[Zawgyi] 


ZTE Patent



Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Notch နှစ်ခုပါတဲ့ နောက်ထပ်ဖုန်းတစ်လုံးအတွက် မူပိုင်ခွင့်ရယူလိုက်တဲ့ ZTE

ZTE ရဲ့ ပထမဦးဆုံး Notch နှစ်ခုပါတဲ့ဖုန်းက ZTE Iceberg ဆိုတဲ့ Concept ဖုန်းပါ။ အခုတော့ နောက်ထပ်တစ်လုံးအနေနဲ့ Notch Desgin အသစ်ကို မူပိုင်ခွင့် မှတ်ပုံတင်လိုက်ပြန်ပါပြီ။ ZTE ကတော့ အခြား Android ဖုန်းတွေနဲ့ iPhone X လိုမျိုး Notch တစ်ခုတည်း ပါတဲ့ Design ကိုသဘောကျပုံမရပါဘူး။ 

ZTE Patent

Screen တွေကို မကြီးကြီးလာအောင် ဆွဲဆန့်ကြရင်း 18;9 Display တွေအပြိုင်ထုတ်လာပါတယ်။ ယှဉ်ပြိုင်မှုတွေက အဲ့ဒီမှာရပါမသွားသေးပဲ Notch တွေထည့်လာကြပါသေးတယ်။ Notch တွေထည့်လာပေမယ့် အောက်ဖက်မှာတော့ သိသာတဲ့ ဘောင်အထူကြီးတွေပါနေပါသေးတယ်။ အဲ့ဒီဘောင်မှာပါ လိုအပ်တဲ့အပိုင်းပဲချန်ထားခဲ့ပြီး Notch ထည့်ဖို့က ZTE ရဲ့ နည်းလမ်းဖြစ်လာပါပြီ။ 

Notch နှစ်ခုမှာ အပေါ်ဖက် Notch ကို Camera အတွက်ချန်ပေးထားတာဖြစ်ပါတယ်။ အောက်ဖက်က Notch ကိုတော့ Fingerprint Scanner ဒါမှမဟုတ် Gesture တွေသုံးလို့ရမယ့် Home Button တစ်ခုခု ထည့်လာပေးမယ်လို့ ခန့်မှန်းရပါတယ်။ ZTE အနေနဲ့လည်း Desgin နဲ့ပတ်သက်ပြီး မှတ်ပုံတင်ထားတာဖြစ်လို့ ထည့်မယ့်အစိတ်အပိုင်းတွေအကြောင်းကိုတော့ အသေးစိတ်မသိရပါဘူး။ ကျန်တဲ့ဖုန်းတွေ အောက်မှာ Display ဘောင်ကြီးနဲ့ဖြစ်နေချိန်မှာ သူက Display ကိုအောက်ဖက်အထိ ဆွဲဆန့်ချင်နေပုံပါပဲ။ အခုလိုလုပ်လိုက်ရင် Android မှာ အောက်က နေရာယူနေတဲ့ Software Button တွေကို Notch မှာပဲ၊ ဒါမှမဟုတ်  Notch ဘေးကို Back နဲ့ Recent Button တွေထည့်လိုက်ရင် Screen ကသိသိသာသာပိုကျယ်လာတယ်လို့ ခံစားရမှာအမှန်ပါပဲ။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။