသတင်းပါးလိုက်ရပါတယ်။ Ref # sheknows ဂျူဂျူး (အခရာ) www.akhayar.com

ဒီလိုပုံစံရှိတဲ့ မိန်းကလေးတွေက ချစ်သူဝိုင်းနေတတ်ကြတယ်ဆိုပဲ

တချို့ တချို့သော မိန်းကလေးတွေက မှုန်နေအောင်ချောတာမျိုးလည်းမဟုတ် Sexy ကျလွန်းနေတာမျိုး လည်းမဟုတ်ဘဲ သူ့ကိုသဘောကျသူတွေ ဝိုင်းနေတတ်ကြပါတယ်။ သူတို့မှာ ဘယ်လို အချက်တွေရှိနေသလဲ ဘာလို့ယောင်္ကျားလေးတွေကို ဖမ်းစားနိုင်ရတာလဲဆိုတော့…. ၁) ပရဟိတသူရဲကောင်းမလေး အတ္တမကြီးဘဲ အများကောင်းဖို့ဦးစားပေးတတ်သူလေးတွေကို ကောင်လေးတွေက သိပ်သဘောကျဆိုပဲ။ ပရဟိတစိတ်ထားပိုင်ရှင်လေးတွေဆို လေးစားမှုနဲ့အတူ ချစ်သွားတတ်ကြတယ်တဲ့နော်။ သူတို့လေးတွေဟာ ယောင်္ကျားလေးတွေရဲ့ရင်ထဲကို ဝုန်းဒိုင်းဆို ရောက်သွားတာမျိုးမဟုတ်ဘဲ တဖြည်းဖြည်း နေရာယူသွားတတ်တာမျိုး။ အဲ… ခုချက်ချင်းကြီး လမ်းမှာအမှိုက်ကောက် တံမြက်လှည်း ပရဟိတအလုပ်တွေ ထလုပ်မနေနဲ့ဦး။ နောက်တစ်ပတ်မှ စလုပ် 😛 ၂) ပွင့်လင်းတတ်သူလေး တချို့မိန်းကလေးတွေက ပွင့်ပွင့်လင်းလင်းနဲ့ ပေါင်းသင်းလို့ကောင်းတယ်။ စိတ်ကောက်တာမျိုး မရဲတရဲ အမူအရာလေးတွေလုပ်တတ်တာမျိုးမရှိဘဲ ယောင်္ကျားလေးဘော်ဒါလိုပဲ ခင်မင်စရာကောင်းတယ်လေ။ ဒီလိုမိန်းကလေးမျိုးတွေကိုလည်း ချစ်တဲ့သူများပါသတဲ့။ […]

What's Rising

အချစ်စစ်နဲ့ တွေ့လာရင် ဒါတွေဖြစ်လာတယ်

အချစ်ဆိုတဲ့ သေမင်းတမန်ဆီမှာ လည်စင်းခံကြတဲ့ လူသားတွေကလည်း ဒုနဲ့ဒေး။ ကံမကောင်းရင်တော့ အချစ်ဆိုတာ အပြုံးမျက်နှာဖုံးကို စွပ်ပြီးတော့ အငိုမျက်လုံးကို ဖုံးကွယ်တတ်တဲ့ မျက်နှာတစ်စုံနဲ့လည်း တူနေပြန်ပါတယ်။ အချစ်ဆိုတဲ့ကျောင်းတော်ကြီးထဲမှာ ဘွဲ့ရပညာတတ်တွေ အရမ်းရှားတယ်။ အထာမနပ်တဲ့လူငယ်တိုင်း စာမေးပွဲတွေ ခဏခဏကျတတ်တယ်။ လူတစ်ယောက်ကို တကယ်ချစ်မိရင် အတားအဆီးတွေ၊ အန္တရာယ်တွေဆိုတာ ဘာမှမမြင်တော့ဘူး။ ၁။ သံသယမပါတဲ့အချစ်တွေနဲ့ ထွေးပွေ့တယ်။ လူတစ်ယောက်ကို တကယ်ချစ်သွားရင် ယုံကြည်ချက်တွေပါ အလိုလိုကပ်ပါလာတာ။ အခြားတစ်ယောက်နဲ့ နောက်ကွယ်မှာ ခြေရှုပ်နေမှာကိုလည်း တွေးမပူတော့ဘူး။ သစ္စာဖောက်မှာကို၊ အသစ်ရှာသွားမှာကို တွေးမပူတော့ဘူး။ သံသယမပါတဲ့အချစ်မျိုးနဲ့ တစ်သက်လုံးထွေးပွေ့ထားချင်တာ။ ချိန်းတွေ့တဲ့အခါမှာ သူအချိန်နောက်ကျတာကို ရထားဘီးများပေါက်လို့လားဆိုပြီး ကြံဖန်နားလည်ပေးကြတာ။ ၂။ ဆုံးရှုံးရမှာကို သေမလောက်ကြောက်တယ်။ ချစ်သူခြင်း လွမ်းရတဲ့ဝေဒနာဟာ ချိုမြိန်တဲ့ဒုက္ခလို့ […]

