2017 ရဲ့ Budget Dual-Sim စမတ်ဖုန်း တစ်ခု ဖြစ်တဲ့ Coolpad Conjr

Coolpad ဟာ သူတို့ရဲ့ ထုတ်ကုန်အသစ်ဖြစ်တဲ့ Conjr စမတ်ဖုန်းကို CES 2017 မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဖုန်းရဲ့ ကိုယ်ထည်ကို သတ္ထု နဲ့ပြုလုပ်ထားပြီး တရားဝင် ရောင်းချမယ့်နေ့ရက်ကိုတော့ မသိရသေးပါဘူး။  Coolpad Conjr ရဲ့ ဈေးနှုန်းကတော့ $179.99 ဖြစ်ပြီး အရောင်အနေနဲ့ ရနိုင်တာကတော့ Gold Color နဲ့ Grey Color ပဲရဦးမှာဖြစ်ပါတယ်။

ဒီဖုန်းမှာ Dual-Sim အသုံးပြုလို့ရပါတယ်။ Cool UI 8.0 ကိုအခြေခံထားပြီး Android Version ကတော့ 6.0 Marshmallow OS ကိုအသုံးပြုထားပါတယ်။ ဖုန်းကုမ္ပဏီဟာ Android Versionကို 7.0 ထိ တိုးမြှင့်ရန်အတွက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်းသိရပါတယ်။

ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းဟာ ၅လက်မရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် 720 x 1280 Pixels အထောက်အပံ့ပေးထားပြီး သိပ်သည်းဆ ပမာဏကတော့ 294ppi ရှိပါတယ်။ ကင်မရာအနေနဲ့ နောက်ဘက်ကင်မရာကတော့ 13MP ရှိပြီး Autofocus, LED Flash စနစ်ပါဝင်ပါတယ်။ ရှေ့ဘက် ကင်မရာကတော့ 8MP ပါရှိပြီး LED Flash လည်း အသုံးပြုနိုင်ပါတယ်။

အသုံးပြုထားတဲ့ CPU ကတော့ Quad-Core 1.0 GHz Cortex-A53 ဖြစ်ပြီး Chipset ကတော့ Mediatek MT6735CP အသုံးပြုထားပါတယ်။ RAM အနေနဲ့3GB ပါဝင်ပြီး Internal Storage 16GB ရှိပါတယ်။ ထပ်မံတိုးချဲ့ အသုံးပြုချင်ရင်တော့ SD Card ကို 32GB ထိ အသုံးပြုနိုင်ပါတယ်။
Jan (Akhayar)

Ref: Gadgetsnow