Joker

My name is Min Thant & Joker is the nick name. I'm a Blogger, Content Writer & Content Marketer. I had writing experience in DigitalTimes.com.mm, Akhayar.com, Thithtoolwin.com and others website. I'm a huge fan of Technology, Smartphones, Smart Gadgets, Mobile Devices, Computer and Astronomy. Of course, I also a big fan of Movies & Comics. You can see my personal profile of Facebook, Twitter & Google+ by clicking the icon down below
Wearable ဈေးကွက်မှာ Fitbit ကို ကျော်ပြီး Samsung ဒုတိယနေရာရောက်လာ
Wearable ဈေးကွက်မှာ Fitbit ကို ကျော်ပြီး Samsung ဒုတိယနေရာရောက်လာ

Samsung ဟာ Celebrate လုပ်ဖို့ နောက်ထပ် အချက်တစ်ခု တိုးလာ ပြန်ပါပြီ။ ပထမဆုံးအနေနဲ့ Tech Giant ဟာ Fitbit ကို ကျော်ဖြတ်ပြီးတော့ Wearable ဈေးကွက်မှာ ဒုတိယအကြီးဆုံး ကုမ္ပဏီဖြစ်လာပါတယ်။ Strategy Analytics ရဲ့ ထုတ်ဖော်ချက်အရ ကုမ္ပဏီအနေနဲ့ ဒီနှစ်ရဲ့ ပထသုံးလပတ်မှာ ဈေးကွက်ဝေစု ၁၂.၈ ရာခိုင်နှုန်းအထိ တက်လာခဲ့ပြီး Fitbit ရဲ့ ၁၂.၂ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့တာပါ။ ခန့်မှန်းကြတဲ့အတိုင်း Apple ဟာ နံပါတ်တစ်နေရာမှာ ဆက်ရှိနေပြီး ကုမ္ပဏီရဲ့ ဈေးကွက်ဟာ ပထမ သုံးလပတ်မှာ ၅၃ရာခိုင်နှုန်းအထိ ရှိခဲ့တာကြောင့် Samsung ကို အတော်မျက်ခြေဖြတ်ထားနိုင်သေးတယ်လို့ ဆိုရမှာပါ။ […]

Google Pixel 2 နဲ့ Pixel 2 XL တို့ရဲ့ အချက်အလက်တွေ စတင်ပေါက်ကြားလာ
Google Pixel 2 နဲ့ Pixel 2 XL တို့ရဲ့ အချက်အလက်တွေ စတင်ပေါက်ကြားလာ

Google Pixel စမတ်ဖုန်းရဲ့ နောက်မျိုးဆက်သစ်ဖြစ်တဲ့ “Pixel 2” ဖုန်းကို နွေရာသီထဲမှာ ထုတ်ဖော်သွားမယ်လို့ သတင်းတွေထွက်နေပါ။ Google ဟာ ပစ္စည်းသစ်ကို အရွယ်အစားသုံးမျိုးနဲ့ ထုတ်လုပ်သွားမယ်လို့ သိထားပြီး ဆိုက်သစ်တစ်မျိုးအနေနဲ့ အလယ်အလတ်ဆိုက်မော်ဒယ်အတွက် Codename ကို “Muskie” လို့ပေးထားတာပါ။ ဒါပေမယ့် လက်ရှိမှာ Pixel 2 နဲ့ Pixel 2 XL အမျိုးအစားတွေရဲ့ Codename တွေကို “Walleye” နဲ့ “Taimen” ဆိုပြီး အသီးသီး ပေးထားပါတယ်။ ဒီအချက်အလက်တွေကို XDA-Developers ကနေ ဖော်ပြခဲ့တာဖြစ်ပြီး သူတို့ကတော့ ယုံကြည်ရတဲ့ အမည်မသိ သတင်း Source ကနေ ပေါက်ကြားလာခဲ့တာဖြစ်ကြောင်း […]

ချီကာဂိုက Apple စတိုးမှာ အမိုးကို MacBook ပုံစံ ပြုလုပ်ထား
ချီကာဂိုက Apple စတိုးမှာ အမိုးကို MacBook ပုံစံ ပြုလုပ်ထား

