Food

What's New

ဘူဖေး ဘယ်ကဆင်းသက်လာသလဲ

ဘူဖေးစားတာက ဆွီဒင်လူမျိုးတွေကနေ ဆင်းသက်လာတာပါ။ အစကတော့ပေါင်မုန့်၊ ချိစ်နဲ့ အသားတွေကို သွားရေစာအနေနဲ့ တည်ခင်းရာကနေ ၁၉၁၂ ခုနစ်မှာတော့ ဒီစနစ်ကို စတော့ဟုမ်း အိုလံပစ်ပွဲတော်ကြီးမှာ စတင် အသုံးချပါတယ်။ အဲဒီမှာတော့ သွားရေစာတင်မကတော့ဘဲ နေ့လယ်စာလို အဓိကအစားအစာကြီးတွေအတွက်ပါ ပြင်ဆင်လာကြတာပါ။ ဘူဖေးအလေ့အထ အခုနောက်ပိုင်း ဘူဖေးတည်ခင်းရတာက တချို့ဆိုင်တွေအတွက်တော့ အရှုံးပိုများတယ်လို့ဆိုပါတယ်။ အစားအသောက်အများကြီးကို တည်ခင်းရတယ်။ ချက်ပြုတ်ထားတဲ့ အစားအစာတွေက ဆုံးရှူံးမှုပိုများပါတယ်။ အားသာတာကတော့ အစားအသောက်ခင်းကျင်းဖို့ စားပွဲထိုးအများကြီး မလိုတော့ဘူး။ Customer တွေက သူကိုယ်တိုင် အစားအသောက်တွေကို ကြိုက်သလောက် ကြိုက်သလိုယူစားနိုင်ပါတယ်။ တချို့နေရာတွေဆို ကိုယ်တိုင်ချက်ပြုတ်နိုင်ပါသေးတယ်။ လျှို့ဝှက်ချက်များ -တခါတလေမှာ ဈေးပေါတဲ့ အသီးအရွက် အသားတွေနဲ့ တည်ခင်းထားကြတာမို့ ဘူဖေးဆိုတိုင်းလည်း ကောင်းချင်မှကောင်းနိုင်မယ်။ […]

“ရန်ကင်းက ဧရာဝတီမင်းသမီး”

ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ နန်းကြီးသုပ်၊ နန်းပြားသုပ်တို့လို အစားအစာတွေက လူကြိုက်များတဲ့ ရန်ကုန်ရဲ့ နံနက်စာတွေမှာ ဖြစ်ပါတယ်။ ဒီနေ့တော့ အဲဒီလိုမျိုး မြန်မာပြည် အထက်ပိုင်းက ဒေသစာတွေ သီးသန့်ရောင်းတဲ့   ရန်ကင်းက ဧရာဝတီမင်းသမီး (Princess Irrawaddy) ဆိုတဲ့ ဆိုင်လေး နဲ့ မိတ်ဆက်ပေးပါရစေ။ ဧရာဝတီမင်းသမီးဆိုတာ ဧရာဝတီမင်းသမီးဆိုတဲ့အတိုင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်က တိုင်းနဲ့ ပြည်နယ်တွေရဲ့ ရိုးရာဒေသထွက်ကုန်တွေနဲ့ အစားအသောက်တွေကို တစ်နေရာထဲမှာ စုံစုံလင်လင်ရနိုင်တဲ့ဆိုင်ပါ။ အဲဒီ ဒေသအသီးသီးကထွက်တဲ့ ဒေသစာတွေနဲ့ပဲ နံနက်စာကို ပြင်ဆင်ထားတာပါ။ ဥပမာ- မန္တလေးနန်းပြားသုပ်ဆိုရင် စစ်ကိုင်းက ခေါက်ဆွဲပြားအခြောက်၊ မြင်းခြံက ပဲမှုန့်၊ မုံရွာက ဆုံဆီစတာတွေနဲ့ ခပ်စပ်စပ်လေး သုပ်ထားတာပါ။ မီနူးထဲမှာ ပါတာတွေအားလုံးက MSG […]

