Kyaw Soe Aung

This is Kyaw Soe Aung, one of the content writers from Akhayar.com. My responsibility is to create engaging contents across social media platform and website as well. I always love to come up with the most relevance ideas by identifying the best practices and monitoring different content platform. I always prefer to produce quality contents which I am also doing it rather than quantity.
သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ဘဏ်ဓားပြမှုကြီးများ
သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ဘဏ်ဓားပြမှုကြီးများ

ဗဟိုဘဏ်ဖောက်ထွင်းမှု (Banco Central Burglary) ဘရာဇီးနိုင်ငံ ဆီရာပြည်နယ် (Ceará) ဖော်တလေးဇာမြို့ (Fortaleza) မှာရှိတဲ့ Banco Central ဗဟိုဘဏ်ဟာ ၂ဝဝ၅ခုနှစ် သြဂုတ်လ ၅ရက် (စနေနေ့) မှာ ဖော်ထွင်းခံလိုက်ရပါတယ်။ တကယ်တော့ ဖောက်ထွင်းရေးသမားတွေဟာ ဘဏ်နဲ့အနီးနားမှာ အိမ်ငှားပြီးတော့ ဥယျာဉ်ခြံကုမ္ပဏီဟန်ဆောင်ကာ ဥမင်လိုဏ်ခေါင်းတူးနေခဲ့တာပါ။ ဖောက်ထွင်းရေးသမားတွေဟာ ၃လလောက်ကြိုတင်ပြီး ဘဏ်ရဲ့အောက်ခြေကိုရောက်အောင် ၂၅၆ပေနီးပါး တွင်းတူးခဲ့ပါတယ်။ ဘဏ်တိုက်ရဲ့အောက်ခြေကိုရောက်တာနဲ့ အင်္ဂတေကိုခွာပြီး ဘရာဇီးငွေပေါင်း သန်း၁၆ဝ (အမေရိကန်ဒေါ်လာ ၇၁.၆သန်းခန့်) ပါသွားခဲ့ပြီး ဘရာဇီးသမိုင်းမှာ အဆိုးဝါးဆုံးဘဏ်ဖောက်ထွင်းမှုကြီး ဖြစ်လာခဲ့ပါတယ်။ ဘဏ်ပိတ်ရက် (စနေနေ့) မှာ ဖောက်သွားလို့ ချက်ချင်းမသိဘဲ တနင်္လာနေ့မှသာ သိခဲ့ရပါတယ်။ နောက်ပိုင်းမှာ တရားခံတချို့ကို ဖမ်းမိခဲ့ပေမယ့် […]

ပြောင်းရွှေ့ခွင့်အတွက် အသင်းကိုဖိအားပေးခဲ့ရသူများ
ပြောင်းရွှေ့ခွင့်အတွက် အသင်းကိုဖိအားပေးခဲ့ရသူများ

ဘောလုံးလောကမှာ အသင်းကလက်မလွှတ်ချင်ပေမယ့် ကာယကံရှင်ကိုယ်တိုင်က အသင်းကိုစွန့်ခွာချင်ပြီး မဖြစ်မနေ ဆန္ဒပြဖိအားပေးခဲ့ရတဲ့ ကစားသမားတွေရှိပါတယ်။ စတားလင်း၊ ပါယက်၊ ရှနိုက်ဒါလင် အစရှိတဲ့ကစားသမားတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ မိမိတို့ရဲ့အသင်းဟောင်းကိုယ်စီမှာ အသင်းသစ်ကိုပြောင်းရွှေ့ခွင့်ရဖို့ ဖိအားပေးခဲ့ကြသူတွေဖြစ်ပါတယ်။ အသင်းပြောင်းခွင့်မရတာကြောင့် ကစားသမားအနေနဲ့ လေ့ကျင့်ရေးကွင်းကို ပျက်ကွက်တာ၊ ကစားပွဲအပေါ်အာရုံမစိုက်တော့တာအပြင် အသင်းအတွက် မကစားပေးချင်တော့တာတွေဖြစ်ပြီး အသင်းအတွက် ကောင်းဖို့မဖြစ်နိုင်တာကြောင့် နောက်ဆုံးမှာ အသင်းက လက်လွှတ်လိုက်ရတာချည်းပါပဲ။ လတ်တလောမှာလည်း ဆောက်သင်သမ်နောက်ခံလူ ဗန်ဒိဂ်ျခ် ဟာ လီဗာပူးလ်ကို ပြောင်းရွှေ့ခွင့်ရဖို့ အသင်းကိုဖိအားပေးနေတယ်လို့ သိရပါတယ်။ ပြောခဲ့ပြီးသလိုပဲ ဒီလို အပြောင်းအရွှေ့အတွက် အသင်းကိုဖိအားပေးသူတွေထဲမှာ ဗန်ဒိဂ်ျခ် က ပထမဆုံးတော့ မဟုတ်တာသေချာပါတယ်။ ၁၀။ မော်ဂန်ရှနိုက်ဒါလင် (Morgan Schneiderlin) ၂၀၁၄ ခုနှစ်မှာ ဆောက်သင်သမ်အသင်းနဲ့ […]

