Knowledge

What's New

သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ဘဏ်ဓားပြမှုကြီးများ

ဗဟိုဘဏ်ဖောက်ထွင်းမှု (Banco Central Burglary) ဘရာဇီးနိုင်ငံ ဆီရာပြည်နယ် (Ceará) ဖော်တလေးဇာမြို့ (Fortaleza) မှာရှိတဲ့ Banco Central ဗဟိုဘဏ်ဟာ ၂ဝဝ၅ခုနှစ် သြဂုတ်လ ၅ရက် (စနေနေ့) မှာ ဖော်ထွင်းခံလိုက်ရပါတယ်။ တကယ်တော့ ဖောက်ထွင်းရေးသမားတွေဟာ ဘဏ်နဲ့အနီးနားမှာ အိမ်ငှားပြီးတော့ ဥယျာဉ်ခြံကုမ္ပဏီဟန်ဆောင်ကာ ဥမင်လိုဏ်ခေါင်းတူးနေခဲ့တာပါ။ ဖောက်ထွင်းရေးသမားတွေဟာ ၃လလောက်ကြိုတင်ပြီး ဘဏ်ရဲ့အောက်ခြေကိုရောက်အောင် ၂၅၆ပေနီးပါး တွင်းတူးခဲ့ပါတယ်။ ဘဏ်တိုက်ရဲ့အောက်ခြေကိုရောက်တာနဲ့ အင်္ဂတေကိုခွာပြီး ဘရာဇီးငွေပေါင်း သန်း၁၆ဝ (အမေရိကန်ဒေါ်လာ ၇၁.၆သန်းခန့်) ပါသွားခဲ့ပြီး ဘရာဇီးသမိုင်းမှာ အဆိုးဝါးဆုံးဘဏ်ဖောက်ထွင်းမှုကြီး ဖြစ်လာခဲ့ပါတယ်။ ဘဏ်ပိတ်ရက် (စနေနေ့) မှာ ဖောက်သွားလို့ ချက်ချင်းမသိဘဲ တနင်္လာနေ့မှသာ သိခဲ့ရပါတယ်။ နောက်ပိုင်းမှာ တရားခံတချို့ကို ဖမ်းမိခဲ့ပေမယ့် […]

မော်ရင်ဟို၏ဖခင် ကွယ်လွန်သွားပြီ

မော်ရင်ဟို၏ဖခင် ကွယ်လွန်သွားပြီ မန်ချက်စတာယူနိုက်တက်အသင်းရဲ့မန်နေဂျာ မော်ရင်ဟိုဟာ မနေ့က ကွယ်လွန်ခဲ့ပါပြီ။ မော်ရင်ဟိုဟာ သူ့အဖေနဲ့ကလေးဘဝက ရိုက်ထားခဲ့တဲ့အဖြူ၊ အမည်းဓါတ်ပုံလေးကို Instagram မှာတင်ထားခဲ့ပါတယ်။ သူရဲ့အဖေ Jose Manuel Mourinho Felix ဟာ ဂိုးသမားအဖြစ် Vitoria Setubal နဲ့ Belenenses  အသင်းတွေမှာ ကစားပွဲ ၂၅၀ ကျော်ပါဝင်ကစားခဲ့တဲ့သူဖြစ်ပြီး ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း ၁ ပွဲပါဝင်ကစားခဲ့ဖူးပါတယ်။ နည်းပြအဖြစ်နဲ့ နှစ် ၂၀ လောက် ကျင်လည်ခဲ့တဲ့အပြင် စုစုပေါင်း အလယ်အလတ်အသင်း ၁၁ သင်းလောက်ကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ Jose Manuel Mourinho Felix ရဲ့ ကိုယ်ရေးအကျဉ်း အမည်ရင်း – Jose Manuel […]

အသက် ၁၀၀ ပြည့်မှ ထောင်ကနေ လွတ်လာတဲ့ မာဖီးယားခေါင်းဆောင်ကြီး

အသက် ၁၀၀ ပြည့်မှ ထောင်ကနေ လွတ်လာတဲ့ မာဖီးယားခေါင်းဆောင်ကြီး ကိုလမ်ဘို ဒုစရိုက်မိသားစုရဲ့ နာမည်ကျော်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ John “Sonny” Franzese ဟာ  အသက် ၁၀၀ ရောက်မှ မန်ဆာချူးဆက်ပြည်နယ်ထောင်ဆေးရုံကနေ လွတ်မြောက်ခဲ့ရပါတယ်။ အမေရိကန် ရဲ့ ဖက်ဒရယ်အကျဉ်းထောင်ထဲမှာ ဘဝအချိန်တော်တော်များများကို ကုန်ဆုံးခဲ့သူလည်းဖြစ်ပြီး အခုဆိုရင် ဖက်ဒရယ်အကျဉ်းထောင်တွေကနေလွတ်လာတဲ့ အကျဉ်းသားတွေထဲမှာလည်း အသက်အကြီးဆုံးအဖြစ် မှတ် တမ်းဝင်သွားပါပြီ။ ကိုလမ်ဘို ဒုစရိုက်မိသားစုဆိုတာက အမေရိကန်မာဖီးယားမိသားစုကြီး ငါးခုထဲက တစ်ခုဖြစ်ပါတယ်။ ၁၉၂၈ ခုနှစ်ဒီဇင်ဘာလ ၅ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ပထမဆုံးခေါင်းဆောင်ကတော့ Joseph Colombo ဖြစ်ပါတယ်။ Colombo ရဲ့ရာထူးသတ်မှတ်ချက်အရဆိုရင် Franzese ဟာ အဆင့်ဟာ “Underboss” […]

