Restaurant Review

What's New

Xi Yang Yang (ရှိယမ်းယမ်း)က ရှောက်လုံးပေါင်း သိပ်ကောင်းဆို!

  အပေါင်းဆိုတဲ့ ဓလေ့က တရုတ်တွေကနေ စတင်ခဲ့တာခင်ဗျ။ ဆီသုံးနည်းပြီး အရသာအနေနဲ့ မပြင်းလို့ ကျန်းမာရေးနဲ့ ညီတယ်လို့ ဆိုရမယ်ဗျ။ ပေါက်စီဆိုတာလည်း ပေါင်းပြီး စားရတဲ့ အစားအစာတစ်မျိုးပဲလေ။ ဒင်းဆမ်းတွေပေါလာတာလည်း အရသာစုံ အမျိုးအစားစုံပါပဲ။ ဂျုံတွေကို အမျိုးမျိုးပညာစွမ်းတွေပြရင်း ဖက်ထုပ်တွေကလည်း ခေတ်စားလာပြန်သေးသဗျ။ ခုပြောပြမယ့်ဆိုင်လေးက ဘယ်လိုတွေတောင်ဆန်းသလဲဆို *ဖက်ထုပ်ပေါင်းထဲက ဟင်းရည်ပူပူလေးတွေနဲ့ ရှောက်လုံးပေါင်း* စားကောင်းတယ်လို့ပြောတဲ့ ဆိုင်လေးပါ။ English လိုရေးတော့ Xiao Long Bao/ တရုတ်လိုတော့ 小笼包 (အဟင်း အဟင်း Google Translate သိပ်ကောင်းတယ်။ ချက်ချင်းတရုတ်လိုရေးတတ်သွားတာပဲ 😛 ) ဒီဆိုင်လေးကို ဘယ်တုန်းက စကြားဖူးလဲဆိုတော့ မိတ်ဆွေတွေ သူငယ်ချင်းတွေက ရှိယမ်းယမ် က ရှောက်လုံးပေါင်း ကောင်းတယ်လို့ ပြောကြတဲ့အချိန်မှာပါ။ သူတို့ပြောတာ ကိုယ်ဘာကြားလဲ သိလား။ ရှီး ရှီး ရွီး […]

“ထားနှမအကြောင်းကံ ဆိုတဲ့ နံရံပန်းချီနဲ့ ဓါတ်ပုံရိုက်ချင်စရာ Sofaer & Co”

တက်သစ်စ မော်ဒယ် ထားလှရီ ပုံလေးတွေ ဟိုတလောက ပြန့်နှံ့နေကတည်းက ဆိုင်အနေအရာ အပြင်အဆင်က ဓါတ်ပုံရိုက်ချင်စရာ သိပ်ကောင်းတယ်လို့ တွေ့မိတယ်။ အစားသမားပီပီ ဆိုင်က ဟင်းပွဲတွေကိုလဲ မြည်းပြီး ကောင်းလားမကောင်းလား သိချင်နေတာဗျ။  ရောက်လဲရောက်ကော နိုင်ငံခြားသား ဧည့်သည်တွေပါ ခေါ်လာပြီး ကျွေးသင့်တဲ့ ဆိုင်ဖြစ်နေတာ။ “ထူးခြားတဲ့ ဆိုင်အပြင်အဆင်နှင့် အဆောက်အဦး တည်ဆောက်ပုံ” အပြင်ပန်းကကြည့်ရင် နက်ပြာရောင် ဆိုင်ကလေးရဲ့ အပေါက်ဝမှာ ဘယ် ညာ ထိုင်ခုံတန်းလေးနှစ်ခု ချပေးထားတယ်။ ငှက်ပျောပင်လေးနဲ့ စပါယ်ရုံလေးလဲ စိုက်ထားတယ်ဗျ။ ဆိုင်ထဲကို ၀င်ရင် တံခါးလက်ကိုင်ဘုက ရှေး ကိုလိုနီလက်ထက်က အဟောင်းလေးတွေ တပ်ထားပြီး ၀င်ဝင်ချင်းမှာ စတွေ့ရတာ Guest Book နှင့်  […]