ချဲလ်ဆီးမှာ အပယ်ခံဘဝကနေ တခြားအသင်းမှာ တောက်ပလာတဲ့ ကစားသမားများ
ချဲလ်ဆီးမှာ အပယ်ခံဘဝကနေ တခြားအသင်းမှာ တောက်ပလာတဲ့ ကစားသမားများ

ပေါင် ၃၉ သန်းနဲ့ ရိုးမားကနေ လီဗာပူးလ်ကို ရောက်ရှိခဲ့တဲ့နောက် မိုဟာမတ်ဆာလာ (Mohamed Salah ) တခြားတစ်နေရာရာမှာ တောက်ပြောင်လာခဲ့တဲ့ ချယ်လ်ဆီးရဲ့ အပယ်ခံကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်လာပါတယ်။ ချယ်လ်ဆီးဟာ ဆာလာကို ၂၀၁၅ ခုနှစ်တုန်းက ပေါင် ၁၆ သန်းနဲ့ရောင်းချခဲ့တာပါ။ ဒီကစားသမားဟာ ပရီးမီးယားလိဂ်ကာလတိုမှာ ထင်သလောက်ချယ်လ်ဆီးအတွက် ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် စီးရီးအေမှာတော့ ခြေစွမ်းတွေ ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုချယ်လ်ဆီးမှာရုန်းကန်ခဲ့ရပြီး အခြားအသင်းမှာအောင်မြင်တဲ့ကစားသမားတွေထဲမှာ ဆာလာက ပထမဆုံးတော့ မဟုတ်ပါဘူး။ ဆာလာအပါအဝင် စတန်းဖို့ဒ်ဘရစ်ခ်ျ မှာ ကျရှုံးပြီး အခြားနေရာရောက်သွားချိန်မှာ အောင်မြင်မှုရရှိခဲ့တဲ့ ကစားသမား ၁၀ ယောက်ကို Daily Mail အခုလိုဖော်ပြသွားခဲ့ပါတယ်။   ကယ်ဗင် ဒီဘရွန်း […]

“The World’s Ugliest Dog – ကမ္ဘာ့ရုပ်အဆိုးဆုံးခွေး” ဆုရတဲ့ Martha
“The World’s Ugliest Dog – ကမ္ဘာ့ရုပ်အဆိုးဆုံးခွေး” ဆုရတဲ့ Martha

[Zawgyi] အမေရိကန်နိုင်ငံ ကယ်လီဖိုနီးယားပြည်နယ် (California) ပီတာလူမာမြို့ (Petaluma) မှာ ကျင်းပတဲ့  Sonoma-Marin Fair ရဲ့ “The World’s Ugliest Dog – ကမ္ဘာ့ရုပ်အဆိုးဆုံးခွေး” ပြိုင်ပွဲမှာ ကမ္ဘာအရပ်ရပ်ကနေ ရုပ်အဆိုးတကာ အဆိုးဆုံးခွေး၁၃ကောင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရုပ်ဆိုးတဲ့ပြိုင်ပွဲမှာ သရဖူဆောင်းသွားတာက Martha ဆိုတဲ့ခွေးကြီးဖြစ်ပါတယ်။ Martha ဟာ Neapolitan Mastiff ဆိုတဲ့ အီတလီခွေးဘီလူးအမျိုးအစားဖြစ်ပြီးတော့ ၁၂၅ပေါင်တောင်ရှိပါတယ်။ မျက်လုံးမွဲနေပြီးတော့ မျက်ထောင့်လည်းနီနေတဲ့ Martha ဟာ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ရုပ်အဆိုးဆုံးဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။ ပုံဆိုးဆိုးမျက်နှာထားနဲ့ အကဲဖြတ်ဒိုင်တွေကို ဆွဲဆောင်နိုင်ရုံမက တံတွေးကျနေတဲ့ ဟန်ပန်ကလည်း ဒီဆုကို ရရှိတဲ့အကြောင်းရင်းဖြစ်လာခဲ့ပါတယ်။ Martha ဟာ […]

