[Zawgyi]

ႏွစ္နာရီအတြင္းမွာပဲ အေမရိကန္ေဒၚလာ ၁၆.၈ ဘီလီယံ ဆုံးရႈံးသြားတဲ့ Mark Zuckerberg

၂ဝ၁၈ခုႏွစ္ဟာ Mark Zuckerberg အတြက္ေတာ့ ကံဇာတာၿဂိဳဟ္စီးတဲ့ႏွစ္ပါပဲ။ မတ္လတုန္းကလည္း အသုံးျပဳသူ ၈၇ သန္းရဲ႕ ကုိယ္ေရးအခ်က္အလက္ေတြ ေပါက္ၾကားသြားတဲ့ ‘Cambridge Analytica Data Scandal’ ေၾကာင့္ Facebook ဟာ အေတာ္ေလးအထိနာခဲ့တယ္။ ၿဗိတိန္ႏုိင္ငံဆုိရင္ Facebook ကုိ ေပါင္ (၅) သိန္း ဒဏ္ရုိက္တဲ့အထိကုိ ဆုိးခဲ့တာပါ။

Twitter နဲ႔ Snapchat တုိ႔လုိ တျခားလူမႈကြန္ရက္ေတြနဲ႔ အားၿပိဳင္ေနတုန္းမွာ Mark Zuckerberg အတြက္ ဒီကိစၥဟာ အရွက္ရစရာျဖစ္ေစခဲ့တယ္။ အဲဒီအခ်ိန္တုန္းကလည္း ေစ်းကြက္မွာ Facebook ရဲ႕ ရွယ္ယာေတြဟာ ထုိးက်ကုန္ၿပီး ကေမာက္ကမျဖစ္ေစခဲ့တယ္။ ေနာက္ပုိင္းမွာေတာ့ Facebook ဟာ နာလန္ထသြားၿပီး ရွယ္ယာေစ်းႏႈန္းျပန္တက္သြားလုိ႔ ဇူလုိင္လ (၇) ရက္ေန႔မွာ Mark Zuckerberg ဟာ အသားတင္ၾကြယ္ဝမႈ  ေဒၚလာ ၈၁.၆ ဘီလီယံနဲ႔  ကမၻာ့တတိယအခ်မ္းသာဆုံးသူေဌးႀကီးျဖစ္သြားခဲ့ပါတယ္။

အခုဆုိရင္ Facebook ဟာ ရွယ္ယာေစ်းကြက္မွာ ေနာက္တစ္ႀကိမ္ မတည္မၿငိမ္ျဖစ္လာျပန္ပါၿပီ။ ဇူလုိင္လ (၂၅) ရက္ေန႔ရဲ႕  နယူးေယာက္ၿမိဳ႕ ေဒသစံေတာ္ခ်ိန္ ညေန ၅နာရီ ၃၇မိနစ္မွာ Facebook ရဲ႕ ရွယ္ယာေစ်းႏႈန္းေတြဟာ ၂၄ ရာခုိင္ႏႈန္းအထိ ထုိးက်သြားၿပီး ႏွစ္နာရီအတြင္းမွာပဲ Facebook ကုမၸဏီအတြက္ ေဒၚလာ ၁၃ဝ ဘီလီယံအထိ နစ္နာခဲ့တယ္။ Facebook မွာ ရွယ္ယာယူနစ္သန္းေပါင္းမ်ားစြာ ပုိင္ဆုိင္ထားတဲ့ Mark Zuckerberg အတြက္ေတာ့ ေဒၚလာ ၁၆.၈ ဘီလီယံအထိ ဆုံးရႈံးသြားပါတယ္။

ဇူလုိင္လ (၂၅) ရက္ေန႔အေစာပုိင္းတုန္းက အသားတင္ၾကြယ္ဝမႈ ေဒၚလာ ၈၆.၅ ဘီလီယံပုိင္ဆုိင္တဲ့ Mark Zuckerberg ဟာ ညေနပုိင္းမွာေတာ့ ၆၉.၇ ဘီလီယံသာရွိေတာ့ၿပီး Bloomberg Billionaires Index ရဲ႕ ကမၻာ့အခ်မ္းသာဆုံးသူေဌးႀကီးစာရင္းမွာ တတိယေနရာကေန ဆဌမေနရာကုိ ဆင္းေပးလုိက္ရပါတယ္။ Berkshire Hathaway ရဲ႕  ေစ်းကြက္ကေဝ Warren Buffett ၊ LVMH ရဲ႕ CEO ႀကီး Bernard Arnault နဲ႔ Zara ရဲ႕  Founder ႀကီး Amancio Ortega တုိ႔က Mark Zuckerberg ကုိ ေက်ာ္တက္ကုန္ပါတယ္။