ပြောင်းရွှေ့ခွင့်အတွက် အသင်းကိုဖိအားပေးခဲ့ရသူများ

ဘောလုံးလောကမှာ အသင်းကလက်မလွှတ်ချင်ပေမယ့် ကာယကံရှင်ကိုယ်တိုင်က အသင်းကိုစွန့်ခွာချင်ပြီး မဖြစ်မနေ ဆန္ဒပြဖိအားပေးခဲ့ရတဲ့ ကစားသမားတွေရှိပါတယ်။ စတားလင်း၊ ပါယက်၊ ရှနိုက်ဒါလင် အစရှိတဲ့ကစားသမားတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ မိမိတို့ရဲ့အသင်းဟောင်းကိုယ်စီမှာ အသင်းသစ်ကိုပြောင်းရွှေ့ခွင့်ရဖို့ ဖိအားပေးခဲ့ကြသူတွေဖြစ်ပါတယ်။ အသင်းပြောင်းခွင့်မရတာကြောင့် ကစားသမားအနေနဲ့ လေ့ကျင့်ရေးကွင်းကို ပျက်ကွက်တာ၊ ကစားပွဲအပေါ်အာရုံမစိုက်တော့တာအပြင် အသင်းအတွက် မကစားပေးချင်တော့တာတွေဖြစ်ပြီး အသင်းအတွက် ကောင်းဖို့မဖြစ်နိုင်တာကြောင့် နောက်ဆုံးမှာ အသင်းက လက်လွှတ်လိုက်ရတာချည်းပါပဲ။ လတ်တလောမှာလည်း ဆောက်သင်သမ်နောက်ခံလူ ဗန်ဒိဂ်ျခ် ဟာ လီဗာပူးလ်ကို ပြောင်းရွှေ့ခွင့်ရဖို့ အသင်းကိုဖိအားပေးနေတယ်လို့ သိရပါတယ်။ ပြောခဲ့ပြီးသလိုပဲ ဒီလို အပြောင်းအရွှေ့အတွက် အသင်းကိုဖိအားပေးသူတွေထဲမှာ ဗန်ဒိဂ်ျခ် က ပထမဆုံးတော့ မဟုတ်တာသေချာပါတယ်။ ၁၀။ မော်ဂန်ရှနိုက်ဒါလင် (Morgan Schneiderlin) ၂၀၁၄ ခုနှစ်မှာ ဆောက်သင်သမ်အသင်းနဲ့ […]

ချဲလ်ဆီးမှာ အပယ်ခံဘဝကနေ တခြားအသင်းမှာ တောက်ပလာတဲ့ ကစားသမားများ

ပေါင် ၃၉ သန်းနဲ့ ရိုးမားကနေ လီဗာပူးလ်ကို ရောက်ရှိခဲ့တဲ့နောက် မိုဟာမတ်ဆာလာ (Mohamed Salah ) တခြားတစ်နေရာရာမှာ တောက်ပြောင်လာခဲ့တဲ့ ချယ်လ်ဆီးရဲ့ အပယ်ခံကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်လာပါတယ်။ ချယ်လ်ဆီးဟာ ဆာလာကို ၂၀၁၅ ခုနှစ်တုန်းက ပေါင် ၁၆ သန်းနဲ့ရောင်းချခဲ့တာပါ။ ဒီကစားသမားဟာ ပရီးမီးယားလိဂ်ကာလတိုမှာ ထင်သလောက်ချယ်လ်ဆီးအတွက် ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် စီးရီးအေမှာတော့ ခြေစွမ်းတွေ ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုချယ်လ်ဆီးမှာရုန်းကန်ခဲ့ရပြီး အခြားအသင်းမှာအောင်မြင်တဲ့ကစားသမားတွေထဲမှာ ဆာလာက ပထမဆုံးတော့ မဟုတ်ပါဘူး။ ဆာလာအပါအဝင် စတန်းဖို့ဒ်ဘရစ်ခ်ျ မှာ ကျရှုံးပြီး အခြားနေရာရောက်သွားချိန်မှာ အောင်မြင်မှုရရှိခဲ့တဲ့ ကစားသမား ၁၀ ယောက်ကို Daily Mail အခုလိုဖော်ပြသွားခဲ့ပါတယ်။   ကယ်ဗင် ဒီဘရွန်း […]

