အောင်မြင်သူမိန်းကလေးတွေ မနက်ပိုင်းမှာဒါတွေမလုပ်ဘူး
အောင်မြင်သူမိန်းကလေးတွေ မနက်ပိုင်းမှာဒါတွေမလုပ်ဘူး

လုပ်ငန်းခွင်ဝင်နေကြတဲ့ မိန်းကလေးတွေထဲမှာ တချို့တွေက အများထက်ပိုရှေ့တန်းရောက်ပြီး လုပ်ငန်းစွမ်းဆောင်ရည်ပိုကောင်းတာတွေ့ရပါတယ်။ သူတို့အနေနဲ့ အလုပ်သွားရတဲ့ မနက်တိုင်းမှာ ဘာတွေလုပ်လေ့မရှိဘူးလဲဆိုတော့… အွန်လိုင်းသုံးမနေဘူး အခုနောက်ပိုင်းလူအများစုက အိပ်ရာကနေချက်ချင်းမထသေးဘဲ ဖေ့စ်ဘွတ်ခ်လေးကြည့်လိုက် တခြားဖျော်ဖြေရေးလေးကြည့်လိုက်နဲ့ လုပ်နေတတ်ပါတယ်။ အလုပ်ကိုအာရုံစိုက်ပြီး အလုပ်နဲ့ရည်မှန်းချက်တွေရှိသူကတော့ ဒီလိုလုပ်လေ့မရှိပါဘူး။ အိပ်ရာနိုးတာနဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေ တချက်စဉ်းစားပြီး အိပ်ရာကထတော့တာပါပဲ။ Snooze ခလုတ်ကိုမနှိပ်ဘူး ကြိုးစားသူလေးတွေဟာ အလုပ်ချိန်မီအောင် သင့်တော်တဲ့အချိန်မှာ အိပ်ရာထပါတယ်။ နာရီသံပတ်ပေးဖို့တောင် မလိုပါဘူး။ တကယ်လို့ နှိုးစက်နာရီသုံးတယ်ဆိုရင်လည်း ဘယ်တော့မှ Snooze ခလုတ် ပြန်မနှိပ်သူတွေဖြစ်ပါတယ်။ အဝတ်အစားရွေးမနေဘူး အဝတ်အစားအတွက် ညကတည်းကပဲကြိုပြင်ဆင်ပါတယ်။ မနက်ကျမှ ဘာဝတ်ရင်ကောင်းမလဲ စဉ်းစားပြီး အချိန်ကုန်သူတွေမဟုတ်ကြပါဘူး။ မနက်ပိုင်းမှာ ဘာဝတ်ရင်ကောင်းမလဲရွေးရတာက စိတ်ဖိစီးစေတယ် ကိုယ့်ကိုဖရိုဖရဲဖြစ်စေတယ်ဆိုတာ သူတို့တွေသိကြပါတယ်။ မနက်စာမလွတ်ဘူး သူတို့အနေနဲ့တစ်နေကုန်စွမ်းအင် […]

