[Zawgyi]

ကိုယ္သရုပ္ေဆာင္တာ ကိုယ္ျပန္ၾကည့္ၿပီး ေတာ္ေတာ္ရွက္မိတယ္ဆိုတဲ့ ဇြဲျပည့္

“သရဲဆိုတာဂ်ိဳနဲ႔လားေဟ့” ရုပ္ရွင္ကားႀကီးမွာ အဆိုေတာ္ဇြဲျပည့္ပါ၀င္သရုပ္ေဆာင္ထားတာ ေတြ႔ရပါတယ္။ ယင္းဇာတ္ကားမွာ ပါ၀င္ျဖစ္ခဲ့ပုံႏွင့္ ရိုက္ကူးေနစဥ္ ႀကဳံေတြ႔ခဲ့ရတဲ့ အခက္အခဲေတြ အမွတ္တရေတြကိုေတာ့ ဇြဲျပည့္က အခုလိုေျပာျပခဲ့ပါတယ္။

“ဒီဇာတ္ကားမွာ ပါ၀င္သရုပ္ေဆာင္ဖို႔ ဒါရိုက္တာအိအိခိုင္က ကမ္းလွမ္းလို႔ ရိုက္ျဖစ္တာပါ။ ဘ၀မွာ ပထမဆုံးသရုပ္ေဆာင္ဖူးတဲ့ကားပါ။ ကၽြန္ေတာ္ ကင္မရာေၾကာက္တယ္။ သရုပ္ေဆာင္ရတာကိုလည္း အဆင္ေျပပါ့မလားလို႔ အၿမဲတမ္းေတြးျဖစ္တယ္။ စိတ္ပူတယ္ေပါ့ေနာ္။ အခက္အခဲေတြကေတာ့ စကားေျပာတဲ့ ဒိုင္ယာေလာ့ေတြကအစ သရုပ္ေဆာင္တာအဆံုး အခက္ခဲေတြ အမ်ားႀကီးပါ။ သရုပ္ေဆာင္လုပ္တယ္ဆိုတာ ႏႈတ္ကထြက္လာတာကို မ်က္လုံးအမူအရာနဲ႔လုပ္ရတာမ်ိဳးဆိုေတာ့ ကိုယ္နဲ႔အသားမက်ေသးေတာ့ အသစ္ကေတာ့ အသစ္တစ္ေယာက္လိုမ်ိဳးျဖစ္ေနမွာပဲေလ” လို႔ ဆုိပါတယ္။

ေၾကာက္ရတဲ့အခန္းေတြကလည္း သူ႔အတြက္ အေတာ္ေလးခက္ခဲခဲ့တယ္လုိ႔လည္း ထပ္မံေျပာျပခဲ့ပါတယ္။ “ေနာက္ၿပီး အမွတ္တရအေနနဲ႔ သရဲေျခာက္တဲ့အခန္းဆိုလည္း ေၾကာက္ရမွာကို ကိုယ္ကႀကိဳသိေနေတာ့ ေၾကာက္လို႔မရဘူးျဖစ္ေနတယ္။ ေၾကာက္တာကို ရိုက္ဖို႔အတြက္ေရာ လူေတြအမ်ားႀကီး၀ိုင္းၾကည့္ေနေတာ့ ေၾကာက္လို႔မရဘူးျဖစ္ေနတယ္။ ကိုယ့္ဘက္က အတတ္ႏိုင္ဆုံး အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားထားပါတယ္။ အခက္အခဲေတြလည္း ေတာ္ေတာ္မ်ားမ်ားရိွခဲ့ပါတယ္။ သီခ်င္းဆိုတာက်ေတာ့ ပရိသတ္နဲ႔ တိုက္ရိုက္ထိေတြ႔ရတယ္ေလ။ သရုပ္ေဆာင္ရတာက်ေတာ့ ပရိသတ္ရဲ႕ေနာက္ကြယ္မွာ ကင္မရာကေန ႀကိဳးစားၾကရတယ္။ ေနာက္မွ ပရိသတ္ေရွ႕ေရာက္တာေလ။ ကိုယ္သရုပ္ေဆာင္ထားတာ ျပန္ၾကည့္ၿပီး ေတာ္ေတာ္ရွက္တယ္။ ကိုယ္သရုပ္ေဆာင္တာလည္း ေတာင့္ေတာင့္ႀကီးျဖစ္ေနတယ္လို႔ ခံစားရတယ္ဆိုၿပီး” ေျပာျပခဲ့ပါတယ္။ အဆိုေတာ္ဇြဲျပည့္ဟာ လတ္တေလာမွာေတာ့ သူ႔ရဲ႕တစ္ကိုယ္ေတာ္သုံးေခြေျမာက္ေတးစီးရီးကို ၅ လပိုင္း ၆ လပိုင္းထဲမွာ ထြက္ဖို႔ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

www.akhayar.com

[Unicode]