“Food Streat @Junction City ရောက်ရင် ဘာတွေ ရွေးတုတ်မလဲ”

JC ရောက်ရင် ဒီ Food Streat နား ဖြတ်ဖြတ်သွားတာပဲ ရှိတယ်။ ရွေးချယ်စရာတွေကများ မစားဘဲ ပြန်လာပေါင်းလဲ များခဲ့ပြီလေ။ ဒီတော့ လူတိုင်းနဲ့လဲ အဆင်ပြေ ဘယ်ဆိုင်က ဘာကောင်းတယ်ဆိုတာလေးတွေ Pick Up လုပ်ပေးသွားမယ်။ အစားအသောက်သရဲတွေ အနေနဲ့ တစ်ခါရောက် တစ်ခု လက်တည့်စမ်းလို့ရအောင်ပေါ့…ဟဲဟဲဟဲ  JC ရဲ့ Food Streat အနေအထား… အပေါ်ဆုံးထပ်ရဲ့ ဒေါင့် ရွှေတိဂုံဘုရားလမ်းဘက် မျက်နှာမူထားတယ်ဗျ။ဆိုင် ၁၅ ဆိုင်ကို ဘောလုံးကွင်းသေး တစ်ပတ်စာလောက် အပြည့်လျှောက်ကြည့်ပါ။  မြင်လိုက်တာနဲ့ တစ်ခြမ်းထဲ မထင်လိုက်နဲ့။ မှန်တွေကာထားတဲ့ဘက် နေ့ခင်း ရှူ့ခင်းကြည့်ပြီး ထိုင်ရတာ အလင်းရောင်ကောင်းလှတယ်။ လေ၀င်လေထွက်စနစ် သေချာလုပ်ထားတယ်ထင်တယ် ဒီလောက် […]

🌜🌛🌞ညသန်းခေါင် ဗိုက်ဆာရင် အဆင်ပြေမယ့် “မိုးလင်းမိုးချုပ်”🌞🌜🌛

ညသန်းခေါင်း အိပ်ယာက ထနိုးနိုး၊ Night Out ထွက်လို့ပြန်ပြန် ဗိုက်ဆာရင် အနားယူချင်ရင် ဆိုင်ကောင်းကောင်းရှာရတာ တော်တော်ပြဿနာရှိတယ်ဗျ။ ပုံမှန်နေ့ခင်းတွေမှာ စားသောက်ဆိုင်ရှာရတာ လွယ်ပေမယ့် ညဘက်ကျ အဆင်မပြေဘူးလေ။ ဒီဆိုင်က “မိုးလင်းမိုးချုပ်” တဲ့ဗျ။ ဆိုင်နံမည်ကြားရတာနဲ့တင် ၂၄နာရီလုံး စားစရာတွေ ရနေမယ်ဆိုတာ သိလိုက်ပြီလေ။ ဆိုင်ဖွင့်တာ သိပ်မကြာသေးပေမယ့် ဆိုင်အပြင်အဆင် သန့်ရှင်းမှုနဲ့ ညဘက်ရွေးချယ်ရမယ့် ဆိုင်ထဲမှာပါလို့ အဆင်ပြေလှတယ်ဗျ။ ညတရေးနိုး အိပ်မက်တွေ မကောင်းတာနဲ့ ဒီဆိုင်လေးကို ထထွက်လာတာ။ သူငယ်ချင်းကိုလဲ အတင်းနှိုးပြီး ဝင်ခေါ်လာလိုက်တယ် (စိတ်ပုတ်ရတာပေါ့) လိပ်စာက ကန်ရိပ်သာလမ်း နဲ့ ကမ္ဘာအေးလမ်း အနီးအနား ကလပ်စုံတယ်။ ကျွန်တော်နိုးတဲ့အချိန် ၄နာရီဆိုတော့ လူရှင်းတယ်ဗျ။ ဘာတွေကောင်းလဲ? ဘာလိုလဲ? နှစ်ယောက်သား […]