ဘာကြောင့် ခေါင်းရေစိုနဲ့ညမအိပ်သင့်တာလဲ
ဘာကြောင့် ခေါင်းရေစိုနဲ့ညမအိပ်သင့်တာလဲ

ခုလိုပူတဲ့ရာသီမှာ တစ်ကိုယ်လုံးကချွေးတွေထွက် ယားယံနေတာကြောင့် ညဘက်အိပ်ရင်ရေမချိုးဘဲအိပ်ဖြစ်တဲ့သူဆိုတာ ခပ်ရှားရှားဖြစ်မှာပါ။ ခုလိုပူလွန်းတဲ့အချိန်မှာတော့ ညမအိပ်ခင်ပိုပြီးတော့ ရေချိုးဖြစ်နေကြပါတယ်။ တချို့ဆိုရင်ခေါင်းပါလျှော်ကြပါတယ်။ ညဘက်ခေါင်းလျှော်ဖြစ်တဲ့အခါ မီးပျက်တာကြောင့်ရော တခြားအကြောင်းအမျိုးမျိုးနဲ့ပါ ဆံပင်မခြောက်တခြောက်အနေအထားနဲ့ အိပ်လိုက်တာမျိုးရှိပါတယ်။ ဒီလိုခေါင်းရေစိုနဲ့ အိပ်ပစ်လိုက်ရင် ဘယ်လိုဆိုးကျိုးတွေဖြစ်လဲဆိုတာကို မျှဝေပေးချင်ပါတယ်နော်။ ဆံသားပျက်စီးခြင်း ဆံသားတွေဟာ ခေါင်းလျှော်ပြီးစရေစိုနေချိန်မှာ အားပျော့နေတတ်ပါတယ်။ ဒီလိုရေစိုနေချိန်မှာ ဆံပင်က ကျိုးလွယ်ပြတ်လွယ် ကျွတ်လွယ်ပါတယ်။ ခေါင်းဖြီးနဲ့ဖြီးကြည့်ရင် ဆံပင်တွေပိုကျွတ်လာတာကိုတွေ့ရမှာပါ။ ခေါင်းရေစိုနဲ့ အိပ်မိတဲ့အခါမှာလည်း ဒီလိုပါပဲ။ အားနည်းနေတဲ့ ဆံပင်သားနဲ့ ခေါင်းအုံးနဲ့ပွတ်တိုက်ပြီး ဆံသားတွေနာတာ ကျိုးကြေတာ ပြတ်တာတွေ ဖြစ်လာပါတော့တယ်။ အနံ့အသက်မကောင်းခြင်း နောက်တစ်ချက်က အနံ့အသက်ပါ။ ဆံပင်သေချာလျှော်ပြီး သေသေချာချာအခြောက်ခံပေးရင် ဆံပင်လေးက နောက်တစ်ရက်ကုန်သည်အထိ ပုံစံတကျလှပနေပါတယ်။ ခေါင်းအနံ့ကလည်း နောက်ရက်အထိမွှေးနေတတ်ပါတယ်။ တကယ်လို့များ ဆံပင်ရေစိုနဲ့အိပ်မိရင် […]

သရေစာတွေစားမိနေတာ သင့်အပြစ်မဟုတ် မျိုးရိုးဗီဇကြောင့်ပါ
သရေစာတွေစားမိနေတာ သင့်အပြစ်မဟုတ် မျိုးရိုးဗီဇကြောင့်ပါ

တချို့တွေက ဆီကြော်တွေ ၊ အချိုတွေ ၊ အမြန်စာတွေ ၊ Snack အထုပ်တွေလိုမျိုးအာဟာရတန်ဖိုး မပြည့်တဲ့ အစားအသောက်တွေကိုကြိုက်နှစ်သက်ကြပါတယ်။ တွေ့လိုက်တာနဲ့ မစားရမနေနိုင်ဆိုတဲ့ပုံစံမျိုးပါ။ ဒီလို အငမ်းမရဖြစ်တတ်သူတွေရဲ့အဓိကပြဿနာကိုစပိန်သုတေသနပညာရှင်တွေက သိပ္ပံနည်းကျလေ့လာခဲ့ကြပါတယ်။ ဒီလိုသရေစာတွေ အလွယ်စာတွေကို ကြိုက်နှစ်သက်သူတွေက Diet ကိုထိန်းညှိဖို့မလွယ်ကြသလို ဝိတ်ကျဖို့လည်းခက်ခဲကြပါတယ်။  အချို ၊ အအီ ၊ ဆီကြော်စာတွေကြိုက်တတ်သူဟာ  သူတို့ရဲ့မျိုးရိုးဗီဇအပေါ်မူတည်နေပါတယ်လို့ လေ့လာချက်တွေအရသက်သေပြနိုင်ခဲ့ပါတယ်။ အမျိုးသားအမျိုးသမီး ၁၈၁ ယောက်ကို သူတို့ရဲ့ စားသောက်နေထိုင်မှုနဲ့ပတ်သက်ပြီး လေ့လာမှုတွေပြုလုပ်ရာမှာ အဝလွန်သူတွေဟာ အချို ၊ အငန် နဲ့ ဆီကြော်စာတွေကို ကြိုက်နှစ်သက်တဲ့မျိုးရိုးဗီဇနဲ့ ဝမယ့်မျိုးရိုးဗီဇပါရှိနေတာကို တွေ့ရပါတယ်။  ဒါကြောင့်ကိုယ်အလေးချိန်ပြဿနာကို ဖြေရှင်းရာမှာလူတစ်ယောက်နဲ့တစ်ယောက် တူညီနိုင်မှာမဟုတ်ဘဲ စနစ်တကျလေ့လာအဖြေရှာဖို့လိုတယ်လို့ သုံးသပ်ပြခဲ့တာပါ။ ဒီတော့ကိုယ်အစားအသောက်သောင်းကျန်းနေမိတာ […]