ချီကာဂိုမှာ တည်ဆောက်နေတဲ့ Apple စတိုးဆိုင်အသစ်က Construction လုပ်နေတဲ့ ပုံတစ်ပုံ ပေါက်ကြားလာခဲ့ပါတယ်။ DNA Chicago ရဲ့ သတင်းတစ်ရပ်အရ ဒီဆိုင်သစ်ကို ဒီဇိုင်းသစ်တစ်မျိုးပြုလုပ်ထားပြီး အမိုးမှာ Apple Logo ကြီးတစ်ခုကို ထည့်သွင်းနေခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။ ဆောက်လုပ်ရေး လုပ်သားတစ်ယောက်က Logo ကြီးကို ရေပြင်ညီအတိုင်း ငွေရောင် အမိုးရဲ့ အလယ်နားမှာ နေရာချနေတာဖြစ်တာကြောင့် ရုတ်တရက်ကြည့်လိုက်ရင် MacBook ကြီးတစ်ခုကို တင်ထားတဲ့ အတိုင်း ဖြစ်နေတာကို တွေ့ရမှာပါ။ တစ်နာရီထက်မနည်း Logo ဟာ အမိုးပေါ်မှာ လုပ်သားတွေက ပြန်မသိမ်းခင်အထိ ရှိနေခဲ့ပြီး နောက်မှဖယ်ရှားခဲ့တာဖြစ်ပါတယ်။ လန်ဒန်အခြေစိုက် Foster+Partners က ဒီဇိုင်းထုတ်ထားတဲ့ ဒီစတိုးကို Apple […]

Fuze Code Studio က ကလေးတွေကို Switch အသုံးပြုပြီး ကိုယ်ပိုင်ဂိမ်းတွေ ဖန်တီးခွင့်ပြုမယ်
Fuze Code Studio က ကလေးတွေကို Switch အသုံးပြုပြီး ကိုယ်ပိုင်ဂိမ်းတွေ ဖန်တီးခွင့်ပြုမယ်

ကလေးတွေကို Code တွေနဲ့ ပါတ်သက်လို့ သင်ပေးတဲ့ နည်းလမ်းတွေ အများကြီး ရှိနိုင်ပါတယ်။ Fuze ကလည်း အဲ့ဒီထဲက တစ်ခုပါပဲ။ Fuze ဆိုတာဟာ ကိုယ်ပိုင် Programming Language ကို ဖန်တီးနိုင်အောင် လုပ်ပေးတဲ့ ကုမ္ပဏီပါ။ Fuze BASIC ဟာ Microsoft ဖောင်ဒေးရှင်းကနေ တည်ထောင်ထားတဲ့ Classic ကျတဲ့ BASIC Programming Language တွေကို Apple II ဒါမှမဟုတ် Commodore 64 ကွန်ပျူတာတွေအတွက် ပြုလုပ်ရတာဖြစ်ပါတယ်။ ယခုတော့ Fuze BASIC ကို Switch အတွက် ပြုလုပ်ပေးလိုက်ပါပြီ။ Fuze Code Studio […]

Amazon က Nike ရှုးဖိနပ်တွေကို တိုက်ရိုက်အနေနဲ့ ပထမဆုံး စတင်ရောင်းချမည်
Amazon က Nike ရှုးဖိနပ်တွေကို တိုက်ရိုက်အနေနဲ့ ပထမဆုံး စတင်ရောင်းချမည်

Amazon နဲ့ Nike တို့ဟာ ပါတနာတွေအနေနဲ့ လက်တွဲပြီး e-commerce ဘီလူးရဲ့ ဝက်ဘ်ဆိုက်မှာ ဖိနပ်တွေကို စတင်ရောင်းချဖို့ ပြုလုပ်နေကြောင်း Bloomberg ရဲ့ သတင်းအရသိရပါတယ်။ ဒီသဘောတူညီမှုဟာ ကုမ္ပဏီနှစ်ခုလုံးအတွက် အကျိုးအမြတ်ကြီးတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး အရင်တုန်းက Nike ရဲ့ ပစ္စည်းတွေကို third-party sellers တွေကနေ ပြန်ယူနေရာမှ ယခုအခါ တရားဝင်ထုတ်ကုန်တွေကို Amazon.com ကနေ တိုက်ရိုက်ဖြန့်ချိနိုင်တော့မှာပါ။ တခြားတစ်ဖက်မှာလည်း Amazon ဟာ ဖိနပ်ဈေးကွက်ကနေ ရရှိမယ့် အကျိုးအမြတ်ကို တိုက်ရိုက်ရရှိနိုင်တော့မှာပါ။ Nike ဟာ အရင်တုန်းက ဖိနပ်တွေကို Amazon ပိုင်ဆိုင်တဲ့ Zappos.com ကနေ တိုက်ရိုက်ရောင်းချခဲ့ဖူးပါတယ်။ ဒါပေမယ့် Amazon […]