ဈေးတန်ပြီး အရသာရှိတာ Shan Kitchen တဲ့ဗျာ

ဈေးတန်ပြီး အရသာရှိတာ Shan Kitchen တဲ့ဗျာ “ဒီခေါက်ဆွဲ ကောင်းလွန်းလို့ စားတာပါ၊ ဆိုင်ရှင်လေး လှလို့လည်း သွားတာပါ” ရှမ်းသီချင်းသံလေးလွင့်ပျံလာတော့ ရှမ်းစာလေးတွေ စားချင်လာမိတယ် :P။ အစားသမားကိုယ်တွေလည်း အစားမသောင်းကျန်းရတာ ကြာပြီနော် အခရာ ပရိသတ်ကြီးရေ ။ ဒီတော့ ဒီတစ်ခေါက် နဝဒေးလမ်းက Shan Kitchen ဆိုတဲ့ ဆိုင်လေးအကြောင်း သွားစားပြီး ရေးပါရစေဦးဗျ။ Shan Kitchen ဆိုတာ ဒဂုံ (၁) ကျောင်းရှိတဲ့လမ်းဖြစ်တဲ့ နဝဒေးလမ်း၊Craft Cafe’ နဲ့ မျက်နှာချင်းဆိုင်မှာပါ ။ လိပ်စာ အတိအကျဆိုရင်တော့ အမှတ် ၂၆/၄၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်၊ မြန်မာလို့ ပြောထားတယ်ဗျ။ မနက် ၈နာရီကနေ ည၁၀နာရီအထိ […]

Feb 9th သို့မဟုတ် National Pizza Day

Feb 9th သို့မဟုတ် National Pizza Day Pizza ဆိုတာနဲ့ Slice တစ်ချပ်ကို ဆွဲမလိုက်တာနဲ့ Cheese တွေ အမျှင်တန်းပြီး အသား၊ အသီးအရွက်တွေ ဖြန့်တင်ထားတဲ့ သွားရေယိုစရာ Pizza ချပ်ကြီးကို ပြေးမြင်ကြမှာပါ။ Pizza ဆိုတာ အဲဒီလို အရသာရှိရုံတင် မဟုတ်ဘဲ သူငယ်ချင်းအုပ်လိုက်ကြီး စုပြီး၊ လုပြီး စားလို့လည်း အရမ်းကောင်းတဲ့ မုန့်တစ်မျိုးပေါ့။ Pizza အကြောင်းပြောနေရင်း တိုက်တိုင်ဆိုင်ဆိုင် ဒီနေ့ Feb 9th က U.S. National Pizza Day ဗျ။ National Pizza Day မှာ Pizza အကြောင်း […]

တပိုတွဲလရောက်ပါပြီ ထမနဲထိုးကြမယ်

တပို့တွဲလကို ရောက်တိုင်း ထမနဲပွဲတော်ကြီး လာတော့မှာ၊ ထမနဲတွေ စားရတော့မှာကို တွေးပျော်မိပါတယ်။ ထမနဲထိုးတာက စည်းလုံးညီညွတ်မှုကို ဖော်ညွှန်းတဲ့အတွက် ရှေးဘုရင်တွေ လက်ထက်ကတည်းက ကျင်းပလာခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ တစ်ဦးတည်း တစ်ယောက်တည်း ကောင်းရုံနဲ့တော့ ထမနဲကောင်း ဖြစ်မလာနိုင်ပါဘူး။ ထိုးသားတွေအားလုံး တက်ညီလက်ညီနဲ့ အားသွန်ခွန်စိုက် အတိုင်အဖောက်ညီညီ လုပ်ကိုင်မှသာ ထမနဲကောင်းရတာမဟုတ်ပါလား။ အအေးဓာတ်ရှိတဲ့ ဆောင်းလတပို့တွဲလမှာ ထမနဲကတော့ အပူဓာတ်နဲ့ နွေးထွေးစေရုံသာမက ဆီနိုင်လို့ အသားအရေ စိုပြေတယ်လို့လည်း ပြောကြတယ်ဗျ။ ကဲ . . ထမနဲအကြောင်းပြောနေတာနဲ့ ထမနဲ့ထိုးနည်းလေးကို ဖောက်သည်ချဦးမယ်နော်။ (၁) ကောက်ညှင်းဆန်…….(၄)ပြည် (၂ ) မြေပဲ…………………..(၈ဝ) ကျပ်သား.. (၃) နှမ်းဆီ(သို.)မြေပဲဆီ…. (၁)ပိဿာ (၄) […]