ကောင်လေးတွေ သည်းမခံနိုင်ဆုံးအရာ

“ဒီမိန်းမဆူညံပူညံနဲ့ကွာ…ထလုပ်လိုက်ရ” “ငါတော့ပွားတာမခံနိုင်တော့ဘူးဟေ စိတ်ညစ်တယ်” “ကျောပူတာခံနိုင်တယ် နားပူမခံနိုင်ဘူး” ဒီလိုအသံတွေက ပူညံပူညံလုပ်တတ်တဲ့သူတွေရဲ့ ဒဏ်ကိုခံရတဲ့ အသံတွေပါ။ ဘေးနားကနေ တောင်းဆိုချက်တစ်ခုခုကို တတွတ်တွတ်ပြောနေတတ်ခြင်း အကြောင်းအရာတစ်ခုခုကို နားညည်းလောက်အောင် ထပ်တလဲလဲပြောတတ်ခြင်းတွေက အချစ်ကိုဖျက်ဆီးတဲ့ အရာ ၊ အိမ်ထောင်ရေးကို ပြီးပြတ်သွားစေတဲ့အရာလို့တောင် ညွှန်းဆိုနိုင်ပါတယ်။ ဒီတော့ ပူညံပူညံလုပ်တဲ့ဒဏ်ကို မခံစားနိုင်လို့ ပြတ်စဲရတာမျိုး မဖြစ်ရလေအောင် ဘာတွေလုပ်သင့်လဲဆိုတာ မျှဝေကြရအောင်။ Type မတူရင်ပြန်စဉ်းစား တချို့စုံတွဲတွေမှာ ကောင်မလေးက သွက်သွက်လက်လက် ကောင်လေးကအးတိအေးစက်သမားဆိုရင် နားပူတာနဲ့တင် ပြတ်စဲသွားနိုင်ပါတယ်။ ဟိုလိုလုပ်လေ ဒီလိုလုပ်လေနဲ့ အမြဲတတွတ်တွတ်ပြောတတ်သူဆိုရင် ယောင်္ကျားလေးဘက်ကနားလည်မှုအကြီးကြီး အချစ်စိတ်အလျှံပယ်ရှိနေပါမှ အဆင်ပြေပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ်နဲ့ Type မတူသူကို ချစ်ခွင့်မပန်တာကောင်းပါတယ်။ အကြောင်းရင်းရှာပါ ဘေးကနေ ပူညံပူညံလုပ်တယ်ဆိုတာ […]

What's Hot

သမီးရည်းစားတွေအတွက် ရန်ဖြစ်ခြင်းရဲ့ကောင်းကျိုးများ

သမီးရည်းစားဘဝမှာ ရန်တကျက်ကျက်ဖြစ်နေလို့များ ငါတို့တွေလက်ထပ်လို့ဖြစ်ပါ့မလား မတွေးလေနဲ့။ ရန်ဖြစ်နေကျ အတွဲတွေက အိမ်ထောင်ပိုခိုင်မြဲသလို ကျန်းမာရေးလည်းကောင်းစေတယ်တဲ့နော်။ ဘာကြောင့် ဘယ်လိုဆိုတာကို ဒီမှာသက်သေသာဓက အပြည့်အစုံနဲ့ဖတ်ကြည့်ပါဦးနော်။ နားလည်မှုတိုးတယ် “ ဟိုနေ့က နင့်အချိုးက ဘယ်လိုလေ…ငါ အဲလိုအချိုးမျိုး လုံးဝမကြိုက်ဘူး…ဆူလိုက်ရင် ရုပ်ကတမျိုး’’ အဲ …အတွဲတွေကြား အဲလိုလေးတွေ ကြားရလို့ စိတ်မပျက်မိစေနဲ့။ ဒီလို ကိုယ်ကြိုက်တာ မကြိုက်တာကို အော်ဟစ်ပြောဆိုပြီး ရန်ဖြစ်တဲ့အခါ သူဘာမကြိုက်ဘူးလဲ ကိုယ်ဘာမနှစ်သက်ဘူးလဲ ပွင့်ပွင့်လင်းလင်းသိလာရပါတယ်။ ဘာဖြစ်မှန်းမသိ စိတ်ကောက်သွား ဘာဖြစ်မှန်းမသိဘဲ စိတ်တိုသွားတဲ့ ချစ်သူတွေဟာ တကယ့်တကယ်တမ်းကျတော မကျေနပ်ချက်ကိုဖွင့်မပြောဘဲ ရင်ထဲမှာအစိုင်အခဲကြီးလာပြီး နောက်ဆုံးပြတ်တဲ့အဆင့်ရောက်သွားပါတော့တယ်။ သမီးရည်းစား ဘဝမှာရန်တကျက်ကျက်ဖြစ်သူတွေက နားလည်မှုတွေ သည်းခံမှုတွေနဲ့ အသားကျလာပြီး အိမ်ထောင်လည်းကျသွားရော အရမ်းအဆင်ပြေအေးချမ်းနေကြတာ အမှန်ချည်းပါ။ […]