Unicode 10 မှာ Emoji သစ်တွေ အများအပြား ပါဝင်လာ
Unicode 10 မှာ Emoji သစ်တွေ အများအပြား ပါဝင်လာ

Unicode စံစနစ်ရဲ့ ဗားရှင်း 10.0 ကို Unicode Consortium က ထုတ်ဖော်လိုက်ပြီး Emoji ဖန်တွေအနေနဲ့ ‘Colbert’ emoji face, bitcoin character နဲ့ အခြား Emoji အများအပြားကို တွေ့ရတော့မှာပါ။ အားလုံးပေါင်း Emoji သစ် ၅၆ ခု ပါဝင်ပြီးတော့ Script ၄မျိုးထပ်တိုးထားတာကြောင့် အားလုံးပေါင်း Scripts ဟာ ၁၃၉ ခုရှိပါတယ်။ Unicode 10 ဟာ ‘အသုံးနည်းတဲ့ ဘာသာစကားတွေအတွက် အကောင်းဆုံး ရေးသားတဲ့ ပုံစံကို တစ်ကမ္ဘာလုံးအတွက်’ လို့လည်း ခေါင်းစဉ်တပ်ပြီးတော့ Support လုပ်ခဲ့ပါတယ်။ Unicode 10.0 ကို […]

ရင်းနှီးမြှုပ်နှံသူတွေရဲ့ဖိအားတွေကြောင့် Uber ရဲ့ CEO နှုတ်ထွက်
ရင်းနှီးမြှုပ်နှံသူတွေရဲ့ဖိအားတွေကြောင့် Uber ရဲ့ CEO နှုတ်ထွက်

Uber ရဲ့ CEO ဖြစ်သူ Travis Kalanick ဟာ အံ့အားသင့်ဖွယ်ကောင်းအောင်ပဲ ကုမ္ပဏီကနေ နှုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ သူဟာ CEO အဖြစ်ကသာ နှုတ်ထွက်လိုက်တာဖြစ်ပြီး ကုမ္ပဏီ ဘုတ်အဖွဲ့မှာတော့ ဆက်လက်ပါဝင်နေဦးမှာပါ။ Uber ဟာ ကမ္ဘာပေါ်မှာ အလျှင်မြန်ဆုံး တိုးတက်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ငန်တိုးတက်လာတာနဲ့အညီ ကုမ္ပဏီမှာ ဖြစ်ပေါ်နေတဲ့ ပြသနာတွေကြောင့် နာမည်အတော်ထိခိုက်နေတာလည်း ဖြစ်ပါတယ်။ Kalanick ဟာ ကုမ္ပဏီရဲ့ ယိမ်းယိုင်နေတဲ့ အခြေအနေမှာ အခုလိုနှုတ်ထွက်ခဲ့တာကြောင့် ဘယ်သူက ဆက်ခံမယ်ဆိုတာ မသိရသေးပေမယ့် နောက်တစ်ယောက်ကိုခန့်ဖို့ ပြုလုပ်နေပြီလို့ သတင်းတွေက ဆိုပါတယ်။ Investors တွေဟာ Uber ကို ဦးဆောင်သူ အသစ်နဲ့ […]

Flagship Killer ပစ္စည်းတစ်ခု ဖြစ်လာမယ့် OnePlus 5 ကို လေ့လာသုံးသပ်ကြည့်ခြင်း
Flagship Killer ပစ္စည်းတစ်ခု ဖြစ်လာမယ့် OnePlus 5 ကို လေ့လာသုံးသပ်ကြည့်ခြင်း

