[Zawgyi] 

ဖုန္းတစ္လံုးမွာ Selfie Camera လိုမယ္ထင္သလား။ ZTE ကေတာ့ Selfie Cmera လိုတယ္လို႔ မထင္တာေၾကာင့္ Nubia X မွာေတာ့ Selfie Camera မထည့္ေပးဘဲ ေစ်းကြက္တင္ဖို႔ႀကိဳးစားေနပါၿပီ။ Selfie Camera မပါတဲ့အတြက္ Screen ကေတာ့ တကယ္ကို Full Screen Experience ကို ေပးႏိုင္ေတာ့မွာပါ။

Full Screen

6.26 Inch Full HD+ LCD Display ကေတာ့ ဖုန္းရဲ႕ ေရွ႕မ်က္ႏွာျပင္တစ္ခုလံုးနီးပါးကို ေနရာယူထားတာေတြ႕ရပါတယ္။ ဒါေပမယ့္ Display က ဒီတစ္ခုတည္းနဲ႔ ရပ္မသြားေသးပါဘူး။ ေနာက္ေက်ာဖက္မွာလည္း 5.1 Inch OLED Display တစ္ခုကို ထပ္ထည့္ေပးထားပါေသးတယ္။ ေနာက္ေက်ာဖက္က Display ေၾကာင့္ Selfie Camera မပါတာက သိပ္ၿပီးေတာ့ ကိစၥမရွိေတာ့တာပါ။ အေၾကာင္းကေတာ့ Selfie ႐ုိုက္မယ္ဆိုရင္ ေနာက္ေက်ာဖက္က Display ကိုသံုးၿပီး ႐ုိုက္လို႔ရသလို Video Call ေတြအတြက္လည္း အဆင္ေျပေစပါတယ္။

Back OLED Display

ေနာက္ေက်ာဖက္က Display ကေတာ့ အခုလို Camera ေတြအတြက္ သီးသန္႔လုပ္ထားတာမဟုတ္ဘဲ Primary Display အျဖစ္လည္း သံုးလို႔ရတာေၾကာင့္ OLED နဲ႔ LCD ကိုေျပာင္းသံုးႏိုင္ဦးမွာပါ။ ဒါေပမယ့္ OLED Display ကေတာ့ HD+ Resolution ပဲရွိတာေၾကာင့္ LCD Display ေလာက္ ၾကည္ၾကည္လင္လင္ရွိမွာမဟုတ္ပါဘူး။ OLED Display ကေတာ့ ဖုန္းကိုမသုံးတဲ့အခ်ိန္ေတြမွာ Always On Display အေနနဲ႔သံုးလို္႔ရလို႔ အဆင္ေျပပါတယ္။

Dual Camera and OLED Display

Camera အတြက္ေတာ့ ေနာက္ေက်ာဖက္မွာပဲ Dual Camera ကို ထည့္ေပးထားပါတယ္။ 15MP f/1.8 နဲ႔ 24MP f/1.7 Lens ေတြကို သံုးေပးထားတာပါ။ Selfie ေတြနဲ႔ သာမန္ ဓာတ္ပံုေတြကေတာ့ Quality အတူတူပဲျဖစ္ေနေတာ့မွာပါ။ Portrait Mode အတြက္လည္း AI ကိုသံုးေပးထားတယ္လို႔ သိရပါတယ္။

Always On Display

Specification ေတြအေနနဲ႔ေတာ့ Nubia X ကိုေတာ့ Qualcomm Snapdragon 845 Chipset ၊ 8GB RAM / 256GB Storage နဲ႔ 6GB RAM / 64GB Storage ဆိုၿပီးရႏိုင္မွာပါ။ microSD Card ေတာ့ သံုးလို႔မရပါဘူး။ 3,800mAh Battery ထည့္ေပးထားၿပီး Fast Charging လည္းပါပါတယ္။ Flagship ဖုန္းျဖစ္သလို Display ၂ ခုလည္းပါေနေပမယ့္ Cooling အတြက္ Vapor-Chamber လိုနည္းပညာေတြ မေတြ႕ရပါဘူး။ အဲ့ဒီအစား Nubia X မွာ Graphene အလႊာေတြထပ္ထားတဲ့ အပူျဖန္႔ေပးမယ့္ Cooling စနစ္ကို ထည့္ေပးထားပါတယ္။ ေစ်းေတြကေတာ့ $470 နဲ႔ $620 ဆိုၿပီး ႏွစ္မ်ိဳးရွိမွာပါ။ ျပည္တြင္းေစ်းကြက္ကို ဝင္လာမလားဆိုတာကေတာ့ ခန္႔မွန္းလို႔မရေသးပါဘူး။