“The World’s Ugliest Dog – ကမ္ဘာ့ရုပ်အဆိုးဆုံးခွေး” ဆုရတဲ့ Martha

[Zawgyi] အမေရိကန်နိုင်ငံ ကယ်လီဖိုနီးယားပြည်နယ် (California) ပီတာလူမာမြို့ (Petaluma) မှာ ကျင်းပတဲ့  Sonoma-Marin Fair ရဲ့ “The World’s Ugliest Dog – ကမ္ဘာ့ရုပ်အဆိုးဆုံးခွေး” ပြိုင်ပွဲမှာ ကမ္ဘာအရပ်ရပ်ကနေ ရုပ်အဆိုးတကာ အဆိုးဆုံးခွေး၁၃ကောင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရုပ်ဆိုးတဲ့ပြိုင်ပွဲမှာ သရဖူဆောင်းသွားတာက Martha ဆိုတဲ့ခွေးကြီးဖြစ်ပါတယ်။ Martha ဟာ Neapolitan Mastiff ဆိုတဲ့ အီတလီခွေးဘီလူးအမျိုးအစားဖြစ်ပြီးတော့ ၁၂၅ပေါင်တောင်ရှိပါတယ်။ မျက်လုံးမွဲနေပြီးတော့ မျက်ထောင့်လည်းနီနေတဲ့ Martha ဟာ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ရုပ်အဆိုးဆုံးဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။ ပုံဆိုးဆိုးမျက်နှာထားနဲ့ အကဲဖြတ်ဒိုင်တွေကို ဆွဲဆောင်နိုင်ရုံမက တံတွေးကျနေတဲ့ ဟန်ပန်ကလည်း ဒီဆုကို ရရှိတဲ့အကြောင်းရင်းဖြစ်လာခဲ့ပါတယ်။ Martha ဟာ […]

ကမ္ဘာပေါ်မှာနေ့လယ်စာရှယ်ကျွေးတဲ့ အကောင်းဆုံးကျောင်း ၁၀ ကျောင်း

ကလေးတွေကာယဥာဏ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့နေရာမှာ အစားအသောက်ကလည်းအရမ်းအရေးပါပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝအောင်စားသုံးရမှာ ကိုယ်ခန္ဓာကြံ့ ခိုင်မှာဖြစ်သလို ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုမှာပါ။ အသက်ကြီးလာချိန်မှာတော့ ငယ်စဉ်ကစားသောက်နေထိုင်ကြီးပြင်းလာရပုံပေါ်မူတည်ပြီး အားကစားလိုမျိုးကိုယ်ကာယသုံးရတဲ့ ကဏ္ဍတွေမှာ သိသိသာသာကွာခြားသွားတတ်ပါတယ်။ တချို့သောနိုင်ငံတွေမှာ ကလေးတွေအတွက် နေ့လယ်စာကိုကျောင်းကပြင်ဆင်ကျွေးမွေးပါတယ်။ မီရှဲလ်အိုဘားမားဆိုရင် ဒီ့အတွက်တော်တော်လေး အားစိုက်ထုတ်တာတွေ့ရပြီး လက်ရှိသမ္မတဒေါ်နယ်ထရမ့်က သူမရဲ့အစားအသောက်စည်းမျဉ်းတွေကိုလျော့ရဲစေတာကြောင့် ပြဿနာတက်ခဲ့ရပါတယ်။  တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျောင်းတွေကပြင်ဆင်ပေးတဲ့နေ့လယ်စာတွေထဲမှာမှ ဒီနှစ်အတွက်စပါယ်ရှယ်အကျဆုံး အကောင်းဆုံးကျွေးတဲ့ကျောင်း ၁၀ ကျောင်းကိုဖော်ပြရမယ်ဆိုရင်… ၁) Colorado ၊ Denver မှာရှိတဲ့ Munroe ဆိုတဲ့မူလတန်းကျောင်းလေးမှာဖြစ်ပါတယ်။ ကျောင်းဥယျာဉ်ထဲမှာ ကလေးတွေဟာသူတို့ကိုယ်တိုင် အသီးအရွက်တွေစိုက်ပျိုးရပြီး သူတို့ကိုယ်တိုင်လှီးချွတ်ပြင်ဆင်ရတာပါ။ ၂) စင်ကာပူမှာရှိတဲ့ Del Care Edu Center မှာဖြစ်ပါတယ်။ ဒီကျောင်းမှာ မနက်စာ ၊ […]

ဖုန်းတွေကို လွယ်လွယ်ကူကူ ဘယ်လိုမျိုး Hack ကြသလဲ

ဖုန်းတွေကို လွယ်လွယ်ကူကူ ဘယ်လိုမျိုး Hack ကြသလဲ လူတစ်ယောက်က သင့်ရဲ့ဖုန်းကို Hack ဖို့ဘယ်လောက်လွယ်တယ်ဆိုတာကို သိပါသလား။ သူတို့ဟာ ဖုန်းကိုလှမ်း Hack ပြီး အရှေ့ကင်မရာကနေတစ်ဆင့် သင့်ကိုမြင်နေရပါတယ်။ သင့်ဖုန်းနဲ့လုပ်သမျှအရာအားလုံးကိုလည်း သူတို့ကစောင့်ကြည့်နေလို့ရပါတယ်။ ဖုန်းတစ်လုံးကို Hack ဖို့ အလွယ်ဆုံးနည်းလမ်းနှစ်ခုရှိပါတယ်။ ပထမဆုံး iPhone လို့ပဲဆိုကြပါတော့။ သင့်ရဲ့ Passcode ကိုသိတဲ့သူတစ်ယောက်ယောက် (ဥပမာ – ချစ်သူ၊သူငယ်ချင်း၊ အစ်ကို၊ အဖေ၊ အမေ) က သင့်ကိုဖုန်းကနေတစ်ဆင့် စုံစမ်းထောက်လှမ်းမှုတွေ လုပ်လို့ရပါတယ်။ အဲ့ဒီလိုထောက်လှမ်းနိုင်အောင်လို့ အကူအညီပေးနေတဲ့ကုမ္ပဏီတွေ အွန်လိုင်းပေါ် မှာအများကြီး ရှိပါတယ်။ အဲ့ဒီထဲကနာမည်ကြီးတဲ့တစ်ခုက FelxiSPY.com ပါ။ အဲ့ဒီက ဆော့ဝ်ဝဲလ်အကူအညီနဲ့ ကိုယ်ထောက်လှမ်းချင်တဲ့ ဖုန်းရဲ့ […]