အားလုံးမျှော်လင့်နေကြတဲ့ OnePlus 5 ကတော့ ထွက်လာခဲ့ပါပြီ။ OnePlus 5 ဟာ ကုမ္ပဏီရဲ့ အကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်လာမှာ ဖြစ်တာနဲ့အညီ လုံးဝ အမိုက်စား အနေအထားနဲ့ ထွက်လာခဲ့ပါတယ်။ 3T ထက်ပိုပါးလွှာသွားတဲ့အပြင် အနောက်ဖက်မှာ ပါဝင်တဲ့ Dual-lens ကင်မရာတွေ၊ Qualcomm ရဲ့ နောက်ဆုံးထွက် Processor (Snapdragon 835) တို့လို Spec တွေက OnePlus 5 ကို ပိုမို ကြွသွားစေခဲ့တာပါ။ “ကျွန်တော်တို့က ကမ္ဘာကိုတုန်လှုပ်သွားစေတဲ့ ထုတ်ကုန်မျိုး ထုတ်လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ရိုးရှင်းပါတယ်။ အသုံးပြုသူတွေအနေနဲ့ ပေးရတဲ့ တန်ရာတန်ကြေးနဲ့ ကိုက်ညီတဲ့ ထုတ်ကုန်မျိုးကိုပဲ ထုတ်လုပ်ဖို့ပါပဲ။ […]

ဒါဟာ OnePlus 5 ပါ
ဒါဟာ OnePlus 5 ပါ

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ဖုန်းသစ်နဲ့ ပတ်သက်လို့ Leak တွေ အများအပြား ထွက်ခဲ့ပါတယ်။ မနက်ဖြန်ကျရင် ထွက်လာမယ့် ဖုန်းဟာ OnePlus ရဲ့ ထွက်လာမယ့် ဖုန်းတွေထဲမှာ အကောင်းဆုံးဖုန်းတစ်လုံး ဖြစ်ပါတယ်။ အဲ့ဒီအပြင် လက်ရှိ စမတ်ဖုန်းတွေထဲမှာလည်း Highend ဖုန်းတွေနဲ့ နှိုင်းယှဉ်နိုင်လောက်အောင် Spec တွေကို အပျံစား ထည့်သွင်းထားမယ်လို့ ဆိုခဲ့ပါတယ်။ "OnePlus 5 powered by 2.35GHz octa-core Snapdragon 835 processor and 8GB of RAM will release on 22 June 2017 as an exclusive […]

ကိုယ်ပိုင်ဘာသာစကားတစ်ခုကို မတော်တဆဖန်တီးခဲ့မိတဲ့ Facebook ရဲ့ AI
ကိုယ်ပိုင်ဘာသာစကားတစ်ခုကို မတော်တဆဖန်တီးခဲ့မိတဲ့ Facebook ရဲ့ AI

Facebook Artificial Intelligence Research lab (FAIR) က သုတေသီတွေဟာ Chatbots တွေကို Improve လုပ်ဖို့ ကြိုးပမ်းနေချိန်မှာ မတော်တဆ တွေ့ရှိမှုတစ်ခုကို တွေ့ခဲ့ကြရပါတယ်။ “Dialog Agents” လို့လူသိများတဲ့ Bots တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားတစ်ခုကို မတော်တဆ ဖန်တီးပြုလုပ်မိသွားတာပါ။ Machine Learning Algorithm တွေကို အသုံးပြုထားတဲ့ Dialog Agents တွေဟာ သူတို့ရဲ့ စကားပြောစွမ်းရည်ကို အဆင့်မြှင့်တင်နိုင်ဖို့နဲ့ ပိုကောင်းဖို့အတွက် လွတ်လွတ်လပ်လပ် ဆက်သွယ်နေကြတာပါ။ ဒီလိုဖြစ်တာဟာ Bots တွေအနေနဲ့ ကြိုတင်စီစဉ်ထားတဲ့ စံချိန်စံညွှန်းတွေကို သွေဖည်ပြီး စတင်လုပ်ဆောင်လာတာ ဖြစ်ပြီးတော့ လူသားတွေရဲ့ ပြုလုပ်မှုမပါပဲ သူတို့ဖန်တီးထားတဲ့ […]