လူငယ်တွေကတောင်အားကျရတဲ့ အသက် ၆၃ နှစ်အရွယ်မော်ဒယ်လ် Lyn Slater
လူငယ်တွေကတောင်အားကျရတဲ့ အသက် ၆၃ နှစ်အရွယ်မော်ဒယ်လ် Lyn Slater

Lyn Slater လို့ခေါ်တဲ့ အသက် ၆၃ နှစ်အရွယ်အန်တီကြီးက Fordham University မှာစာသင်တဲ့ဆရာမဖြစ်ပါတယ်။ တစ်နေ့တော့ ဖက်ရှင်ရှိုးတွေအများကြီးလုပ်တဲ့ Lincoln Center နားမှာသူငယ်ချင်းဖြစ်သူကိုစောင့်နေချိန် သူ့ရဲ့တစ်မူထူးခြားတဲ့ဖက်ရှင် ၊ စတိုင်လ်ကျလွန်းတဲ့ သူမပုံစံကိုမြင်ပြီး ဓာတ်ပုံဆရာတစ်ယောက်က ဖက်ရှင်ရပ်ဝန်းကဂုရုကြီးအမှတ်နဲ့ ဓာတ်ပုံတွေရိုက်ပါတယ်။ သတင်းထောက်တွေကလည်း အင်တာဗျူးတွေလုပ်ကြပါတယ်တဲ့။ ဒီတစ်ခဏဟာ သူမဘဝအတွက်အပြောင်းအလဲတစ်ခုဖြစ်စေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူမရဲ့ပါရမီနဲ့ ဝါသနာကိုပိုအလေးပေးမိပြီး ဖက်ရှင်Blog တစ်ခုကိုရေးသားကာ နောက်ပိုင်းမှာအများကလေးစားအားကျရတဲ့ ဖက်ရှင် Blogger တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ Blog နာမည်က Accidental Icon ဖြစ်ပြီး အသက် ၂၅ နှစ်မှ ၃၅နှစ်အရွယ်အမျိုးသမီးတွေအတွက် အဓိကထားဖန်တီးထားတယ်လို့သိရပါတယ်။ ဖက်ရှင် Blogger နဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်လာခဲ့ပေမယ့် သူမရဲ့စာသင်ကြားတဲ့အလုပ်ကိုလည်းမစွန့်လွှတ်ခဲ့ပါဘူး။ […]

အသက် ၈ နှစ်အရွယ် ခေတ်သစ်မနှင်းဖြူလေးကို ကြော်ငြာကုမ္ပဏီများစိတ်ဝင်စားနေ
အသက် ၈ နှစ်အရွယ် ခေတ်သစ်မနှင်းဖြူလေးကို ကြော်ငြာကုမ္ပဏီများစိတ်ဝင်စားနေ