ဘီလီလျံနာကြီး Warren Buffet နေထိုင်တဲ့ ရိုးရိုးရှင်းရှင်း အိမ်ကလေး

ဘီလီလျံနာကြီး Warren Buffet နေထိုင်တဲ့ ရိုးရိုးရှင်းရှင်း အိမ်ကလေး လောကမှာ ငွေကြေးချမ်းသာတဲ့မှန်ရင် တန်ဖိုးကြီးထားပစ္စည်းတွေကိုပဲ ဝယ်သုံးကြလိမ့်မယ်လို့ လူတော်တော်များများထင်ကြပါတယ်။ ဒီအတွေးအခေါ်ဟာ အတိုင်းအတာအထက်တစ်ခုအထိမှန်ပေမယ့် တချို့တွေအတွက်တော့ မှားပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဂုရုကြီးလို့ပြောရမယ့် Warren Buffet ကတော့ ရိုးရိုးယဉ် ယဉ်နေထိုင်မှုကို နှစ်သက်တဲ့သူပါ။ သူဟာ ကမ္ဘာမှာ ဒုတိယအချမ်းသာဆုံးအထိဖြစ်ခဲ့ဖူးပြီး ၂၀၁၇ ခုနှစ်မှာတော့ ပိုင်ဆိုင်မှု ဒေါ်လာ ၈၂.၈ ဘီလီယံနဲ့ စတုတ္ထနေရာနေရာမှာ တည်ရှိနေတဲ့သူလည်းဖြစ်ပါတယ်။ Warren Buffet က ငွေကြေးချမ်းသာတယ်ဆိုပေမယ့် သူနေထိုင်တဲ့အိမ်လေးကတော့ တန်ဖိုးအများကြီးမရှိပါဘူး။ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ပိုင်ဆိုင်ထားတဲ့ Nebraska ပြည်နယ်၊ Omaha မှာတည်ရှိပါတယ်။ သူဟာ ဒီအိမ်ကို  ၁၉၅၈ ခုနှစ်တုန်းက ဒေါ်လာ […]

ကြွေးဆပ်ဖို့ လာတာလို့ တွေးကြည့်လိုက်ပါ

ဘဝမှာ နာနာကျင်ကျင်နဲ့ ရက်ပေါင်းများစွာ ထိခိုက်ခံစားနေရတဲ့ ခံစားချက်တွေရှိကြပါတယ်။ အထူးသဖြင့် မိသားစုတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေနဲ့ ကိုယ်အရမ်းမျှော်လင့်ချက်ထားထားတဲ့ကိစ္စတွေမှာ ပိုပြီး ထိရှ ခံစားကြရတယ်။ ငယ်တုန်းကဆို အမေက ကျွန်မကို မောင်လေးနဲ့ ညီမလေးလောက် မချစ်ပါလားလို့ တွေးမိတဲ့ အခါတိုင်း ဘယ်လောက်တောင် ဝမ်းနည်း ကြေကွဲရသလဲ။ အမေ့ရဲ့အချစ်နဲ့ ဦးစားပေးမှုကို ကိုယ်က လိုချင်လေ၊ မရလေ၊ အမေ့အတွက် ကျွန်မက အရေးမပါတဲ့သူဖြစ်လေ ခံစားရလေနဲ့ တကယ့်ကို ကြေကွဲစရာပဲလို့လည်း မှတ်ယူခဲ့ ဖူးတယ်။ နောက်ကိုယ်က ကိုယ့်ညီအစ်ကို မောင်နှမတွေအပေါ်မှာလည်း ကောင်းပါလျက်နဲ့ ကိုယ့်မေတ္တာနဲ့စေတနာကို စော်ကားခံရတဲ့အခါမှာလည်း ဝမ်းနည်းကြေကွဲရပြန်ရော။ ပြီးတော့ ကိုယ်က ကြိုးစားပါလျက်နဲ့ ကံတရားက မျက်နှာသာမပေးလို့ မအောင်မြင်တဲ့အခါ […]

What's Rising

အပြစ်တင်ခံလိုက်ရရင်…ဘယ်လိုတုန့်ပြန်သင့်တာလဲ

ကျွန်မအမြဲတမ်း ယုံကြည်လက်ခံမိတာ ရှိပါတယ်။ အဲဒါကတော့ အမြဲတမ်း အပြုသဘောဆန်တဲ့ အတွေး၊ အကောင်းမြင် စိတ်ဓါတ်နဲ့ အရာရာကို ကျော်ဖြတ်ရမယ်ဆိုတာပါပဲ။ ငယ်တုန်းကတော့ အပြုစိတ်ဓါတ်ဆိုတာ မွေးရာပါ ထူးခြားတဲ့ ဗီဇလို့ မှတ်ယူခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဖေဖေ့ရဲ့ သွန်သင်မှုတွေနဲ့၊ စိတ်ပညာစာအုပ်တွေဖတ်ရှုလာတဲ့အခါမှာတော့  အပြုသဘော စိတ်ဓါတ်ဆိုတာ ဖွံ့ဖြိုးတိုးတက်အောင် ကျင့်ယူလို့ရတယ်ဆိုတာကိုလည်း နားလည်လက်ခံလာရပါတယ်။ အရာရာကို အပြုစိတ်နဲ့ တွေးတဲ့ အကျင့်ရဖို့ဆိုတာ မလွယ်လှပါဘူး။ အပြုသဘောဆန်တဲ့ အတွေးတွေသာ အမြဲတမ်း ရှိနေမယ်ဆိုရင် စိတ်ဆိုးတာတွေ၊ ဒေါသထွက်တာတွေ ဘယ်ရှိပါတော့မလဲ။ ဒါပေမဲ့ ကျွန်မဆို သတိလက်လွတ် ထောင်းကနဲ ဒေါသထွက်ပြီး ဒေါသအလျောက် တုန့်ပြန်လိုက်မိတာတွေ လည်း ရှိတယ်။ အဲလို ဖြစ်ပြီးမှ ငါ့စိတ်ကို […]