Facebook CEO Mark Zuckerberg

Facebook ဟာ ၂ဝ၁၈ခုႏွစ္ရဲ႕ ဒုတိယသုံးလပတ္ (ဧၿပီ + ေမ  + ဇြန္)  ရလဒ္ေတြကို ထုတ္ျပန္အၿပီးမွာ အခုလုိ ရွယ္ယာေတြ ထုိးက်ကုန္တာျဖစ္ပါတယ္။ The Wall Street ဟာ ဒုတိယသုံးလပတ္အတြင္းမွာ ဝင္ေငြ ၁၃.၃ ဘီလီယံအထိ ရွိမယ္လုိ႔ ခန္႔မွန္းထားခ်ိန္မွာ Facebook ဟာ ဝင္ေငြ ၁၃.၂၃ ဘီလီယံသာ ရွိခဲ့တာျဖစ္ပါတယ္။ ဒီခန္႔မွန္းခ်က္ဟာ ၂ဝ၁၅ခုႏွစ္ကတည္းက ပထမဆုံးလြဲေခ်ာ္မႈျဖစ္လာၿပီး Facebook ဟာ ေစ်းကြက္မွာ မတည္မၿငိမ္ျဖစ္ေနတာ မီးေမာင္းထုိးျပသလုိ ျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ Facebook ဟာ ပထမသုံးလပတ္ (ဇန္နဝါရီ + ေဖေဖာ္ဝါရီ + မတ္) အတြင္းမွာ ေန႔စဥ္အသုံးျပဳသူဦးေရ (Daily Active User) ၄၁သန္းအထိ တုိးတက္ခဲ့ေပမယ့္ ဒုတိယသုံးလပတ္မွာေတာ့ ၂၂သန္းသာ တုိးတက္ပါေတာ့တယ္။

‘Cambridge Analytica Data Scandal’ ကိစၥအၿပီးမွာ Facebook ရဲ႕ အခ်က္အလက္မလုံျခံဳမႈေတြကုိ သတိထားမိသြားတာေၾကာင့္ အသုံးျပဳသူေတြအျပင္ နာမည္ႀကီးအမွတ္တံဆိပ္တခ်ိဳ႕လည္း Facebook ကေန စြန္႔ခြာသြားၾကလုိ႔ အခုလုိရလဒ္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ Facebook အေနနဲ႔ အသုံးျပဳသူေတြကို ယုံၾကည္မႈျပန္လည္တည္ေဆာက္ႏုိင္မွသာ ဝင္ေငြပုိတုိးလာၿပီး ျပန္လည္တည္ၿငိမ္လာမယ္လုိ႔ သုံးသပ္မိပါတယ္။

အကုိးအကား (ဓာတ္ပုံ) – Bloomberg ၊ Fortune ၊ USA Today

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

နှစ်နာရီအတွင်းမှာပဲ အမေရိကန်ဒေါ်လာ ၁၆.၈ ဘီလီယံ ဆုံးရှုံးသွားတဲ့ Mark Zuckerberg

၂ဝ၁၈ခုနှစ်ဟာ Mark Zuckerberg အတွက်တော့ ကံဇာတာဂြိုဟ်စီးတဲ့နှစ်ပါပဲ။ မတ်လတုန်းကလည်း အသုံးပြုသူ ၈၇ သန်းရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားသွားတဲ့ ‘Cambridge Analytica Data Scandal’ ကြောင့် Facebook ဟာ အတော်လေးအထိနာခဲ့တယ်။ ဗြိတိန်နိုင်ငံဆိုရင် Facebook ကို ပေါင် (၅) သိန်း ဒဏ်ရိုက်တဲ့အထိကို ဆိုးခဲ့တာပါ။

Twitter နဲ့ Snapchat တို့လို တခြားလူမှုကွန်ရက်တွေနဲ့ အားပြိုင်နေတုန်းမှာ Mark Zuckerberg အတွက် ဒီကိစ္စဟာ အရှက်ရစရာဖြစ်စေခဲ့တယ်။ အဲဒီအချိန်တုန်းကလည်း ဈေးကွက်မှာ Facebook ရဲ့ ရှယ်ယာတွေဟာ ထိုးကျကုန်ပြီး ကမောက်ကမဖြစ်စေခဲ့တယ်။ နောက်ပိုင်းမှာတော့ Facebook ဟာ နာလန်ထသွားပြီး ရှယ်ယာဈေးနှုန်းပြန်တက်သွားလို့ ဇူလိုင်လ (၇) ရက်နေ့မှာ Mark Zuckerberg ဟာ အသားတင်ကြွယ်ဝမှု  ဒေါ်လာ ၈၁.၆ ဘီလီယံနဲ့  ကမ္ဘာ့တတိယအချမ်းသာဆုံးသူဌေးကြီးဖြစ်သွားခဲ့ပါတယ်။