ရန်ကုန်က မလေးရှားစာရတဲ့ဆိုင်တွေ အနည်းအကျဉ်းထဲက MY Kitchen Restaurant Review

ဒီတစ်ခေါက်တော့ မလေးရှားစာသိပ်ကောင်းဆိုပြီး သူငယ်ချင်းတစ်ယောက်ညွှန်းတာနဲ့ သစ္စာလမ်းပေါ်က My Kitchen ဆိုတဲ့ဆိုင်ကိုသွားဖြစ်တယ်ဗျ။ နေရာက ကံဘဲ့လမ်းတည့်တည့်ဆင်းသွား သစ္စာလမ်းပေါ်မှာရှိတယ်။ ဝေဇယန္တာနဲ့ သစ္စာလမ်းထောင့်လေးမှာပါ။ ဆိုင်တည်နေရာအရ သွားလာရတာက အဆင်ပြေတယ်လို့ဆိုရမယ်။ ဘတ်စ်ကားစီးပြီးပဲသွားသွား တက်စီနဲ့ပဲသွားသွား ကိုယ်ပိုင်ကားနဲ့ပဲသွားသွား အဆင်ပြေတာတွေ့ရပါတယ်။ ရုံးဆင်းချိန်မှာဆိုရင်တော့ နည်းနည်းရှုပ်တာမို့ ရုံးဆင်းချိန်ရှောင်ပြီးသွားမယ်ဆိုရင် ပိုအဆင်ပြေနိုင်ပါတယ်။ ကားပါကင်အနေအထားလည်း မဆိုးဘူးလို့ဆိုရမှာပါ။ တစ်ခုရှိတာက သစ္စာလမ်းပေါ်မှာက စားသောက်ဆိုင်တွေကအများကြီး ရွေးစရာတွေကအများကြီးမို့ My Kitchen လေးကို ကျော်သွားနိုင်ပါတယ်။ ဆိုင်ကလည်း အသစ် ၊ ဆိုင်းဘုတ်ကလည်းနည်းနည်း သေးတယ်ဆိုတော့ မျက်စိလျှမ်းသွားနိုင်တာပါ။ အပြင်အဆင် ဆိုင်ကတော့ သေသေချာချာခမ်းခမ်းနားနား လုပ်ထားတာတော့မဟုတ်ဘူး။ အတွင်းမှာ စားပွဲဝိုင်း ၆ ဝိုင်းလောက်ရှိတယ်။ Private Room တွေလည်းရှိတယ်။ […]

ဘယ်သူ့ မာလာ ပိုကိတ်ပြီး ဘယ်သူ့ မာလာ ပို Hot လဲ (Spicy House Vs Chilli Pot)

မာလာဟင်း ၊ မာလာဟော့ပေါ့ ၊ မာလာငါးပေါင်း၊ မာလာခေါက်ဆွဲ  . . .  ။ တော်တော်မျက်နှာများတဲ့ မာလာပါဗျာ ။ မျက်နှာများသလို အရသာကလည်း ကျွန်တော်တို့အကြိုက် ပူပူ စပ်စပ် မွှေးမွှေး ကြိုင်ကြိုင်မဟုတ်လား ။ မိုးအေးအေး ဆောင်းအေးအေး ဘယ်လိုအေးအေး ၊ ချမ်းအေးနေတဲ့ ရာသီဥတုမျိုးနဲ့ဆို သိပ်ကိုလိုက်ဖက်တဲ့ အစားအစာတစ်မျိုးပေါ့ ။ အဲဒီမာလာ (Mala) ဆိုတာ အားလုံးသိပြီးကြတဲ့အတိုင်း တရုတ်အစားအစာတစ်မျိုးပေါ့ဗျာ ။ တရုတ်အသံထွက်နဲ့ဆို မာလား လို့အသံထွက်တယ်တဲ့ဗျ ။ Ma (Numb) ၊ La (Spicy) လို့ အဓိပ္ပာယ်ရတဲ့အတိုင်း ပူတယ် စပ်တယ် ထုံတယ် […]