လီဗာပူးရဲ့အပြောင်းအရွေ့နဲ့ အသင်းတည်ဆောက်မှုအခြေအနေတွေကို ချဉ်းကပ်ကြည့်ခြင်း
လီဗာပူးရဲ့အပြောင်းအရွေ့နဲ့ အသင်းတည်ဆောက်မှုအခြေအနေတွေကို ချဉ်းကပ်ကြည့်ခြင်း

[Zawgyi] ဒီရာသီအပြောင်းအရွှေ့ကာလမှာ လီဗာပူးအနေနဲ့ ငွေကြေးကြီးကြီးမားမားမသုံးသေးပေမယ့် အတော်လေးလှုပ်လှုပ်ခတ်ခတ် ရှိနေခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုပ်ကိုင်နိုင်ခဲ့တာကြောင့် နည်းပြဂျာဂျုင်ကလော့ဟာ သူ့အသင်းကိုအကောင်းဆုံးပုံဖော်ပြီး လာမယ့်ရာသီမှာ ဖလားပြိုင်ဆိုင်မှုလမ်းကြောင်းပေါ် ဆက်လက်ရပ်တည်နိုင်ဖို့ သေသေချာချာတည်ဆောက်နေတာပါ။ လတ်တလောမှာ ရိုးမားတောင်ပံကစားသမားကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးဖြစ်သလို နာဗီကီတာ နဲ့ ဗီဂျီ ဗန်ဒီဂ်ျခ် တို့ကို ပေါင် သန်း ၅၀ အသီးသီးနဲ့ ခေါ်ယူဖို့ ဆက်လက်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ အပြောင်းအရွေ့အတွက် လီဗာပူးအနေနဲ့ ပေါင် သန်း ၁၅၀ သုံးစွဲဖို့ရည်မှန်းထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ရာသီက ဆုပ်ကိုင်နိုင်ခဲ့တဲ့ သူတို့ရဲ့ဦးစားပေးရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို အနည်းဆုံးပြန်ပြီးမဆုံးရှုံးအောင် ဒီငွေကြေးပမဏနဲ့ ပြန်ကြားကန်ထားနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီအတွက် အသင်းကိုအထောက်အကူကြီးကြီးမားမားပေးနိုင်မယ့် ကစားသမားတွေ […]

ရာသီဥတုနဲ့မကိုက်ညီတဲ့ ယူနီဖောင်းကို ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတစ်စု
ရာသီဥတုနဲ့မကိုက်ညီတဲ့ ယူနီဖောင်းကို ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတစ်စု

[Zawgyi] အင်္ဂလန်နိုင်ငံမှာ အပူချိန်လွန်ကဲနေလို့ ကျောင်းသားတွေ၊ ဝန်ထမ်းတွေအတွက် သတ်မှတ်ထားတဲ့ ယူနီဖောင်းဟာ ရာသီဥတုနဲ့ မကိုက်ညီလို့ ဒုက္ခရောက်ကြရပါတယ်။ အင်္ဂလန်နိုင်ငံမှာဆို ကျောင်းသူတွေအတွက် စကတ်ဝတ်ဆင်ခွင့်ပေးပြီး ကျောင်းသားတွေအတွက် ဘောင်းဘီတိုဝတ်ဆင်ခွင့်ရှိတာ မဟုတ်ပါဘူး။ ကျောင်းသားတွေအတွက်က ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ် ဘောင်းဘီရှည်သာ ဝတ်ဆင်ရတာဖြစ်ပါတယ်။ ဆောင်းရာသီမှာ ပြောစရာမရှိပေမယ့် အပူချိန်မြင့်လာရင် အဆင်မပြေပါဘူး။ အခုလည်း အင်္ဂလန်နိုင်ငံ အိတ်ဇီတာမြို့ (Exeter) မှာရှိတဲ့ ISCA Academy အထက်တန်းကျောင်းမှာလည်း ကျောင်းသားတွေဟာ သတ်မှတ်ထားတဲ့ ယူနီဖောင်းနဲ့ အဆင်မပြေခဲ့ပါဘူး။ ဘောင်းဘီတိုဝတ်လာရင် စာသင်ခန်းထဲဝင်ခွင့်မပေးတဲ့အတွက် ကျောင်းသားတွေဟာ ပျက်ကွက်စာရင်းထဲ ပါသွားပါတယ်။ ကျောင်းသူတွေအတွက်က စကတ်နဲ့ဆိုတော့ ရာသီဥတုပူလည်း ကိစ္စမရှိပါဘူး။ ကျောင်းသားမိခင်တစ်ယောက်ကလည်း အခုလို ရင်ဖွင့်သွားပါတယ်။ “ယူနီဖောင်းက ကျောင်းသူတွေ […]