ချစ်သူရှေ့အီးပေါက်ဖို့ မရှက်သူတွေက အချစ်ရေးပိုခိုင်မြဲကြ

ချစ်သူရှေ့မှာဆို လူတော်တော်များများက သပ်ရပ်ကြော့မော့ သားနားနေတဲ့ပုံစံကိုပဲပြချင်ကြပါတယ်။ အဲလိုမဟုတ်ပါဘဲ အီးပေါက်တဲ့ကိစ္စလိုမျိုး ကိုယ့်ရဲ့အမူအကျင့်တွေကို ပွင့်ပွင့်လင်းလင်းချပြရဲသူတွေအနေနဲ့ အားသာချက်တွေရှိပြန်ပါတယ်။ ချစ်သူရှေ့အီးပေါက်တတ်သူတွေ အချစ်ရေးပိုခိုင်မြဲတယ်ဆိုတာက လျှောက်ရေးတာမဟုတ်ပါဘူး။  Forks,Knives and Spoons ၊ Naked Parenting စတဲ့ မိသားစုစိတ်ပညာစာအုပ်တွေကို ရေးသားသူ အမေရိကန်စာရေးဆရာမ Leah Decesare က သေသေချာချာ စစ်တမ်းကောက်လေ့လာပြီး ရေးသားခဲ့တာပါ။ သူမက ဒီအကြောင်းကို Naked Parenting ဆိုတဲ့စာအုပ်ထဲမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ “ခင်ပွန်းရှေ့ ချစ်သူရှေ့မှာ အီးပေါက်ရဲသူတွေဟာ ပွင့်လင်းသူတွေ ဟာသဥာဏ်ရှိသူတွေ ပြေလွယ်ပျောက်လွယ်သမားတွေ ဖြစ်တတ်ကြပါတယ်။ ပြီးတော့ သူနဲ့ကိုယ့်ရဲ့အချစ်ရေးအပေါ်ကိုလည်း လုံးဝယုံကြည်မှုရှိသူတွေဖြစ်ပါတယ်။ အီးပေါက်တယ်ဆိုတာကလည်း ရယ်တာ ငိုတာလိုပဲ လူတစ်ယောက်ရဲ့ သဘာဝတရား သမားရိုးကျအနေအထားဖြစ်ပါတယ်။ […]

အပျော်တွဲတာလား ၊ တကယ်လက်ထပ်မှာလားဆိုတာ ဒီအချက်တွေနဲ့ ဆုံးဖြတ်ပါ

ဒီနေ့ခေတ်တွင် ရည်းစားကို ယုံမှတ်၍ပုံအပ်ကာ အသွေးအသားကို ပေးဆပ်လိုက်ရပြီး ဘဝပျက်သွားကြတဲ့ မိန်းမပျိုများစွာ ရှိပါတယ်။ ပျားရည်ဆမ်းတဲ့ စကားလုံးတို့ရဲ့နောက်ကွယ်မှာ တပ်မက်မှုရမက်တဏှာမီးတွေကြောင့် ဘဝပန်းအလှကြွေလွင့်သွားရရှာတဲ့ မိန်းကလေးတွေအတွက် မီးငယ်တို့အသိကြွယ်စေဖို့ ဤဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။ လက်ရှိတွဲနေတဲ့ရည်စားဟာ   အပျော်တမ်းတွဲနေတာလား၊ တကယ်လက်ထပ်ဖို့ ရည်ရွယ်ထားလား ထင်ရှားစေတဲ့ အချက် (၁၁) ချက်ကို သတိပြုမိဖွယ် ဖော်ပြလိုက်ပါတယ်။ ၁။ ကောင်လေးဟာ အနာဂတ်အတွက် ပြင်ဆင်နေမယ်။ တကယ်လက်ထက်ဖို့အထိ ရည်ရွယ်ထားတဲ့ ကောင်လေးဟာ ရည်းစားဖြစ်တဲ့အချိန်ကနေစပြီး အနာဂတ်မှာ ဘာတွေလုပ်မယ် ၊  ဘယ်လို ဆောက်တည်မယ် ၊ အိမ်ထောင်ပြုပြီးရင် ဘယ်လိုအသက်မွေးဝမ်းကြောင်းပြုမယ်ကအစ ကြိုတင်ပြင်ဆင်ထားလေ့ရှိပါတယ်။ ကိုယ့်ရည်းစားဟာ ယခုအချိန်ထိ သင်တို့နှစ်ယောက်အနာဂတ်အတွက် ဘာမှပြင်ဆင်ထားခြင်းမရှိသေးတာကို လေ့လာခြင်းဖြင့် ကိုယ့်ကိုယခုအချိန်ထိ လက်ထပ်ဖို့ရည်ရွယ်ချက်မရှိသေးတာကို […]