ကြည်လင်စေမယ့် Seasons (Bistro)

One cannot think well, love well, sleep well, if one has not dined well. – Virginia Woolf တလိပ်လိပ်တက်လာတဲ့ မိုးသားမည်းမည်းတွေနဲ့ အုံ့ဆိုင်းနေတဲ့ ကိုယ့်စိတ်ကိုယ် ယှဉ်ကြည့်နေမိတယ် ။ ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ မိုးနံ့သင်းနေတဲ့ လေထုထဲ အရာရာဟာ ပျောက်ဆုံးနေသလိုပဲ ။ အင်း အားလုံးဟာ ကိုယ်နဲ့ ဘာမှ မသက်ဆိုင်ဘူး ။ ဟောဒီ ညနေခင်းကြီး တစ်ခုလုံးဟာ ကိုယ်နဲ့မသက်ဆိုင်ဘူး။ လတ်လတ်ဆတ်ဆတ်ကြီး ကြေကွဲနေတဲ့ လူတစ်ယောက်ဟာ လူတွေရှုပ်ထွေးနေတဲ့ အင်းလျားကန်ဘောင်ပေါ်မှာ တစ်ယောက်တည်း ပျောက်ဆုံးနေရတယ် ။ ဘယ့်နှယ်ကွာ ဒီမှာ […]

ဂီတဖီလင်တို့စီးဆင်းရာ Hard Rock Cafe

ခုတစ်လောရန်ကုန်မြို့ထဲအသစ်ရောက်လာတဲ့ ဆိုင်လေးတွေထဲမှာ အစားအသောက်ဆိုတာထက် ဖီလင်အရသွားရောက်စူးစမ်းသင့်တဲ့ ဆိုင်လေးရှိပါတယ်။ အဲဒါက Hard Rock Cafe ပါပဲ။ အခု သူက မြန်မာပလာဇာ လေးလွှာမှာရောက်နေပါပြီ။ ကမ္ဘာပေါ်မှာ ဂီတနဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းတွေကို စုဆောင်းပြသထားနိုင်တဲ့ဆိုင်တွေထဲမှာ Hard Rock ကအကြီးဆုံးဖြစ်ပါတယ်။ Hard Rock ရဲ့မူလပထမဆိုင်ကြီးကတော့ လန်ဒန်မှာတည်ရှိပါတယ်။ Hard  Rock ကို၁၉၇၁ ခုနစ်မှာ Issac Tigrett နဲ့ Peter Morton တို့နှစ်ဦးကစတင်တည်ထောင်ခဲ့ပြီး ၁၉၇၉ ခုနစ်မှာမှ Themes Restaurant ပုံစံပြောင်းခဲ့တာဖြစ်ပါတယ်။ Themes Restaurant ဆိုတာက ယဉ်ကျေးမှုလက်ရာ ၊ ဂီတအနုပညာ ၊ အစားအသောက်ယဉ်ကျေးမှု စသဖြင့် အကြောင်းအရာတစ်ခုခုကိုဖော်ဆောင်ပြီး ဆိုင်တစ်ဆိုင်လုံးကိုဒီအကြောင်းအရာတွေနဲ့ […]

