[Zawgyi]





Ref: ZTE

Min Than Htike (Akhayar)

www.akhayar.com


[Unicode]

Android GO ဖုန်းအသစ် ZTE Tempo GO

Android GO ဖုန်းတွေထဲမှာနောက်ထပ်ရွေးချယ်စရာတစ်ခုတိုးလာတာကတော့ ZTE Tempo GO ပါ။ $80 ပဲရှိလို့ဒီဖုန်းလေးကို သင်သဘောကျနိုင်ပါတယ်။

Tempo GO ကတော့ 5 Inch Screen နဲ့ဖြစ်ပြီး Resolution အနေနဲ့ 480×854 ရှိမှာဖြစ်ပါတယ်။ Micro SD Card 32GB အထိုထည့်သွင်းအသုံးပြုနိုင်မှာပါ။ Camera တွေကတော့ Front Selfie Camera 2MP ရှိပြီး Back Camera 5MP ရှိပါတယ်။ Battery 2200mAh ပါဝင်ပါတယ်။ 3.5mm Headphone Port ပါဝင်မှာဖြစ်ပြီး Wireless သုံးချင်ရင်လည်း Bluetooth 4.2 ပါပါဝင်ပါတယ်။

ZTE Tempo GO ဟာလူကြိုက်များလာနိုင်မလားဆိုတာကတော့ ပြောစရာမလိုတော့ဘူးလို့ယူဆပါတယ်။ ZTE က Order မှာဖို့စတင်ဖွင့်ပေးလိုက်ကတည်းက ပစ္စည်းပြတ်သွားခဲ့တာပဲဖြစ်ပါတယ်။ Andrid GO ဖုန်းတွေပြည်တွင်းကိုလည်းဝင်ရောက်လာဖို့ရှိပေမယ့် အခုအချိန်မှာတော့ ပြည်ပမှာကို ပစ္စည်းပြတ်နေတာကြောင့်ခန့်မှန်းဖို့ခက်နေပါသေးတယ်။

Ref: ZTE

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။