တရုတ်စူပါလိဂ်ကို ပြောင်းရွေ့သွားခဲ့ကြတဲ့ ဥရောပနာမည်ကြီးကစားသမားများ

တရုတ်စူပါလိဂ်အနေနဲ့ ငွေကြေးပိုင်းမှာ ဥရောပလိဂ်တွေကို ပြိုင်ဆိုင်လာတာ ဆယ်စုနှစ်တစ်ခုရဲ့ ထက်ဝက်သာသာမျှသာ ရှိအုံးမှာပါ။ အားကစားမှာ ငွေကြေးက အရေးမပါဘူးလို့ မိမိရဲ့ဝါသနာအရင်းခံ ဘောလုံးအာကစားကို ခင်တွယ်သူတွေအနေနဲ့ ဆိုတတ်ကြမှာဖြစ်ပေမယ့် တရုတ်စူပါလိဂ်ရဲ့ ငွေလှိုင်းနောက်ကို စီးမျောသွားတဲ့ နာမည်ကျော်တွေကို  မြင်တွေ့ရတာဟာ ဒီခံယူချက်က မပြည့်စုံတဲ့သဘောကို ဖော်ပြေနေသယောင်ယောင်ပါပဲ။ “တရုတ်ကိုပြောင်းရွေ့ကစားတာဟာ ကိုယ့်ရဲ့ဘောလုံးသမားဘဝ ဆုံးခန်းတိုင်သွားပြီလို့ ဆိုလိုက်တာနဲ့အတူတူပါပဲ။ ကျွန်တော်ကတော့ အမြင့်ဆုံးစွမ်းဆောင်ရည်နဲ့ အချိန်ကြာနိုင်သမျှ ကြာကြာ ကစားချင်ပါသေးတယ်” လို့ လက်ရှိဘိုင်ယန်မြူးနှစ်စတား အာဂျန်ရောဘင်က မှတ်ချက်ပြုထားပါတယ်။ သူပြောသလိုပဲ တရုတ်ကိုပြောင်းရွေ့ကစားကြသူတွေရဲ့ ဘောလုံးကစားသမားဘဝတွေက တကယ်ရော ဆုံးခန်းတိုင်သွားကြပြီလား။ ရီရဲလ်နည်းပြကြီး ဇီဒန်းကတော့ “နာမည်ကျော်ဘောလုံးသမားတွေရဲ့ ကစားသမားဘဝနေဝင်ချိန်မှာ မေဂျာလိဂ်တို့၊ တရုတ်စူပါလိဂ်တို့မှာ သွားရောက်ကစားတတ်ကြတာက ဓမ္မတာပါ။ ဒါပေမယ့် ၂၇ […]

မြေအောက်မြို့တော်ဆိုတာထက် Hyperloop နည်းပညာက ပိုကောင်းလေမလား

မြေအောက်မြို့တော်ဆိုတာထက် Hyperloop နည်းပညာ ကပိုကောင်းလေမလား ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့တစ်ချိန်မှာ မြေအောက်မြို့တော်ကြီးကို တည်ဆောက်လာနိုင်ပါတယ်။ ဒါပေမယ့် နောင်ဆယ်နှစ်လား၊ အနှစ်နှစ်ဆယ်လားကတော့ သေချာမပြောနိုင်သေးပါဘူး။ ကျွန်တော့်အမြင်မှာတော့ မြေအောက်မြို့တော်ထက်စာရင် မြေအောက်ရထားလမ်းက ပိုပြီးတော့နီးစပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေအောက်ရထားက အခုဝန်ထမ်းတွေရင်ဆိုင်နေရတဲ့ လမ်းကြောပိတ်မှုကြောင့် လမ်းပေါ်မှာအချိန်ကုန်နေရတာကိုတွေလျော့ပါးသွားနိုင်လို့ပါ။ ရန်ကုန်ရဲ့မြို့ပတ်ရထားစနစ်က ကောင်းမွန်တဲ့ရထားစနစ်ဖြစ်ပေမယ့် မြေအောက်ရထားစနစ်က ပိုပြီးတော့သင့်တော်တယ်လို့ မြင်မိပါတယ်။ မြေအောက်ရထားစနစ်က နိုင်ငံတော်တော်များများမှာ သုံးစွဲနေသလို ကျွန်တော်တို့ရဲ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အောင်မြင်နေတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ ဘန်ကောက်မြို့ဆိုတာကလည်း ယာဉ်ကြောပိတ်ဆို့မှုပြဿနာကိုရင်ဆိုင်နေရတဲ့ မြို့တော်ဖြစ်ပေမယ့် ရထားစနစ်က သုံးစွဲသူတွေကို အချိန်ကုန်အများကြီးသက်သာစေပါတယ်။ ဒါပေမယ့်အခုချိန်မှာ မြေအောက်ရထားစနစ်ထက်ပိုမိုကောင်းမွန်တဲ့ Hyperloop ဆိုတဲ့ နည်းပညာပေါ်နေပါပြီ။ စမ်းသပ်ဆဲကာလလို့ပြောလို့ရပေမယ့် အမေရိကမှာ SpaceX နဲ့ Tesla တို့ရဲ့စီအီးအို Elon […]