အသက် ၃၀ ကျော် တန်ဖိုးအကြီးဆုံး စာချုပ်ချုပ်ဆိုခေါ်ယူမှုများ
အသက် ၃၀ ကျော် တန်ဖိုးအကြီးဆုံး စာချုပ်ချုပ်ဆိုခေါ်ယူမှုများ

အသက်ကြီးပေမယ့် မပျက်စီးသေးလို့ ဈေးကြီးပေးဝယ်စာချုပ်ခဲ့ရတဲ့ ကစားသမားကြီးတွေပါ။ လက်ရှိ အသက်၃၂ ရှိပြီဖြစ်တဲ့ စီရိုနယ်ဒိုဆိုရင်လည်း ရီရဲလ်ကထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် ဒီစာရင်းထဲမှာပါတဲ့ကစားသမားအားလုံးထက် အများကြီးဈေးပိုကြီးမှာတော့ အသေအချာပါပဲ။ ကဲ…ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ရအောင်လား။ ၁၀။ ဂရာဇီရာနို ပီလီ ( ပေါင် ၁၃ သန်း၊ ဆောက်သင်သမ်မှ ရှန်ဒေါင်း လူနင် -၂၀၁၆) တစ်ခုတည်းသော အရာကြောင့်သာလျင် တရုတ်ကို ဘောလုံးသမားအများစု ပြောင်းရွေ့သွားကြတာပါ။ အဲဒါဟာ ငွေပါပဲ။ ဒါပေမယ့် လာဗက်ဇီ၊ ကာလို့စ်တီဗက်စ်၊ အော်စကာ၊ ဟော့ခ် နဲ့ အခြား တရုတ်ကိုသွားခဲ့ကြတဲ့ ကစားသမားတွေကို မေးကြည့်ပါ။ ဘာကြောင့် ဘောလုံးအဆင့်အတန်းမြင့်တဲ့ ဥရောပကနေ တရုတ်ကို ရဲရဲကြီးသွားရောက် ကစားကြသလဲလို့ပေါ့။ အဖြေကို တစ်ယောက်တစ်မျိုးဖြေကြပါလိမ့်မယ်။ […]

လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ရဲ့ အကြီးမြတ်ဆုံးကစားသမားများ
လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ရဲ့ အကြီးမြတ်ဆုံးကစားသမားများ

ပရီးမီယားလိဂ်လို့ အမည်တွင်လာခဲ့တဲ့ ၁၉၉၂/၉၃ အချိန်ကာလတွေကနေစပြီး အံ့ဖွယ်ဒီပြိုင်ပွဲကြီးတွေထဲမှာ မိမိရဲ့အမှတ်သညာတစ်ခုခုကို စွဲစွဲထင်ထင်ချန်ရစ်နိုင်ခဲ့တဲ့ နာမည်ကျော်ကစားသမားတွေ အတော်များများရှိခဲ့ပါတယ်။ မန်ယူ၊ အာဆင်နယ်၊ ချယ်လ်ဆီးတို့လို အသင်းတွေက ဒီပြိုင်ပွဲကာလတစ်လျှောက်လုံးမှာ အအောင်မြင်ဆုံးကလပ်တွေအဖြစ် ရပ်တည်ခဲ့ကြပါတယ်။ ဒါကြောင့် အခုဖော်ပြမယ့် ဂန္တဝင်ကစားသမားအများစုဟာ ဒီအသင်း ၃ သင်းကဖြစ်တယ်ဆိုရင် အံ့သြစရာမရှိပါဘူး။ မန်ယူဆိုရင် ဒီကာလတစ်လျှောက်မှာ ချန်ပီယံဆု ၁၃ ကြိမ်ရယူခြင်းအားဖြင့် မယုံနိုင်ဖွယ်ရာတွေ လုပ်ပြသွားနိုင်ခဲ့ပြီး အခုစာရင်းထဲမှာလည်း မန်ယူကစားသမား ၄ ဦးအထိ ပါဝင်တာကို တွေ့ရမှာပါ။ သိပ်အရှည်ကြီး နိဒါန်းမပျိုးတော့ပဲ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံးကစားသမား ၁၀ ယောက်ကို ခုပဲကြည့်လိုက်ရအောင်ပါ။ ၁၀။ အက်ရှ်လေကိုးလ် ပရီးမီးယားလိဂ်ရဲ့ အကြီးမြတ်ဆုံးဘယ်နောက်ခံလူဟာ အင်္ဂလန်လက်ရွေးစင်နဲ့ ချယ်လ်ဆီးနောက်ခံလူ အက်ရှ်လေကိုးလ် […]

