[Zawgyi] 

ဖုန္းေတြကို Screen ဆိုဒ္ႀကီးႀကီးမွ ႀကိဳက္သူေတြအတြက္ ၅ လက္မထက္ႀကီးတဲ့ ဖုန္း Screen ေတြကို ထုတ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဖုန္းေတြက Screen ႀကီးလာတိုင္း ကိုယ္ထည္ဆိုဒ္ကလည္း ႀကီးလာတာမ်ိဳးေတြျဖစ္လာတာေၾကာင့္ ကိုယ္ထည္ဆိုဒ္ကို ေလွ်ာ့ခ်ေပးဖို႔ ဖန္တီးလာၾကျပန္ပါတယ္။ 

ZTE Iceberg Concept

Screen ဆုိဒ္ႀကီးၿပီး ကိုယ္ထည္ေသးဖို႔အတြက္ဖန္တီးလာၾကရင္း လက္တေလာ အဆံုးသတ္သြားတာကေတာ့ Notch ေတြထည့္တဲ့အခ်ိန္ပဲျဖစ္ပါတယ္။ ဖုန္းကုမၸဏီေတာ္ေတာ္မ်ားမ်ား Notch ေတြကေန လြတ္ေျမာက္ဖို႔  ႀကိဳးပမ္းေနခ်ိန္မွာ ZTE ကေတာ့ Notch ကို ႏွစ္ခုေတာင္ထည့္လိုက္ပါေသးတယ္။ ZTE Iceberg လို႔ေခၚတဲ့ Concept ဖုန္းတစ္လံုးအေၾကာင္း သတင္းေပါက္ၾကားလာပါတယ္။ ပံုမွာေတြ႕ရတဲ့အတိုင္း Screen ရဲ႕အေပၚဖက္အျခမ္းမွာေရာ ေအာက္ဖက္အျခမ္းမွာပါ Notch ႏွစ္ခုပါေနတာေတြ႕ရမွာပါ။ အေပၚက Notch ကေတာ့ Camera နဲ႔ Sensor ၊ Earpiece စတာေတြအတြက္ျဖစ္ၿပီး ေအာက္က Notch ကေတာ့ Display နဲ႔ပတ္သက္တဲ့ အစိတ္အပိုင္းတစ္ခုခုေၾကာင့္ျဖစ္ႏိုင္ပါတယ္။ 

ZTE Iceberg ရဲ႕ေနာက္ေက်ာဖက္မွာေတာ့ Dual Camera ၊ LED Flashlight နဲ႔အတူ Fingerprint Scanner တို႔ကိုေတြ႕ရပါတယ္။ ထူးျခားခ်က္အေနနဲ႔ေတာ့ ေအာက္နားေလးမွာ Dot Connector တစ္ခုပါလာတာပါျဖစ္ပါတယ္။ Dot Connector ကေတာ့ ဖုန္းေနာက္ေက်ာဖက္မွာ Cover လို Accessory တစ္ခုခုတပ္ဆင္ႏိုင္ၿပီး Speaker ၊ Battery Cover စသျဖင့္ ဖုန္းကိုေထာက္ပံ့ေပးမယ့္ အပိုပစၥည္းတစ္ခုခုကို တပ္ဆင္ႏိုင္ဖို႔အတြက္လို႔ ယူဆရပါတယ္။ ZTE ကေတာ့ အခုဖုန္းနဲ႔ပတ္သက္ၿပီး ဘာမွေၾကာျငာထားတာမ်ိဳးမရွိေသးပါဘူး။ Concept အဆင့္ပဲျဖစ္တာေၾကာင့္ ထုတ္ကုန္တစ္ခုအျဖစ္ထြက္လာႏိုင္ဖို႔လည္း မေသျခာပါဘူး။ Notch ႏွစ္ခုကို သင့္အေနနဲ႔ေရာ ဘယ္လိုျမင္ပါသလဲ။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Notch နှစ်ခုပါတဲ့ ZTE ရဲ့ စမတ်ဖုန်း Concept အကြောင်း သတင်းပေါက်ကြားခဲ့

ဖုန်းတွေကို Screen ဆိုဒ်ကြီးကြီးမှ ကြိုက်သူတွေအတွက် ၅ လက်မထက်ကြီးတဲ့ ဖုန်း Screen တွေကို ထုတ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဖုန်းတွေက Screen ကြီးလာတိုင်း ကိုယ်ထည်ဆိုဒ်ကလည်း ကြီးလာတာမျိုးတွေဖြစ်လာတာကြောင့် ကိုယ်ထည်ဆိုဒ်ကို လျှော့ချပေးဖို့ ဖန်တီးလာကြပြန်ပါတယ်။ 

ZTE Iceberg Concept

Screen ဆိုဒ်ကြီးပြီး ကိုယ်ထည်သေးဖို့အတွက်ဖန်တီးလာကြရင်း လက်တလော အဆုံးသတ်သွားတာကတော့ Notch တွေထည့်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဖုန်းကုမ္ပဏီတော်တော်များများ Notch တွေကနေ လွတ်မြောက်ဖို့  ကြိုးပမ်းနေချိန်မှာ ZTE ကတော့ Notch ကို နှစ်ခုတောင်ထည့်လိုက်ပါသေးတယ်။ ZTE Iceberg လို့ခေါ်တဲ့ Concept ဖုန်းတစ်လုံးအကြောင်း သတင်းပေါက်ကြားလာပါတယ်။ ပုံမှာတွေ့ရတဲ့အတိုင်း Screen ရဲ့အပေါ်ဖက်အခြမ်းမှာရော အောက်ဖက်အခြမ်းမှာပါ Notch နှစ်ခုပါနေတာတွေ့ရမှာပါ။ အပေါ်က Notch ကတော့ Camera နဲ့ Sensor ၊ Earpiece စတာတွေအတွက်ဖြစ်ပြီး အောက်က Notch ကတော့ Display နဲ့ပတ်သက်တဲ့ အစိတ်အပိုင်းတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ 

ZTE Iceberg ရဲ့နောက်ကျောဖက်မှာတော့ Dual Camera ၊ LED Flashlight နဲ့အတူ Fingerprint Scanner တို့ကိုတွေ့ရပါတယ်။ ထူးခြားချက်အနေနဲ့တော့ အောက်နားလေးမှာ Dot Connector တစ်ခုပါလာတာပါဖြစ်ပါတယ်။ Dot Connector ကတော့ ဖုန်းနောက်ကျောဖက်မှာ Cover လို Accessory တစ်ခုခုတပ်ဆင်နိုင်ပြီး Speaker ၊ Battery Cover စသဖြင့် ဖုန်းကိုထောက်ပံ့ပေးမယ့် အပိုပစ္စည်းတစ်ခုခုကို တပ်ဆင်နိုင်ဖို့အတွက်လို့ ယူဆရပါတယ်။ ZTE ကတော့ အခုဖုန်းနဲ့ပတ်သက်ပြီး ဘာမှကြောငြာထားတာမျိုးမရှိသေးပါဘူး။ Concept အဆင့်ပဲဖြစ်တာကြောင့် ထုတ်ကုန်တစ်ခုအဖြစ်ထွက်လာနိုင်ဖို့လည်း မသေခြာပါဘူး။ Notch နှစ်ခုကို သင့်အနေနဲ့ရော ဘယ်လိုမြင်ပါသလဲ။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။