ကြောင်လေးခွေးလေးတွေရဲ့ ဘာသာစကားကိုနားလည်တတ်စေဖို့

ကြောင်လေးခွေးလေးတွေချစ်တတ်တဲ့ ကျွန်မတို့တွေဟာ သူတို့လေးတွေကိုချစ်တော့ချစ်ပေမယ့် သူတို့လုပ်ပြတဲ့အမူအရာတွေရဲ့ အဓိပ္ပါယ်ကိုတော့ကောင်းကောင်းသဘောမပေါက်တာမျိုးရှိတတ်ပါတယ်။ သူတို့လုပ်ပြတဲ့ထူးခြားတဲ့အမူအရာလေးတွေကို ကိုယ်ကသဘောပေါက်ထားမယ်ဆိုရင် ကိုယ်နဲ့သူတို့လေးတွေရဲ့ ဆက်ဆံရေးက ပိုပြီးတိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ သန်းဝေနေတယ်ဆိုတာ လူတွေသန်းတယ်ဆိုတာက ပင်ပန်းလို့ ဒါမှမဟုတ် အောက်ဆီဂျင်လုံလုံလောက်လောက်မရလို့ဖြစ်ပါတယ်။ ခွေးတွေဟာလည်း ထိုနည်းပါပဲ။ သူတို့ပင်ပန်းတဲ့အခါ စိတ်ဖိစီးမှုတွေရှိနေတဲ့အခါ သန်းတတ်ကြပါတယ်။ တကယ်လို့များခွေးနဲ့ပြေးလိုက်လွှားလိုက်ဆော့နေချိန်မှာ သူကသန်းလာခဲ့ပြီဆိုရင် သူ့ကိုအနားပေးဖို့လိုအပ်နေပါပြီ။ ခွေးတွေဟာ သူတို့လန့်တဲ့အနေအထားတစ်ခု အခြေအနေတစ်ခုကို ကြုံရမယ်ဆိုရင်လည်း သန်းတတ်ကြပါတယ်။ သူတို့အနေနဲ့ တိရစ္ဆာန်ဆရာဝန်ဆီသွားနေတာမှန်းသိရင် ခဏခဏသန်းကြပါတယ်။ ဒါကြောင့် သူတို့ကိုဆရာဝန်နဲ့ပြချိန်မှာ ပိုပြီးချစ်ပေးဖို့ သူတို့ဆန္ဒအတိုင်းလိုက်လျောပေးတတ်ဖို့ လိုပါတယ်။ ကြောင်လေးတွေသေးပေါက်ချတယ်ဆိုတာ ကြောင်လေးတွေက သင့်အိပ်ရာပေါ် သင့်အသုံးအဆောင်တွေပေါ်ရှူရှူးပေါက်ချရင် ဒါကသင့်ကိုမချစ်လို့ လို့တွေးမိပါလိမ့်မယ်။ တကယ်က သင့်ကိုချစ်လွန်းလို့ဖြစ်ပါတယ်။ ကြောင်လေးတွေဟာ သူနဲ့သင့်ကြားဆက်သွယ်မှုတွေချန်ထားခဲ့ချင်ပါတယ်။ ဒါကြောင့် “နင်နဲ့ငါပဲ ဟုတ်တယ်နော်” ဆိုတဲ့ခံစားချက်နဲ့ […]

၂ဝ၅ဝခုနှစ်ရောက်ရင် လူဦးရေအများဆုံးဖြစ်လာမယ့် မြို့ကြီး (၁ဝ) မြို့

၂ဝ၁၇ခုနှစ်မှာ ကမ္ဘာ့လူဦးရေဟာ ၇.၅၁ဘီလီယံ (၇၅၁ဝသန်း) အထိရှိလာပြီလို့ Worldometers ဝက်ဘ်ဆိုက်ရဲ့အဆိုအရ သိရပါတယ်။ တကယ်ဆို ကမ္ဘာ့လူဦးရေဟာ မယုံနိုင်လောက်အောင်ကိုပဲ တဟုန်ထိုးတိုးတက်နေတာပါ။ ၁၈ဝ၄ခုနှစ်မှာ ၁ဘီလီယံ၊ ၁၉၂၇ခုနှစ်မှာ ၂ဘီလီယံ၊ ၁၉၆ဝခုနှစ်မှာ ၃ဘီလီယံ၊ ၁၉၇၄ခုနှစ်မှာ ၄ဘီလီယံ၊ ၁၉၈၇ခုနှစ်မှာ ၅ဘီလီယံ၊ ၁၉၉၉ခုနှစ်မှာ ၆ဘီလီယံနဲ့ ၂ဝ၁၁ခုနှစ်မှာ ၇ဘီလီယံအထိရှိလာတာဖြစ်ပါတယ်။ ၂ဝ၃ဝခုနှစ်ရောက်ရင် ၈.၅ဘီလီယံနဲ့ ၂ဝ၅ဝခုနှစ်ရောက်ရင် လူဦးရေ ၁ဝဘီလီယံနီးပါးရှိလာမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အခုချိန်မှာ တိုကျိုမြို့ (Tokyo) က လူဦးရေ၃၈သန်းနဲ့ ကမ္ဘာ့လူဦးရေအများဆုံးမြို့ဖြစ်ပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်၃ခုလောက် ကြာတဲ့အချိန် ၂ဝ၅ဝခုနှစ်လောက်ရောက်ရင်တော့ ကမ္ဘာ့လူဦးရေအများဆုံးမြို့စာရင်းကလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားမှာပါ။ ၂ဝ၅ဝခုနှစ်ရောက်ရင် လူဦးရေအများဆုံးဖြစ်လာမယ့်မြို့စာရင်းကို World Urbanization Prospects […]