အသည်းကွဲနေတယ်ဆိုရင် ဒီစာကို ဖတ်ဖြစ်အောင် ဖတ်ပါ။

“ဘယ်သူကယ်နိုင်မလဲ၊ အသည်းကွဲတဲ့ ရောဂါ လွယ်လွယ်နဲ့လည်း မပျောက်ပါ” ဆိုတဲ့ သီချင်းလေး ကြားဖူးမှာပေါ့။ ဟုတ်ပါတယ် အသည်းကွဲတဲ့ ရောဂါဟာ ကုရခက်ပါတယ်၊ ဘယ်သူမှလည်း တကယ်ဝင်မကယ်နိုင်ပါဘူး။ ကိုယ့်ဘာသာပဲ ပြန်ကယ်ရမှာပါ။ ကဲ! အဲဒီတော့ အသည်းကွဲတာကို ဘယ်လို ကုမလဲ၊ ဘယ်လို ကျော်ဖြတ်ရမလဲ၊ ဘယ်လို မြန်မြန်သက်သာအောင် လုပ်မလဲ ဆိုတဲ့ နည်းလမ်းတွေကို အခရာပရိသတ်ကြီးကို ပြောပြချင်ပါတယ်။ ၁) ကိုယ်တစ်ယောက်တည်းလို့ မတွေးပါနဲ့။ သုတေသနပြုမှုတွေ အရ အရွယ်ရောက်ပြီးသား လူ ၁၀၀မှာ ၉၅ရာခိုင်နှုန်းက အသည်းကွဲဖူးပါတယ်တဲ့၊ ဘယ်သူမှ မရှောင်လွဲနိုင်ကြဘူးဆိုတဲ့ သဘောပေါ့။ ဘယ်လောက်ချောချောလှလှ၊ ပိုက်ဆံဘယ်လောက်ရှိရှိ အချစ်နဲ့ ပက်သက်ရင်တော့ ရှုံးနိမ့်ဖူးကြပါတယ်။ Selena Gomez […]

သူငယ်ချင်းကောင်း လိုချင်ရင် ဒီလိုစိတ်လေး မွေးမြူပါ

သူငယ်ချင်းကောင်းဆိုတာ ဘဝမှာပျော်ပျော်ရွှင်ရွှင်နေစေဖို့ အဓိကပါဝင်ပေးတာ ဖြစ်ပါတယ်။ အပေါင်းအသင်းဆိုတာ ရုပ်ချောတာတွေ ၊ပိုက်ဆံရှိတာတွေနဲ့ တိုက်ရိုက်အချိုးမကျပါဘူး။ သူငယ်ချင်းကောင်းရှိတာဟာ ဘဝမှာ ဆုလာဘ်တစ်ခုလို့ ဆိုချင်ပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာ (၁ဝ)ချက်ဟာ သူငယ်ချင်းကောင်းရရှိစေဖို့ အရေးကြီးဆုံး အချက်များပဲ ဖြစ်ပါတယ်။ (၁) ခွင့်လွှတ်ခြင်း လူတိုင်းဟာ အမှားမကင်းဘူးဆိုတဲ့ ဆိုရိုးစကားအတိုင်း ကိုယ့်အပေါ်အမှားတစ်ခု ကျူးလွန်လာခဲ့ရင် ခွင့်လွှတ်လိုက်ပါ။ အချစ်ဆုံးသူငယ်ချင်းဟာ ကိုယ့်အပေါ်အမှားတစ်ခု ကျူးလွန်ခဲ့သည့်တိုင် တောင်းပန်လာခဲ့ရင် ကျောခိုင်းမသွားဘဲ ခွင့်လွှတ်ပေးသင့်ပါတယ်။ (၂) ယုံကြည်အားကိုးခြင်း ယုံကြည်အားကိုးတယ်ဆိုတာ သူငယ်ချင်းကောင်းတွေရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ အဝေးမှာရှိနေတဲ့ သူငယ်ချင်းကို အားကိုးတကြီးခေါ်လိုက်လို့ ချက်ချင်းရောက်လာခဲ့တာဟာ ကိုယ့်အတွက် ခွန်အားတစ်ခုကို ဖြစ်စေပါတယ်။ (၃) စာနာစိတ်ထားပါ တကယ်လို့များ သူငယ်ချင်းကောင်းတစ်ယောက်ကို […]