ဆည်းဆာနဲ့ Home Brew Beer ကို မြည်းမှာဆိုရင် Burbrit Brewery

ဒါနဲ့ ယူတို့ ဘျာ(Beer)သောက်တတ်တယ်မလား 😛 ။ အဲ နည်းနည်းပါးပါးသောက်တတ်တယ်ပဲဆိုပါတော့နော်။ အရင်ထိုင်ဖူးတဲ့ နားတွေငြီး အကင်အညှော်နံ့တွေမွှန်ထူနေတဲ့ ဘီယာဆိုင်မျိုးတွေကို စိတ်ညစ်တယ်၊ သောက်နေကျမဟုတ်တဲ့ ဘီယာအရသာ အသစ်လေးတွေကိုလည်း မြည်းစမ်းချင်တယ်ဆိုရင်တော့ စွန်းမိုက်တဲ့ ဆိုင်လေးတစ်ဆိုင်ကို ညွှန်ပါရစေ။ Burbrit Brewery တဲ့။ နေဝင်နေတဲ့မြစ်ပြင်ကြီးကိုငေးရင်း ဘီယာလေးစုပ်ရတဲ့အရသာအတွက် မြောက်ဒဂုံ ဘေလီတံတား အဆင်းနားကို သွားရမှာဆိုတော့ နေရာလေးကတော့ လှမ်းတယ်ပြောရမလားပဲ။ ဒါပေမဲ့ ကျနော်တို့ကတော့ သွားတယ် ဟီး 😛 ။ အသွားလမ်းမှာ တောက်လျှောက်ရွာလာတဲ့မိုးက ပါရမီလမ်းပေါ် ကားကွေ့လိုက်ပြီဆိုတာနဲ့ တိတ်သွားတယ်။ ဘေလီတံတား ဆင်းဆင်းချင်း မီးပွိုင့်မှာ ဘယ်ဘက်က ဦးဝိစာရလမ်းပေါ်ကိုကွေ့ဆင်းပြီးတော့ ပထမဆုံးစတွေ့တဲ့လမ်းမှာ ဘယ်ဘက်ကိုထပ်ကွေ့ ပြီးရင် ညာဘက်ကို […]

မန္တလေးမုန့်တီအသဲစွဲဆိုသူများအတွက် ဆိုင်လေးတစ်ဆိုင်

မန္တလေးမုန့်တီ ရန်ကုန်အခေါ် နန်းကြီးသုပ်ကို ရှယ်စားချင်တဲ့သူတွေရှိရင် ညွှန်းပေးချင်တဲ့ဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ အဲဒါကတော့ ဦးကြည် မန္တလေးမုန့်တီ(နန်းကြီးသုပ်) ဆိုင်လေးပါ။ ဆိုင်ခွဲသုံးခုရှိပေမယ့် ကျွန်မတို့သွားစားဖြစ်တဲ့ဆိုင်ကတော့ ရန်ကင်းကဆိုင်လေးပါ။ ကျောက်ကုန်းလမ်း ၊ ရန်ကင်း အ.ထ.က(၂) ကျောင်းရှေ့မှာရှိပါတယ်။ ရန်ကင်းတစ်ဝိုက်နေသူတွေဆိုရင် သွားလာရအဆင်ပြေပြီး ကားပါကင်လည်းကျယ်ပါတယ်။ ကဲ…ဆိုင်ထဲဝင်ကြည့်ရအောင်။ အပြင်အဆင် ဆိုင်အပြင်အဆင်ကတော့ ရိုးရိုးရှင်းရှင်းနဲ့သပ်ရပ်ပါတယ်။ သန့်သန့်ရှင်းရှင်းလေးပါ။ ဆိုင်ကအကြီးကြီးတော့ မဟုတ်ဘဲ စားပွဲဝိုင်း ၇ ဝိုင်းလောက်နဲ့ အေအေးဆေးဆေးစားသောက်နိုင်တဲ့ဆိုင်လေးပါ။ မိသားစုနဲ့ပဲသွားသွား ၊ ကိုယ့်ချစ်သူနဲ့ပဲသွားသွားစားသောက်ရင်း စကားစမြည်ပြောဖို့အဆင်ပြေပါတယ်။ ဆိုင်ထဲမှာ ဆူဆူညံညံသိပ်မရှိဘဲ ကိုယ့်စားပွဲနဲ့ကိုယ် အေးအေးဆေးဆေး စားသာက်နေကြသူတွေပဲရှိပါတယ်။ အပြင်အဆင်ကအမိုက်စားလို့ပြောလို့ရတဲ့အနေအထားပါ။ အစားအသောက် ဆိုင်မှာက မနက် ၆ နာရီကနေ ၁၁နာရီအထိကို နန်းကြီး ၊ နန်းလတ် […]

What's Rising

Xi Yang Yang (ရှိယမ်းယမ်း)က ရှောက်လုံးပေါင်း သိပ်ကောင်းဆို!