What's Hot

၂၅နှစ်မပြည့်ခင် ဒီစာအုပ်တွေ ဖတ်ဖြစ်အောင်ဖတ်ပါ

စာအုပ်စာပေဆိုတာ လူတစ်ယောက်ကို လိမ္မာယဉ်ကျေးသွားအောင် ဆုံးမနိုင်တဲ့အတွက် “စာအုပ်စာပေ လူ့မိတ်ဆွေ” လို့ဆိုကြတာပဲဖြစ်ပါတယ်။ ကလေးဆန်တဲ့လူတစ်ယောက်ဟာ စာအုပ်ဖတ်လိုက်ရင် ရင့်ကျက်သွားနိုင်သလို ရင့်ကျက်တဲ့လူအနေနဲ့ စာအုပ်ဖတ်လိုက်ရင် ပညာရှိတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ ကဲ . . အခုဖော်ပြပေးမယ့် စာအုပ်တွေကတော့ ၂၅နှစ်မတိုင်ခင် လူတိုင်းဖတ်သင့်တဲ့စာအုပ်တွေပါပဲ။ ၁။ လူလေးသို့ ပေးစာများ (မြသန်းတင့်) ဗြိတိသျှနိုင်ငံရေးသမား လော့ဒ် ချက်စတာဖီးလ်ဒ် (Lord Chesterfield) ဟာ သားဖြစ်သူ ဖိလစ်စတန်းဟုတ် (Philip Stanhope) ကို ဆုံးမစာတွေကို ပေါင်းစုပြီး ထုတ်ဝေထားတဲ့ “ Letters to his Son and Others” စာအုပ်ကို မြသန်းတင့်က “လူလေးသို့ ပေးစာများ” အဖြစ် […]

“ဂေါတမ မြတ်စွာဘုရား ၏ အဖိုးမဖြတ်နိုင်သော တရားအဆိုအမိန့်များ”

“ဂေါတမ မြတ်စွာဘုရား ၏ အဖိုးမဖြတ်နိုင်သော တရားအဆိုအမိန့်များ” အားလုံးပဲ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ လို့ ဆုတောင်းပေးပါရစေ ခင်ဗျာ။ အားလုံးသိကြတဲ့အတိုင်း နှစ်ဟောင်းကလည်း ကုန်တော့မှာမို့ ဒီနှစ်အတွက် ထူးထူးခြားခြား တစ်ခုခုလေး ရေးချင်စိတ်ပေါ်လာတယ်ခင်ဗျ။ဆိုတော့… ဘာရေးရမလဲ စဉ်းစားမိတဲ့ အခါ ကျွန်တော်တို့ရဲ့ အတုမရှိ ဂေါတမ မြတ်စွာဘုရား ရဲ့ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ အဆိုအမိန့်တွေအများကြီးထဲကမှ ကျနော်တို့အားလုံးအတွက် အကျိုးရှိစေမယ့်၊ အလင်းပွင့်စေမယ့် ၊ ဆည်းပူးကိုးကွယ်သင့်တဲ့ အဆိုအမိန့် အချို့ကို ကျွန်တော် နားလည်မိတဲ့အတိုင်း ညဏ်မှီသလောက်လေး ရေးသားတင်ပြလိုက်ပါတယ် ခင်ဗျ။ ကျနော်ကိုယ်တိုင်လည်း ကြည်ညိုလက်ခံပြီး ယုံကြည်စွာ ကျင့်သုံးသွားမယ့်၊ကျင့်သုံးနေတဲ့ တရားအဆိုအမိန့်တွေလည်း ဖြစ်ပါတယ်။ စာရှုသူတွေအတွက် အသိလေးတစ်ခု၊ အလင်းလေး တစ်ချက်ပွင့်သွားတယ် […]

သမီးငယ်အနွေးဓာတ်ရဖို့ ဒေါ်လာ၂သန်းနဲ့ မီးမွှေးပေးခဲ့တဲ့ မူးယစ်ရာဇာ ပါဘလို အက်စ်ကိုဘား