ရုရှားနိုင်ငံရဲ့အအေးဆုံးဒေသတစ်ခုဖြစ်တဲ့ ဆိုက်ဘေးရီးယားက အသက် ၈ နှစ်အရွယ်ကောင်မလေးဟာ Albino ဆိုတဲ့ ဝေဒနာတစ်မျိုးကြောင့် ဆံပင်ရော အသားအရေပါ ဆွတ်ဆွတ်ဖြူနေပါတယ်။ Albino ဆိုတာက ဆံပင်နဲ့အရေပြားမှာ ရောင်ခြယ်မရှိဘဲ ရောင်ခြယ်ဆဲလ်တွေပျက်စီးတဲ့ ဝေဒနာတစ်မျိုးပါ။ သူမနာမည်က Nariyana ဖြစ်ပြီး သူမကိုခေတ်သစ် မနှင်းဖြူလေးလို့ ခေါ်ကြပါတယ်။ ကြော်ငြာကုမ္ပဏီတော်တော်များများက ဒီကလေးလေးနဲ့ကြော်ငြာရိုက်ကူးဖို့ စိတ်ဝင်စားနေကြပါတယ်။ မိသားစုမျိုးရိုးမှာ သူမလိုဝေဒနာမျိုးခံစားရသူမရှိဘဲ သူမကသာ ဆံပင်အဖြူ ၊ အသားအရေအဖြူဆွတ်ဆွတ်နဲ့ဖြစ်နေခဲ့တာပါ။ သူမရဲ့ပုံရိပ်တွေကို ဓာတ်ပုံဆရာ Vadim Rufov ကဓာတ်ပုံရိုက်ကူးခွင့်ရခဲ့ပြီး ဒီပုံတွေကလူမှုကွန်ယက်မှာနာမည်ကြီးလာခဲ့ပါတယ်။ သူမကိုကြော်ငြာရိုက်ကူးဖို့ ကမ်းလှမ်းချက်တွေအများကြီးရှိခဲ့ပေမယ့် မိခင်ဖြစ်သူက ခွင့်မပြုခဲ့ဘူးလို့ဆိုပါတယ်။ မနှင်းဖြူလေးက အကနဲ့ပုံဆွဲဝါသနာပါပြီး အားလပ်ချိန်တိုင်းပုံဆွဲနေတတ်တယ်လို့သိရပါတယ်။   သူမကမော်ဒယ်လ်တစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒရှိပေမယ့်သူမရဲ့  မိခင်ဖြစ်သူက မနှင်းဖြူလေး […]

အသားအရေကို ခြောက်သွေ့စေတဲ့ အစားအစာ ၆ မျိုး
အသားအရေကို ခြောက်သွေ့စေတဲ့ အစားအစာ ၆ မျိုး

နေပူမထိ လေမထိ ရာသီဥတုလည်းမဆိုးရွားဘဲ အသားအရေကနေရင်းထိုင်ရင်းခြောက်လာတယ်ဆိုတာက အကြောင်းရင်းတစ်ခုရှိနေလို့ပါနော်။ အဲဒါကတော့ ကိုယ်စားသောက်တဲ့အစားအသောက်ကြောင့်ပါ။ ကိုယ်စားနေတဲ့အရာတွေက ကိုယ့်အသားအရေကို သိသိသာသာခြောက်သွေ့စေတတ်တာမို့ စိုပြည်လှပတဲ့အသားအရေကိုရချင်ရင် ဘာတွေကိုရှောင်ရမလဲဆိုတာ ဒီမှာဖတ်ပါ။ ဆား ဆားက ခန္ဓာကိုယ်ထဲက အရည်များစွာကို ဆွဲထုတ်သွားပါတယ်။ ဒါကြောင့်ဆားများတဲ့အစားအသောက်တွေစားတာများရင် ခန္ဓာကိုယ်ထဲက အရည်တွေဆုံးရှုံးပြီး အရေပြားကခြောက်သွေ့လာပါတယ်။ ဆားအများကြီးစားမိတဲ့နေ့ဆိုရင် ရေပိုသောက်ပေးဖို့ လိုအပ်ပါတယ်။ သကြား သကြားက ကိုလေဂျင်လိုမျိုး အရေပြားအတွက်အထောက်အကူပြုတစ်ရှူးတွေကိုထိခိုက်စေပါတယ်။ သကြားစားတာများရင် အရေပြားကအားနည်းလာပြီး ခြောက်သွေ့လာပါတယ်။ အရေပြားရဲ့ကျုံ့ဆန့်နိုင်စွမ်းအားလျော့နည်းလာပြီး တင်းရင်းစိုပြည်တဲ့အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ကာဗိုဟိုက်ဒြိတ် ထမင်း ၊ ပေါင်မုန့် ၊ ပါစတာလိုမျိုး Glycemic မြင့်မားတဲ့ ကာဗိုဟိုက်ဒြိတ်အစားအစာတွေက သကြားနည်းတူ အသားအရေကိုထိခိုက်စေပါတယ်။ ဒီအစားအစာတွေက  အရေပြားရဲ့ကိုလေဂျင်ကိုထိခိုက်ပျက်စီးစေတာကြောင့် အရေပြားခြောက်သွေ့ပြီး အရေးကြောင်းတွေဖြစ်ပေါ်လာစေပါတယ်။ […]