Ref: Engadget 

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Selfie Camera မပါဘဲ ဈေးကွက်တင်တော့မယ့် ZTE Nubia X

ဖုန်းတစ်လုံးမှာ Selfie Camera လိုမယ်ထင်သလား။ ZTE ကတော့ Selfie Cmera လိုတယ်လို့ မထင်တာကြောင့် Nubia X မှာတော့ Selfie Camera မထည့်ပေးဘဲ ဈေးကွက်တင်ဖို့ကြိုးစားနေပါပြီ။ Selfie Camera မပါတဲ့အတွက် Screen ကတော့ တကယ်ကို Full Screen Experience ကို ပေးနိုင်တော့မှာပါ။

Full Screen

6.26 Inch Full HD+ LCD Display ကတော့ ဖုန်းရဲ့ ရှေ့မျက်နှာပြင်တစ်ခုလုံးနီးပါးကို နေရာယူထားတာတွေ့ရပါတယ်။ ဒါပေမယ့် Display က ဒီတစ်ခုတည်းနဲ့ ရပ်မသွားသေးပါဘူး။ နောက်ကျောဖက်မှာလည်း 5.1 Inch OLED Display တစ်ခုကို ထပ်ထည့်ပေးထားပါသေးတယ်။ နောက်ကျောဖက်က Display ကြောင့် Selfie Camera မပါတာက သိပ်ပြီးတော့ ကိစ္စမရှိတော့တာပါ။ အကြောင်းကတော့ Selfie ရိုက်မယ်ဆိုရင် နောက်ကျောဖက်က Display ကိုသုံးပြီး ရိုက်လို့ရသလို Video Call တွေအတွက်လည်း အဆင်ပြေစေပါတယ်။

Back OLED Display

နောက်ကျောဖက်က Display ကတော့ အခုလို Camera တွေအတွက် သီးသန့်လုပ်ထားတာမဟုတ်ဘဲ Primary Display အဖြစ်လည်း သုံးလို့ရတာကြောင့် OLED နဲ့ LCD ကိုပြောင်းသုံးနိုင်ဦးမှာပါ။ ဒါပေမယ့် OLED Display ကတော့ HD+ Resolution ပဲရှိတာကြောင့် LCD Display လောက် ကြည်ကြည်လင်လင်ရှိမှာမဟုတ်ပါဘူး။ OLED Display ကတော့ ဖုန်းကိုမသုံးတဲ့အချိန်တွေမှာ Always On Display အနေနဲ့သုံးလို့်ရလို့ အဆင်ပြေပါတယ်။

Dual Camera and OLED Display

Camera အတွက်တော့ နောက်ကျောဖက်မှာပဲ Dual Camera ကို ထည့်ပေးထားပါတယ်။ 15MP f/1.8 နဲ့ 24MP f/1.7 Lens တွေကို သုံးပေးထားတာပါ။ Selfie တွေနဲ့ သာမန် ဓာတ်ပုံတွေကတော့ Quality အတူတူပဲဖြစ်နေတော့မှာပါ။ Portrait Mode အတွက်လည်း AI ကိုသုံးပေးထားတယ်လို့ သိရပါတယ်။

Always On Display

Specification တွေအနေနဲ့တော့ Nubia X ကိုတော့ Qualcomm Snapdragon 845 Chipset ၊ 8GB RAM / 256GB Storage နဲ့ 6GB RAM / 64GB Storage ဆိုပြီးရနိုင်မှာပါ။ microSD Card တော့ သုံးလို့မရပါဘူး။ 3,800mAh Battery ထည့်ပေးထားပြီး Fast Charging လည်းပါပါတယ်။ Flagship ဖုန်းဖြစ်သလို Display ၂ ခုလည်းပါနေပေမယ့် Cooling အတွက် Vapor-Chamber လိုနည်းပညာတွေ မတွေ့ရပါဘူး။ အဲ့ဒီအစား Nubia X မှာ Graphene အလွှာတွေထပ်ထားတဲ့ အပူဖြန့်ပေးမယ့် Cooling စနစ်ကို ထည့်ပေးထားပါတယ်။ ဈေးတွေကတော့ $470 နဲ့ $620 ဆိုပြီး နှစ်မျိုးရှိမှာပါ။ ပြည်တွင်းဈေးကွက်ကို ဝင်လာမလားဆိုတာကတော့ ခန့်မှန်းလို့မရသေးပါဘူး။

Ref: Engadget 

Min Than Htike (Akhayar)

www.akhayar.com