ဇန်နဝါရီလအတွင်း ဆက်လက်ထွက်ရှိလာမယ့် ဇာတ်ကားများ

ဒီနှစ်ထဲမှာတော့ ပရိတ်သတ်အကြိုက်တွေ့ဦးမယ့် ဇာတ်ကားအမြောက်အများ ကြည့်ရှုရဦးမှာပါ။ ၂၀၁၇ခုနှစ်ရဲ့ နှစ်ဦးပိုင်းကာလမှာတော့ စူပါဟီးရိုးကားတွေ ထွက်လာဦးမှာမဟုတ်ပဲ သာမန်ကားတွေများပေမယ့် လူကြိုက်များမယ့် ဇာတ်ကားတွေလည်း အများအပြားပါဝင်ပါတယ်။ ထွက်လာဦးမယ့် ဇာတ်ကားသစ်တွေရဲ့ List ကို ကြည့်ကြည့်ကြပါဦး။

လာမယ့် ဇန်နဝါရီလ ၁၃ရက်နေ့မှာ ထွက်မယ့် ဇာတ်ကားကတော့ မင်းသားကြီး Mark Wahlberg ရဲ့ ဘော်စတွန်ဗုံးကွဲမှုအကြောင်း ရိုက်ကူးထားတဲ့ Patroits Day ဇာတ်ကားကို တင်မှာ ဖြစ်ပါတယ်။

Patroits Day အပါအဝင်တခြား ၁၃ရက်နေ့မှာ ထွက်မယ့်ဇာတ်ကားတွေကတော့

တို့ပဲ ဖြစ်ပါတယ်။

Monster Trucks Trailer >>

ဇန်နဝါရီလ ၁၆ရက်နေ့မှာတော့ Sherlock စီးရီး၊ Season 4 နဲ့အတူ Sherlock Holmes စီးရီးကို ဇာတ်သိမ်းမယ့် ဇာတ်ကား ဖြစ်တဲ့ Sherlock: The Final Problem ကို ပြသသွားမှာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၀ရက်နေ့မှာတော့ မင်းသား Vin Diesel ၊ ဘောလီးဝုဒ်မင်းသမီး Deepika Padukone တို့ ဦးဆောင်ပါဝင်မယ့် xXx: Return of Xander Cage ကိုပြသသွားမှာပါ။ဒီဇာတ်ကားမှာတရုတ်မင်းသားကြီး ဒိုနီယန်းအပြင် ဘာစီလိုနာတိုက်စစ်မှူး Neymar လည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်သွားမှာပါ။

Trailer>>

နောက်ထပ်တစ်ကားကတော့ X-men ထဲက နာမည်ကျော်မင်းသား James McAvoy ရဲ့ Split ဆိုတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာတော့ မင်းသားရဲ့ အေးဆေးတည်ငြိမ်တဲ့ ပုံစံကနေ ကွဲထွက်ပြီး ဗီလိန်ဇာတ်ရုပ်နဲ့ ပီပီပြင်ပြင်သရုပ်ဆောင်ထားတာကို ပရိတ်သတ်တွေ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Trailer ကိုအောက်မှာ ကြည့်ရှုနိုင်ပါတယ်။

အဲ့ဒီအပြင် အဲ့ဒီနှေ့မှာပဲ ထွက်မယ့် ဇာတ်ကားတွေကတော့

တို့ပဲ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၇ရက်နေ့မှာတော့ Resident Evil ရဲ့ ၆ကားမြောက်ဇာတ်ကား Resident Evil: The Final Chapter ထွက်လာမှာဖြစ်ပြီး ခွေးလေးတွေအကြောင်း ရိုက်ကူးထားတဲ့ A Dog’s Purpose ကလည်း နာမည်ရဦးမယ့် ဒရာမာကားလေးပဲ ဖြစ်ပါတယ်။

၂၇ရက်နေ့မှာ ထွက်လာမယ့် ဇာတ်ကားသစ်တွေကတော့

တို့ပါပဲ။

Resident Evil: The Final Chapter Trailer >>

ပရိတ်သတ်ကြီးရော ဒီလထဲမှာ ဘယ်ကားတွေ ကြည့်ဖို့ စီစဉ်ထားလဲ။ ကောမန့်ပေးသွားပါဦး..။ J

Ref: Movie Insider