Topshop ကထုတ်လုပ်လိုက်တဲ့ ထင်သာမြင်သာ ပလတ်စတစ်ဘောင်းဘီရှည်
Topshop ကထုတ်လုပ်လိုက်တဲ့ ထင်သာမြင်သာ ပလတ်စတစ်ဘောင်းဘီရှည်

အရင်တစ်ခေါက်က ဂျင်းဘောင်းဘီရှည်ရဲ့ဒူးခေါင်းနေရာမှာ ပလတ်စတစ်အကြည်တပ်ထားတဲ့ ဘောင်းဘီရှည်ကြောင့် ဖက်ရှင်လောကကိုမုန်တိုင်းထန်စေခဲ့တဲ့ Topshop က နောက်ထပ်ပလတ်စတစ်အကြည်နဲ့ပြုလုပ်ထားတဲ့ ဘောင်းဘီရှည်ကိုထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။ Topshop ရဲ့ပလတ်စတစ်အကြည်အသုံးပြုဖန်တီးမှုတွေနဲ့ပတ်သက်ပြီး တော်တော်များများကသဘောမတွေ့ဖြစ်နေကြပေမယ့် ဒီတစ်ခေါက်ဖန်တီးတဲ့ ဘောင်းဘီရှည်ကို ဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာ ၅၉.၈၈ နဲ့ရောင်းချလျက်ရှိနေပါတယ်။ ဒီဘောင်းဘီရှည်ဟာ ၁၀၀ ရာခိုင်နှုန်း ပေါ်လီယူရသိန်း (Polyurethane) နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ ပေါ်လီယူရသိန်းဆိုတာက သုတ်ဆေးနဲ့ပလတ်စတစ်ဖော့ပြုလုပ်ရာမှာသုံးတဲ့ ပလတ်စတစ်တစ်မျိုးဖြစ်ပါတယ်။ ဘောင်းဘီပုံစံက ဒဲ့ရှူးဖြစ်ပြီး ဘောင်းဘီအိတ်တွေ ၊ ဇစ်တွေကို အသေးစိတ်သပ်သပ်ရပ်ရပ် ချုပ်လုပ်ထားပါတယ်။ ဒီဘောင်းဘီကို အဝတ်အစားဆန်းဆန်းပြားပြားဝတ်ကြတဲ့ပွဲတော်တွေ ၊ ပါတီပွဲတွေမှာဝတ်ဆင်ဖို့ အဓိကထုတ်လုပ်တာဖြစ်ပြီး ဘီကီနီ ၊ အင်္ကျီတိုဘောင်းဘီတိုလေးတွေ ၊ စီးကွန့်အင်္ကျီတွေနဲ့တွဲဖက်ဝတ်ဆင်နိုင်တယ်လို့ Topshop ကညွှန်းဆိုထားပါတယ်။ ပေါင်လည်လောက်ရှိတဲ့ ဆွဲသားအင်္ကျ […]

တန်းစီစရာမလို ငွေပေးချေချိန်အမြန်ဆုံးဖြစ်လာမယ့် ဂျပန်နိုင်ငံရဲ့ဈေးဝယ်စနစ်အသစ်
တန်းစီစရာမလို ငွေပေးချေချိန်အမြန်ဆုံးဖြစ်လာမယ့် ဂျပန်နိုင်ငံရဲ့ဈေးဝယ်စနစ်အသစ်