  အပေါင်းဆိုတဲ့ ဓလေ့က တရုတ်တွေကနေ စတင်ခဲ့တာခင်ဗျ။ ဆီသုံးနည်းပြီး အရသာအနေနဲ့ မပြင်းလို့ ကျန်းမာရေးနဲ့ ညီတယ်လို့ ဆိုရမယ်ဗျ။ ပေါက်စီဆိုတာလည်း ပေါင်းပြီး စားရတဲ့ အစားအစာတစ်မျိုးပဲလေ။ ဒင်းဆမ်းတွေပေါလာတာလည်း အရသာစုံ အမျိုးအစားစုံပါပဲ။ ဂျုံတွေကို အမျိုးမျိုးပညာစွမ်းတွေပြရင်း ဖက်ထုပ်တွေကလည်း ခေတ်စားလာပြန်သေးသဗျ။ ခုပြောပြမယ့်ဆိုင်လေးက ဘယ်လိုတွေတောင်ဆန်းသလဲဆို *ဖက်ထုပ်ပေါင်းထဲက ဟင်းရည်ပူပူလေးတွေနဲ့ ရှောက်လုံးပေါင်း* စားကောင်းတယ်လို့ပြောတဲ့ ဆိုင်လေးပါ။ English လိုရေးတော့ Xiao Long Bao/ တရုတ်လိုတော့ 小笼包 (အဟင်း အဟင်း Google Translate သိပ်ကောင်းတယ်။ ချက်ချင်းတရုတ်လိုရေးတတ်သွားတာပဲ 😛 ) ဒီဆိုင်လေးကို ဘယ်တုန်းက စကြားဖူးလဲဆိုတော့ မိတ်ဆွေတွေ သူငယ်ချင်းတွေက ရှိယမ်းယမ် က ရှောက်လုံးပေါင်း ကောင်းတယ်လို့ ပြောကြတဲ့အချိန်မှာပါ။ သူတို့ပြောတာ ကိုယ်ဘာကြားလဲ သိလား။ ရှီး ရှီး ရွီး […]

What's Hot

ကမ္ဘာ့နာမည်ကြီးမုန့်ဆိုင် BreadTalk ရန်ကုန်တွင်ဖွင့်တော့မည်

ချစ်တို့ရေ ရန်ကုန်မှာ သွားရလာရတာဆိုင်တွေရိုးလာလို့ ဘယ်သွားရမှန်းမသိ စိတ်ညစ်မနေနဲ့တော့။ နာမည်ကြီး BreadTalk လာတော့မယ်တဲ့နော်။ အရည်အသွေးကောင်းပြီးအရသာရှိတဲ့ မုန့်လေးတွေစား ရင်းအေးဆေးကျယ်ဝန်းတဲ့နေရာလေးမှာ ဘော်ဘော်တွေဆုံနိုင်ပြီပေါ့။ BreadTalk ဆိုတာက စင်ကာပူနိုင်ငံမှာလူသိများကျော်ကြားပြီး နိုင်ငံတကာအသိအမှတ်ပြုအမှတ်တံဆိပ်ဖြစ်ပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်တွေလည်းအများကြီး ရထားတဲ့ Brand ဖြစ်ပါတယ်။ စင်ကာပူ ၊ တရုတ် ၊ ဟောင်ကောင် ၊ ထိုင်းနိုင်ငံ ၊ အင်ဒိုနီးရှား ၊ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဆိုင်ခွဲပေါင်း ၈၀၀ ကျော်ဖွင့်ထားတယ်လို့ သိရပါတယ်။ အခု မြန်မာနိုင်ငံမှာဖွင့်တာက ၁၇ နိုင်ငံမြောက်ဖြစ်ပါတယ်တဲ့။ ဘာတွေရမှာလဲ လတ်ဆတ်တဲ့ ပေါင်မုန့်တွေ ကိတ်မုန့်တွေ အမျိုးအစားပေါင်း ၁၀၀ ကျော်ရတော့မယ်တဲ့။ ဈေးနှုန်းကတော့ ၈၀၀ ကနေစမှာမို့ […]