အပူဒဏ်ကို အံတုခဲ့သူ Joey
အပူဒဏ်ကို အံတုခဲ့သူ Joey

[Zawgyi] ကိုယ်တွေနိုင်ငံက မိုးတွေရွာနေလို့ မီးပျက်တာက သူများနိုင်ငံနဲ့ ယှဉ်ကြည့်ရင် တော်သေးတယ်၊ ကူဝိတ်နိုင်ငံများ အပူချိန် ၅၄ဒီဂရီစင်တီဂရိတ်အထိ တက်သွားလို့ တစ်နိုင်ငံလုံး ဒုက္ခရောက်နေကြတာ။ အဲယားကွန်းမတပ်နိုင်ရင် သေဖို့သာပြင်ပေတော့။ အင်္ဂလန်မှာဆိုလည်း အပူချိန်က ၃၂ဒီဂရီစင်တီဂရိတ်လောက် ဖြစ်သွားလို့ အပြင်ကို မထွက်ဖို့ သတိပေးထားသေးတယ်။ အပူဒဏ်ကို ကာကွယ်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံကြရတာပေါ့ဗျာ။ ဒါပေမယ့် အင်္ဂလန်နိုင်ငံ ဘက်ကင်ဟန်ရှိုင်းယားမြို့ (Buckinghamshire) က ဂျိုးယေး (Joey) ဆိုတဲ့သူငယ်ကတော့ သူများနဲ့မတူပါဘူး။ ပူအိုက်လွန်းတဲ့အတွက် ဘောင်းဘီတိုဝတ်ပြီး ရုံးတက်လိုက်တယ်။ ဘောင်းဘီတိုနဲ့ဆိုတော့ ရုံးက အိမ်ကိုပြန်လွှတ်တယ်။ အပူဒဏ်ကလည်း မခံနိုင်ဘူး။ ရုံးကလည်း တက်မှကို ဖြစ်မှာ။ သူ ကြံလိုက်တယ်။ အကြံရသွားပါပြီ။ ရုံးဝန်ထမ်းမိန်းကလေးတွေက […]

အစာစားပြီး ဒါတွေမလုပ်ပါနဲ့
အစာစားပြီး ဒါတွေမလုပ်ပါနဲ့

ကိုယ်တွေက ထမင်းစားပြီးရင် ဇာတ်ကားကြည့်ပြီး လှဲနေလိုက်ရမှ နေသာထိုင်သာရှိတာ၊ ဒါမှမဟုတ်ရင်လည်း လက်ဖက်ရည်သောက်ပြီး ဆေးလိပ်ဖွာလိုက်ရမှ ခံတွင်းချဉ်ပြေတာဗျ။ ဒါပေမယ့် ထမင်းစားပြီးခါစမှာ ကိုယ်လုပ်တဲ့အရာတွေက ကျန်းမာရေးနဲ့ သင့်တော်တယ်၊ မသင့်တော်ဘူးဆိုတာ မသိခဲ့ပါဘူး။ တကယ်ဆိုရင် အစာစားပြီးခါစမှ ဒီလိုလုပ်တာတွေ မကောင်းဘူးဆိုတာ နောက်မှသိရတာပါ။ အခုဖော်ပြပေးမှာကတော့ အစာစားပြီး မလုပ်သင့်တဲ့အချက် (၅) ချက်ပဲဖြစ်ပါတယ်။ ၁။ မအိပ်ပါနဲ့။ ထမင်းစားပြီးခါစ ဒါမှမဟုတ် အစာစားပြီးခါစမှာ ချက်ချင်းမအိပ်လိုက်ပါနဲ့။ အိပ်လိုက်မယ်ဆိုရင် အစာအိမ်ကို ဖောင်းပွစေရုံမက မအီမသာဖြစ်စေမှာပါ။ နောက်ပြီးတော့ အစာစားပြီးချက်ချင်းအိပ်တဲ့သူတွေက လေဖြတ်ဖို့အခွင့်အလမ်းပိုများပါတယ်။ အစာစားပြီး ၂နာရီလောက်ကြာမှ အိပ်တာ အကောင်းဆုံးပါပဲ။ ၂။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်တာက ကျန်းမာရေးထိခိုက်တယ်ဆိုတာ လူတိုင်းသိပါတယ်။ လူတိုင်းမသိတဲ့အချက်က ထမင်းစားပြီး […]