ဂျပန်နိုင်ငံကနေ Reji Robo လို့နာမည်ရတဲ့ ငွေရှင်းစနစ်နည်းပညာသစ်ကိုတီထွင်ပြီး ဈေးဝယ်ပြီးချိန်ငွေရှင်းဖို့ တန်းစီစောင့်ဆိုင်းရတာမျိုးမရှိအောင် ဖန်တီးလိုက်ပါပြီ။ Panasonic ကဖန်တီးတဲ့ဒီနည်းပညာမှာ ကိုယ်ဝယ်ထားတဲ့ ခြင်းတောင်းထဲကပစ္စည်းတွေအားလုံးကို အိတ်ထဲထည့်ချ Scan ဖတ်ပြီးကုန်ကျစရိတ်ကိုတစ်ချိန်တည်းမှာ တွက်ချက်မှာဖြစ်ပါတယ်။ ပစ္စည်းတစ်ခုချင်းစီကို Scan ဖတ်ပြီးတွက်ချက်နေစရာမလိုတော့ဘဲ ပစ္စည်းအားလုံးကိုတစ်ပြိုင်နက်တည်း Scan ဖတ်ပြီးတွက်ချက်ပေးသွားမှာဖြစ်ပါတယ်။ ဒီစနစ်မှာတော့ စတိုးဆိုင်ထဲမှာရှိတဲ့ ပစ္စည်းတစ်ခုချင်းစီမှာ Radio-Frequency ID လေးတွေထားရှိပါတယ်။ ဈေးဝယ်သူက စင်ပေါ်ကပစ္စည်းလေးတွေရွေးယူပြီး အော်တိုငွေရှင်းစနစ်ရှိတဲ့စက်အသစ်ဆီသွားရပါမယ်။ သူတို့ပစ္စည်းထည့်ရမယ့်ခြင်းလေးတွေဟာ အောက်ဘက်ဖွင့်နိုင်ပိတ်နိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။ ခြင်းလေးကို စက်မှာထည့်လိုက်တာနဲ့ ခြင်းအောက်ခြေကပွင့်သွားပြီး ပစ္စည်းတွေအားလုံးအိတ်ထဲကိုရောက်သွားမှာပါ။ ဒီစနစ်ကို သုံးမယ့်ဈေးဝယ်သူတွေအတွက် သီးသန့်ခြင်းလေးတွေချထားပေးပါတယ်။ ပစ္စည်းအိတ်ပေါ်မှာ Sensor ပြားတစ်ခုဖုံးအုပ်သွားပြီး ဒီမျက်နှာပြင်ပေါ်မှာ အိတ်ထဲမှာရှိတဲ့ ပစ္စည်းအမျိုးအစားတွေ ၊ ဈေးနှုန်းတွေနဲ့ စုစုပေါင်းကုန်ကျမယ့် ငွေကြေးပမာဏကိုဖော်ပြထားမှာပါ။ […]