ဆူရှီစားမယ် ဘယ်လိုကွယ်

သင်သိပါသလား အမေရိကားက ဆူရှီလိပ်  တစ်ခုမှာ ဆူရှီ ၈ ခုပါဝင်ပြီး ဂျပန်ရိုးရာ ဆူရှီလိပ်တစ်ခုမှာတော့ ဆူရှီ ၆ ခုပဲ ပါဝင်တယ်ဆိုတာ။ ချပေးထားတဲ့ ဂျင်းနုဟာ ဆူရှီမစားခင်မှာ စားရတယ် ဆိုတာ။ ဆူရှီကို တစ်လုတ်တည်းနဲ့ စားမှ သင့်ရဲ့ ဆူရှီစားပုံမှန်ကန်တယ်ဆိုတာ။   ဆူရှီကို နေရာဒေသအသီးသီးက လူမျိုးပေါင်းများစွာ နှစ်ခြိုက်စွာ စားသုံးနေကြတယ် ဆိုပေမယ့် မှန်မှန်ကန်ကန် ဘယ်လို မှာရမယ်၊ မှန်မှန်ကန်ကန် ဘယ်လို စားရမယ်ဆိုတာ မသိကြသူတွေ အများကြီးပါ။ ဆူရှီ ကို ဘယ်လိုမျိုး နည်းစနစ်မှန်မှန် စားသုံးသင့်တယ်ဆိုတာကို အခရာက ရှာဖွေပြီး ဝေမျှလိုက်ပါတယ်။   1.    ရိုးရာ ဆူရှီလိပ်နဲ့ အမေရိကန်စတိုင် ဆူရှီလိပ်ရဲ့ […]

Lunch Box မှာစားမယ်

အခုနောက်ပိုင်းမှာ အွန်လိုင်းရှော့ပင်တွေ ခေတ်စားလာသလိုပဲ အစားအသောက်ပို့တဲ့လုပ်ငန်းတွေပါ အတော်ခေတ်စားလာပါတယ်။ Lunch Box Service တွေရှိလာတဲ့အတွက် အလုပ်များလို့ ထမင်းဘူးမထည့်နိုင်သူတွေ အဆောင်မှာနေလို့ ထမင်း ဟင်းချက်ဖို့ အဆင်မပြေသူတွေလည်းအိမ်ထမင်း အိမ်ဟင်းကို အဆင်ပြေပြေစားနိုင်ပြီဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ အခရာ အဖွဲ့သားတွေက Lunch Box မှာစားဖို့ စဉ်းစားကြပါတယ်။ Lunch Box မှာဖို့အတွက် The Lunch Box ၊ Panda Lunch Box နဲ့ မြို့မေတ္တာတို့ကို ရွေးချယ်ဖြစ်ပါတယ်။ ဆိုင်သုံးဆိုင်လုံးကတော့ Lunch Box Delivery ကို သေသေချာချာလုပ်ကိုင်နေတဲ့ ဆိုင်တွေပါ။ ကဲ… မှာစားကြည့်ရအောင်။ မှာယူခြင်း (၁) Panda Lunch Box […]

Bacon (သုံးထပ်သား) တစ်ထုပ် နဲ့ ဖွယ်ဖွယ်ရာရာ ချက်စားမယ် ( Akhayar – Recipe )

Bacon (သုံးထပ်သား) တစ်ထုပ် နဲ့ ဖွယ်ဖွယ်ရာရာ ချက်စားမယ် ( Akhayar – Recipe )        လစာလေးကလည်းထုတ်ထားတာသိပ်မကြာသေး၊ ဖွယ်ဖွယ်ရာရာစားချင်စိတ်လေးကလည်း ဖြစ်လာတဲ့အခါမတော့  ကျနော့အိမ်နဲ့ နီးတဲ့ မြန်မာပလာဇာ Market Place ကိုရောက်ဖြစ်ပြန်ရောလားဗျား။ ကျနော် Bacon ( သုံးထပ်သား ) စားချင်နေတာကြာပြီဆိုတော့ ဈေး ခြင်းတောင်းထဲကို အရင်ဦးဆုံး Bacon တစ်ထုပ်ပစ်ထဲ့လိုက်တယ်။ ဒီ တစ်ပတ် ကျနော် ခေးတို့၊ မွီး တို့ကို ချက်ကျွေးမှာကတော့ Bacon မှို ကညွတ်ကြော် နဲ့ Bacon ကင်ချီစတူး တို့ပဲ ဖြစ်ပါတယ်။ Bacon မှို ကညွတ်ကြော် […]