[Zawgyi] တစ်ခါတလေမှာ လူတွေက ကောင်းရောင်းကောင်းဝယ် လုပ်စားပေမယ့် ဆန်တွင်းကနက်တဲ့အခါ လူတန်းစေ့မနေနိုင်ဘဲ တရားဥပဒေမလွတ်ကင်းတဲ့သူတွေက ရွှေထီးဆောင်းနေတဲ့အခါ ကိုယ်လည်း ဒုစရိုက်အလုပ်ကို မလုပ်မိလေချင်းလို့ တွေးမိတတ်ပါတယ်။ မကောင်းမှုလုပ်တဲ့သူတွေဟာ လူမသေရင်တောင် အပုတ်နံ့လှိုင်သင်းပြီး နာမည်သေတတ်ကြပါတယ်။ သမ္မာအာဇီဝကျကျလုပ်ကိုင်တဲ့သူတွေကတော့ ဆားဖြူးပဲစားရပါစေ ထမင်းလုတ်တိုင်းမှာ သာယာမှုအပြည့်နဲ့ ပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်ရပါတယ်။ ကိုယ်ပိုင်သီရိဂေဟာတစ်ခု တည်ဆောက်ပြီး ချစ်ခင်တွယ်တာတဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကမ္ဘာကျော်မူးယစ်ရာဇာကြီးတစ်ယောက်အကြောင်းကို ဖော်ပြချင်ပါတယ်။ သူ့နာမည်ကတော့ ပါဘလို အက်စ်ကိုဘား (Pablo Escobar) ပါ။ ပါဘလို အက်စ်ကိုဘားကို ကိုလံဘီယာနိုင်ငံ (Colombia) ရီယိုနီဂရိုမြို့ (Rionegro)  ၁၉၄၉ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ကတော့ အဘယ်ဒီ ဂျီးဆက် ဒါရီ […]

ဘာကြောင့် ဘီလူးစီးသလို ခံစားရတာလဲ

ကျွန်တော်တို့ သက်တမ်းတလျှောက်မှာ အိပ်ရာက ရုတ်တရက် လန့်နိုးလာတဲ့အခါ လှုပ်လို့ ရှားလို့ မရတာမျိုး၊ တစ်ခုခုက တက်ဖိထားသလို အသက်ရှူတွေကျပ်ရတာမျိုး တစ်ကြိမ်တစ်ခါတော့ ဖြစ်ဖူးကြမှာပါ။ အဲဒီလို ဖြစ်နေပြီဆို အိပ်ရာက နိုးနေပေမယ့် ခြေတွေ၊လက်တွေပါ လှုပ်လို့ မရတဲ့ အပြင် ယုတ်စွအဆုံး မျက်ခွံတောင် ဖွင့်လို့ မရတော့ပါဘူး။ ဒီလိုဖြစ်နေတာဟာ တစ်ခါတလေ မိနစ်ပိုင်းလောက်ပဲ ကြာတတ်ပေမယ့် တစ်ခါတလေကျရင်တော့လည်း နာရီပိုင်းလောက် ကြာတတ်ပါတယ်။ ဖြစ်နေတုန်းတော့ တစ်ယောက်ယောက်ပဲ တက်ဖိထားသလို ဆိုတော့ အတော်ကြောက်စရာကောင်းတဲ့ ကိစ္စဗျ။   ဒီလိုတွေ ဘာကြောင့်ဖြစ်ရလဲ? ဒီလိုဖြစ်ရခြင်းဟာ Sleep Paralysis လို့ ခေါ်တဲ့ ထူးခြားတဲ့ သဘာဝအိပ်ခြင်းဖြစ်စဉ်ကြောင့် ဖြစ်ရတာပါ။ အထူးသဖြင့် […]

အိပ်ရေးဝမှသာ ကုန်ထုတ်စွမ်းရည် မြင့်ပါမည်

ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေအနေနဲ့ ကျောင်းချိန်ရုံးချိန် မီအောင်လို့ ကားပိတ်နေတဲ့အတွက် အစောကြီးအိပ်ယာထရတဲ့ ဒုက္ခကလည်း မသေးပါဘူး။ ရုံးချိန်က မနက်၉နာရီဝန်းကျင်သာ ဆိုပေမယ့် ကားကြပ်တာနဲ့ဆိုရင် မနက်၇နာရီလောက် အိပ်ယာထမှ အဆင်ပြေတာလေ။ လူငယ်တွေဆိုတော့ သိတဲ့အတိုင်းပဲ ညဆိုရင် အင်တာနက်သုံးတာ၊ ဇာတ်ကားကြည့်တာနဲ့ ညဥ့်နက်တဲ့အထိ မအိပ်ဖြစ်သေးဘူး။ အိပ်ချင်မူးတူးနဲ့ တစ်ပတ်လုံးအလုပ်လုပ်ပြီး စနေ၊တနင်္ဂနွေရောက်မှ အတိုးချပြီး အိပ်စက်ရတာပါ။ ဘယ်လိုသုတေသနလုပ်ခဲ့တာလဲ အောက်စ်ဖို့တက္ကသိုလ် (Oxford University) မှ ဦးနှောက်နဲ့အာရုံကြောသိပ္ပံပညာရှင် ဒေါက်တာ ပေါလ် ကယ်လီ (Dr. Paul Kelley) ကတော့ မနက်၉-ညနေ၅ အလုပ်ချိန်က ဦးနှောက်နဲ့စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်တဲ့အကြောင်း ပြောဆိုသွားပါတယ်။ ပြီးတော့လည်း ကျောင်းသားတွေနဲ့ဝန်ထမ်းတွေအနေနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်စေဖို့အတွက် ရုံးချိန်ပြောင်းလဲသင့်ကြောင်းလည်း […]