ကိုယ်သရုပ်ဆောင်တာ ကိုယ်ပြန်ကြည့်ပြီး တော်တော်ရှက်မိတယ်ဆိုတဲ့ ဇွဲပြည့်

“သရဲဆိုတာဂျိုနဲ့လားဟေ့” ရုပ်ရှင်ကားကြီးမှာ အဆိုတော်ဇွဲပြည့်ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ယင်းဇာတ်ကားမှာ ပါဝင်ဖြစ်ခဲ့ပုံနှင့် ရိုက်ကူးနေစဉ် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ အမှတ်တရတွေကိုတော့ ဇွဲပြည့်က အခုလိုပြောပြခဲ့ပါတယ်။

“ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ဒါရိုက်တာအိအိခိုင်က ကမ်းလှမ်းလို့ ရိုက်ဖြစ်တာပါ။ ဘဝမှာ ပထမဆုံးသရုပ်ဆောင်ဖူးတဲ့ကားပါ။ ကျွန်တော် ကင်မရာကြောက်တယ်။ သရုပ်ဆောင်ရတာကိုလည်း အဆင်ပြေပါ့မလားလို့ အမြဲတမ်းတွေးဖြစ်တယ်။ စိတ်ပူတယ်ပေါ့နော်။ အခက်အခဲတွေကတော့ စကားပြောတဲ့ ဒိုင်ယာလော့တွေကအစ သရုပ်ဆောင်တာအဆုံး အခက်ခဲတွေ အများကြီးပါ။ သရုပ်ဆောင်လုပ်တယ်ဆိုတာ နှုတ်ကထွက်လာတာကို မျက်လုံးအမူအရာနဲ့လုပ်ရတာမျိုးဆိုတော့ ကိုယ်နဲ့အသားမကျသေးတော့ အသစ်ကတော့ အသစ်တစ်ယောက်လိုမျိုးဖြစ်နေမှာပဲလေ” လို့ ဆိုပါတယ်။

ကြောက်ရတဲ့အခန်းတွေကလည်း သူ့အတွက် အတော်လေးခက်ခဲခဲ့တယ်လို့လည်း ထပ်မံပြောပြခဲ့ပါတယ်။ “နောက်ပြီး အမှတ်တရအနေနဲ့ သရဲခြောက်တဲ့အခန်းဆိုလည်း ကြောက်ရမှာကို ကိုယ်ကကြိုသိနေတော့ ကြောက်လို့မရဘူးဖြစ်နေတယ်။ ကြောက်တာကို ရိုက်ဖို့အတွက်ရော လူတွေအများကြီးဝိုင်းကြည့်နေတော့ ကြောက်လို့မရဘူးဖြစ်နေတယ်။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ အခက်အခဲတွေလည်း တော်တော်များများရှိခဲ့ပါတယ်။ သီချင်းဆိုတာကျတော့ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ရတယ်လေ။ သရုပ်ဆောင်ရတာကျတော့ ပရိသတ်ရဲ့နောက်ကွယ်မှာ ကင်မရာကနေ ကြိုးစားကြရတယ်။ နောက်မှ ပရိသတ်ရှေ့ရောက်တာလေ။ ကိုယ်သရုပ်ဆောင်ထားတာ ပြန်ကြည့်ပြီး တော်တော်ရှက်တယ်။ ကိုယ်သရုပ်ဆောင်တာလည်း တောင့်တောင့်ကြီးဖြစ်နေတယ်လို့ ခံစားရတယ်ဆိုပြီး” ပြောပြခဲ့ပါတယ်။ အဆိုတော်ဇွဲပြည့်ဟာ လတ်တလောမှာတော့ သူ့ရဲ့တစ်ကိုယ်တော်သုံးခွေမြောက်တေးစီးရီးကို ၅ လပိုင်း ၆ လပိုင်းထဲမှာ ထွက်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

www.akhayar.com