အိုမို…အိုမို..လို့တယူရတဲ့ Ahjumma အာဂျီးမား

အခရာအဖွဲ့သားတွေက ဒီတစ်ခေါက်တော့ နဝဒေးလမ်း (ဒဂုံ၁ရှိတဲ့လမ်း) မှာရှိတဲ့AhjummaKitchen (အာဂျီးမား) ဆိုတဲ့ကိုရီးယားဆိုင်လေးကိုခြေလှမ်းဖြစ်ပါတယ်။ ဆိုင်သက်တမ်းက(၂) နှစ်ကျော်ကျော်ရှိပြီဆိုတော့ အခရာပရိသတ်တော်တော်များများ ရောက်ဖူးနေပြီးသားဖြစ်မယ်လို့တောင် ထင်ပါတယ်။ နဝဒေးလမ်း အလယ်လောက်မှာရှိပြီး ဒဂုံ(၁) ကျောင်းလည်းရှိတာမို့ ကျောင်းဆင်းချိန်မျိုးဆို ကားပါကင်ရဖို့တော့ နည်းနည်းခက်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀) နာရီကနေည (၉)နာရီအထိပါ။ ဆိုင်ထဲဝင်တာနဲ့ ဟင်းနံ့လေးခပ်သင်းသင်းသာရပြီး အရမ်းညှော်နေတာမျိုး၊ အကင်နံ့တွေ အကြော်နံ့တွေမွှန်ထူနေတာမျိုး မရှိပါဘူး။ ကိုရီးယားစတိုင်လ်စားပွဲပုလေးတွေနဲ့စားပွဲအောက်ခြေထောက်ထိုးပြီး အေးအေးဆေးဆေးထိုင်လို့ရပါတယ်။ ကဲ…စမှာပါပီ…လာလေရော့ပဲခေါက်ဆွဲ…  ညတိုင်းဇာတ်လမ်းတွဲကြည့်ရင်း  သွားရေကျခဲ့ရတာမို့ အပီဆွဲဖို့မှာပါတယ်။ ပဲခေါက်ဆွဲက ကိုရီးယားကားတွေထဲကလိုတော့ ခေါက်ဆွဲဖတ်အလုံးကြီးကြီးမဟုတ်ပါဘူး။ ခေါက်ဆွဲဖတ်အလတ်စားနဲ့ပုစွန်၊ကင်းမွန်၊သခွားသီးတို့ ပါပါတယ်။ စားရတာတော့မဆိုးဘူး။  ဒါပေမဲ့ အနှစ်တော့နည်းတယ်လို့ မှတ်ချက်ပေးချင်ပါတယ်။ နောက်တစ်ပွဲကကျတော့ ဝက်သားဆလပ်ပါ။ ကိုရီးယားကားတွေထဲမှာဆို ဝက်သားကင်ကို ဆလတ်ရွက်လေးထဲမြှုပ်ပြီး သူတပြန်ကိုယ်တပြန်ခွံ့နေကျဆိုတော့ […]

မြန်မာပလာဇာ လေးလွှာက အလန်းဇယား Eclipse Bar & Restaurant (Bar Review)

Bar အသစ် တစ်ခု။ ပိုပြီးပြောရမယ်ဆို လန်ထွက်နေပြီး အထာ တော်တော်ကျတဲ့ Bar အသစ် တစ်ခု။ ပိုပြီးပြည့်စုံအောင်ပြောရမယ်ဆို ရန်ကုန်မြို့၊ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်က မြန်မာပလာဇာ၊ လေးလွှာမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ Decoration အဆန်း၊ view အကြမ်းကြီးတွေ နဲ့ Eclipse Bar & Restaurant ။ ဟုတ်ပါတယ်။ ဖွင့်လိုက်တာ တစ်ပတ်တောင် မပြည့်သေးပါဘူး။ ရန်ကုန်မြို့ NightLife သမားတွေအတွက် သွားစရာနေရာ အကြီးကြီး တစ်ခုတိုးပြီလို့သာ မှတ်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးမျိုးသော Nightlife သမားတွေ၊ Nightout သမားတွေ၊ Party People တွေ၊ Bar ချစ်သူတွေအားလုံး သဘောကျစရာ အချက်အလက်တွေရှိနေလို့ပါပဲ။ ပြီးခဲ့တဲ့ […]

What's Rising

What's Hot