အခုဆိုရင် Facebook ဟာ ရှယ်ယာဈေးကွက်မှာ နောက်တစ်ကြိမ် မတည်မငြိမ်ဖြစ်လာပြန်ပါပြီ။ ဇူလိုင်လ (၂၅) ရက်နေ့ရဲ့  နယူးယောက်မြို့ ဒေသစံတော်ချိန် ညနေ ၅နာရီ ၃၇မိနစ်မှာ Facebook ရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ ၂၄ ရာခိုင်နှုန်းအထိ ထိုးကျသွားပြီး နှစ်နာရီအတွင်းမှာပဲ Facebook ကုမ္ပဏီအတွက် ဒေါ်လာ ၁၃ဝ ဘီလီယံအထိ နစ်နာခဲ့တယ်။ Facebook မှာ ရှယ်ယာယူနစ်သန်းပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ Mark Zuckerberg အတွက်တော့ ဒေါ်လာ ၁၆.၈ ဘီလီယံအထိ ဆုံးရှုံးသွားပါတယ်။

ဇူလိုင်လ (၂၅) ရက်နေ့အစောပိုင်းတုန်းက အသားတင်ကြွယ်ဝမှု ဒေါ်လာ ၈၆.၅ ဘီလီယံပိုင်ဆိုင်တဲ့ Mark Zuckerberg ဟာ ညနေပိုင်းမှာတော့ ၆၉.၇ ဘီလီယံသာရှိတော့ပြီး Bloomberg Billionaires Index ရဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးစာရင်းမှာ တတိယနေရာကနေ ဆဌမနေရာကို ဆင်းပေးလိုက်ရပါတယ်။ Berkshire Hathaway ရဲ့  ဈေးကွက်ကဝေ Warren Buffett ၊ LVMH ရဲ့ CEO ကြီး Bernard Arnault နဲ့ Zara ရဲ့  Founder ကြီး Amancio Ortega တို့က Mark Zuckerberg ကို ကျော်တက်ကုန်ပါတယ်။

Facebook CEO Mark Zuckerberg

Facebook ဟာ ၂ဝ၁၈ခုနှစ်ရဲ့ ဒုတိယသုံးလပတ် (ဧပြီ + မေ  + ဇွန်)  ရလဒ်တွေကို ထုတ်ပြန်အပြီးမှာ အခုလို ရှယ်ယာတွေ ထိုးကျကုန်တာဖြစ်ပါတယ်။ The Wall Street ဟာ ဒုတိယသုံးလပတ်အတွင်းမှာ ဝင်ငွေ ၁၃.၃ ဘီလီယံအထိ ရှိမယ်လို့ ခန့်မှန်းထားချိန်မှာ Facebook ဟာ ဝင်ငွေ ၁၃.၂၃ ဘီလီယံသာ ရှိခဲ့တာဖြစ်ပါတယ်။ ဒီခန့်မှန်းချက်ဟာ ၂ဝ၁၅ခုနှစ်ကတည်းက ပထမဆုံးလွဲချော်မှုဖြစ်လာပြီး Facebook ဟာ ဈေးကွက်မှာ မတည်မငြိမ်ဖြစ်နေတာ မီးမောင်းထိုးပြသလို ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Facebook ဟာ ပထမသုံးလပတ် (ဇန်နဝါရီ + ဖေဖော်ဝါရီ + မတ်) အတွင်းမှာ နေ့စဉ်အသုံးပြုသူဦးရေ (Daily Active User) ၄၁သန်းအထိ တိုးတက်ခဲ့ပေမယ့် ဒုတိယသုံးလပတ်မှာတော့ ၂၂သန်းသာ တိုးတက်ပါတော့တယ်။

‘Cambridge Analytica Data Scandal’ ကိစ္စအပြီးမှာ Facebook ရဲ့ အချက်အလက်မလုံခြုံမှုတွေကို သတိထားမိသွားတာကြောင့် အသုံးပြုသူတွေအပြင် နာမည်ကြီးအမှတ်တံဆိပ်တချို့လည်း Facebook ကနေ စွန့်ခွာသွားကြလို့ အခုလိုရလဒ်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ Facebook အနေနဲ့ အသုံးပြုသူတွေကို ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်မှသာ ဝင်ငွေပိုတိုးလာပြီး ပြန်လည်တည်ငြိမ်လာမယ်လို့ သုံးသပ်မိပါတယ်။

အကိုးအကား (ဓာတ်ပုံ) – Bloomberg ၊ Fortune ၊ USA Today

ကျော်စိုးအောင် (အခရာ)

www.akhayar.com