[Zawgyi]
Zola-With-FA-Cup
Zola-With-FA-Cup
REF:BBC
Photo:The Sun,Twitter
Naing Linn(Akhayar)
www.akhayar.com
[Unicode]
အသင်းဟောင်း ချယ်လ်ဆီးအသင်းဆီ လက်ထောက်နည်းပြအဖြစ် ပြန်လာမယ့် ဇိုလာ Zola
ချယ်လ်ဆီးနဲ့ အီတလီအသင်း နာမည်ကျော်တိုက်စစ်မှူးဟောင်း ဇိုလာ Zola ဟာ အသင်းဟောင်းချယ်လ်ဆီးကို တစ်ကောျ့ပြန် လာတော့မှာဖြစ်ပြီး ချယ်လ်ဆီးအသင်းနည်းပြသစ် Sarri ရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ ကစားသမားဘဝမှာ ဇိုလာဟာ ချယ်လ်ဆီးChelseaအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူခဲ့သူဖြစ်ပြီး ၁၉၉၆ ကနေ ၂၀၀၃ ခုနှစ်တာကာလအတွင်း FA ဖလား (၂)ကြိမ်၊ Uefa Cup Winners’ Cup (၁)ကြိမ်၊ ဥရောပစူပါဖလားနဲ့ လိဂ်ဖလား(၁)ကြိမ် ရယူနိုင်ခဲ့တာကြောင့် အသင်းရဲ့ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတယ်။
Zola-With-FA-Cup
Zola-With-FA-Cup
ဇိုလာဟာ ကစားသမားဘ၀ အနားယူပြီးနောက်ပိုင်းမှာ နည်းပြလောကကို ဝင်ရောက်ခဲ့ပြီး ဝက်စ်ဟမ်း၊ ဝက်ဖို့ဒ်၊ ကာဂလီယာရီ၊ ဘာမင်ဂမ်စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘဲ ၂၀၁၆-၁၇ ရာသီတုန်းက ဘာမင်ဂမ်အသင်းနည်းပြရာထူးက ထုတ်ပယ်ခံခဲ့တယ်။ ချယ်လ်ဆီးအသင်းဟာ အသင်းအတွက် ပရီးမီးယားလိဂ်၊ FA ဖလားရယူခဲ့တဲ့ နည်းပြ အန်တိုနီယိုကွန်တီ Antonio Conte ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးတဲ့နောက် ဆာရီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သလို အခုအခါ အသင်းရဲ့ဂန္ထဝင်တစ်ဦးဖြစ်တဲ့ ဇိုလာကိုလည်း လက်ထောက်နည်းပြခန့်အပ်ခဲ့တာပါ။ ဇိုလာအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ သြစတြေးလျ ရာသီကြိုခရီးစဉ်ကို လိုက်ပါသွားမှာဖြစ်ပါတယ်။ ဇိုလာက”ကျွန်တော့်အတွက်တော့ ချယ်လ်ဆီးအသင်းလက်ထောက်နည်းပြရာထူးက တကယ့်ကို Amazing ပါပဲ။ အသင်းဟောင်းကို ပြန်ရောက်ခဲ့တဲ့အတွက်လည်း ကျေနပ်မိတယ်။ ဆာရီနဲ့အတူ၊ ကလပ်အသင်းအတွက် အောင်မြင်မှုရယူနိုင်ဖို့က ကြီးကျယ်ခမ်းနားတဲ့အရာတစ်ခုပါ။ ကစားသမားတုန်းက အသင်းအတွက် အကောင်းဆုံးပေးဆပ်ခဲ့သလိုမျိုး အခုနည်းပြဘဝမှာလည်း အဲဒီအတိုင်းပေးဆပ်သွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့တယ်။
REF:BBC
Photo:The Sun,Twitter
Naing Linn(Akhayar)
www.akhayar.com