ကလေးတွေအတွက်  စိတ်ချရတဲ့သရေစာဆိုတာ
ကလေးတွေအတွက် စိတ်ချရတဲ့သရေစာဆိုတာ

သင်္ကြန်တွင်းအိမ်မှာအေးအေးဆေးဆေးနေဖို့ အစားအသောက်ရိက္ခာတွေစုဆောင်းဖြစ်တော့ အိမ်ကသားသားအတွက် သရေစာဝယ်ရတာပိုခေါင်းစားပါတယ်။ ကလေးကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အချိုရည်တွေလည်းမတိုက်ချင် Snacks အထုပ်တွေလည်းမကျွေးချင်တာက မိဘတိုင်းရဲ့ ခံစားချက်ပေါ့နော။ သူအအေးသောက်ပြီးလို့ လျှာပေါ်မှာ နီနီတွေ ဝါဝါတွေစွဲကျန်နေခဲ့ရင် စိတ်မချမ်းသာရဘူး။ သင်္ကြန်မကျခင်တစ်ရက်လမ်းထိပ်က abc Store မှာလိုတာလေးတွေသွားဝယ်ရင်း ရေခဲသေတ္တာထဲ ချစ်စရာဘူးအတွဲလိုက်လေးတွေတွေ့တာနဲ့ ဘူးပေါ်ကစာလေးနည်းနည်းပါးပါးဖတ်ပြီး သားသားအတွက်ဝယ်ဖြစ်သွားတယ်။ သပ်ရပ်တဲ့ အပြင်အဆင် ထုပ်ပိုးမှုနဲ့ Quality ရှိတဲ့ပစ္စည်းလေးဆိုတာ ခံစားမိတာနဲ့ယူဖြစ်သွားတာပါ။ အဲဒီတုန်းက အဲဒီဘူးလေးတွေကအရမ်းကောင်းပြီး အာဟာရပြည့်မှန်းမသိခဲ့ဘူး။ နောက်အိမ်ရောက်လို့ ကိုယ်လည်းမြည်းကြည့် သားသားကိုလည်းကျွေးကြည့်တော့မှ Wow အရမ်းမိုက်တယ်ပေါ့။ သားသားကလည်းအရမ်းကြိုက်တယ်။ အဲဒါလေးကတော့ Monte ပါ။ သူက နို့မလိုင်အနှစ်လေးဖြစ်ပြီး အေးအေးလေးနဲ့ စားလို့အရမ်းကောင်းပါတယ်။ အရသာကလည်း ချောကလက်နဲ့ ဗနီလာဆိုပြီး […]

အလုပ်ကပေးထားတဲ့ ကွန်ပျူတာထဲ သိမ်းဆည်းမထားသင့်တဲ့ အရာ ၅ ခု
အလုပ်ကပေးထားတဲ့ ကွန်ပျူတာထဲ သိမ်းဆည်းမထားသင့်တဲ့ အရာ ၅ ခု

တချို့ရုံးတွေမှာ အလုပ်လုပ်ဖို့တစ်ယောက်ကို Laptop တစ်လုံးစီပေးထားတာမျိုး ရှိကြပါတယ်။ ကုမ္ပဏီမှာလုပ်နေစဉ်အတွင်း ကိုယ်ပိုင်ပစ္စည်းလိုပဲထိတွေ့သုံးစွဲနေရပေမယ့် တစ်ခါတလေမေ့လျော့ပြီး မသိမ်းဆည်းသင့်တာလေးတွေ သိမ်းဆည်းထားမိတတ်ပါတယ်။ ဒါကြောင့် အားလုံးသတိထားနိုင်ဖို့ အလုပ်အတွက်သုံးရတဲ့ ကွန်ပျူတာထဲဘာတွေသိမ်းမထားသင့်ဘူးလဲ ဘယ်လိုမသိမ်းဆည်းသင့်ဘူးလဲဆိုတာ မျှဝေပေးချင်ပါတယ်။ ကိုယ်ရေးကိုယ်တာဓာတ်ပုံတွေ Personal ကိုယ့်ပုံတွေကို ခဏသိမ်းထားပြီး မေ့သွားတာမျိုး Download လုပ်ရင်း စက်ထဲကျန်ခဲ့တာမျိုး လုံးဝမဖြစ်ပါစေနဲ့။ သင့်ကိုယ်ပိုင်စက်မဟုတ်တဲ့အတွက် အခြေအနေအမျိုးမျိုးကြောင့် အခြားသူတွေလက်ထဲရောက်နိုင်ပါတယ်။ ရုံးမှာ ရုပ်တည်ကြီးနဲ့မန်နေဂျာလုပ်နေပေမယ့် ရူးတုန်းမူးတုန်းက မျောက်က ကတဲ့ဗီဒီယိုတွေတွေ့သွားလို့ကတော့ အရှက်တွေဗျန်းဗျန်းကွဲနိုင်ပါတယ် ကိုယ့်လူ။ နောက်အလုပ်တစ်ခုရဲ့ Data တွေ သင်က နောက်ထပ်အချိန်ပိုင်းအလုပ်တစ်ခု ဒါမှမဟုတ် အကူအညီပေးနေရတဲ့ အလုပ်ရှိတယ်ဆိုရင် ဒီ အလုပ်နဲ့ပတ်သက်တဲ့ Data တွေကို ရုံးကကွန်ပျူတာထဲမှာ လုံးဝရှိမနေပါစေနဲ့။ ခြေရာလက်ရာ […]