[Zawgyi]

လာမယ့္ ဇန္န၀ါရီမွာ Zlatan Ibrahimovic ကုိ ေခၚဖုိ႔ ရီးယဲလ္ ပစ္မွတ္ထားေနၿပီ

ရီးယဲလ္အသင္းဟာ အသင္းရဲ႕ တိုက္စစ္ကုိ အားျဖည့္ဖုိ႔အတြက္ လာမယ့္ဇန္န၀ါရီက်ရင္ LA ဂလက္ဆီအသင္းရဲ႕ ဆြီဒင္၀ါရင့္တိုက္စစ္မွဴး အီဘရာဟီမုိဗစ္ Zlatan Ibrahimovic ကုိ ေခၚဖုိ႔ စီစဥ္ေနတယ္ဆုိၿပီး သတင္းေတြ ထြက္ေနပါတယ္။ ရီးယဲလ္အသင္းဟာ အဓိက တိုက္စစ္မွဴး စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ကုိ ဂ်ဴဗင္တပ္စ္အသင္းဆီ ေရာင္းခ်ၿပီးကတည္း တုိက္စစ္ပုိင္း အားနည္းမႈနဲ႔ ရင္ဆုိင္ေနရၿပီး ဒီရာသီမွာ ဂါရတ္ေဘးလ္ Gareth Bale ၊ ဘန္ဇီမာ Benzema ၊ မာရီယာႏုိ Mariano ၊ အဆန္စီယုိ Asensio တို႔ဟာ (၁၂)ပဲြကစားၿပီးခ်ိန္မွာ အားလုံးေပါင္း (၁၈)ဂုိးသာ သြင္းထားတယ္။

Real-Madrid-Target-Ibrahimovic

Real-Madrid-Target-Ibrahimovic

လီဗန္ေတးနဲ႔ပဲြမတိုင္ခင္ ရီးယဲလ္အသင္းဟာ ဆုိးရြားတဲ့ ဂုိးေပါက္ေပ်ာက္မႈ မွတ္တမ္းကုိ ပုိင္ဆုိင္ခဲ့တာေၾကာင့္ ရီးယဲလ္ပရိသတ္ေတြက တိုက္စစ္ပုိင္းကုိ အားျဖည့္ဖုိ႔ ေတာင္းဆုိေနၾကပါၿပီ။ အဲဒါေၾကာင့္ လာမယ့္ဒီဇင္ဘာလဆုိရင္ LA ဂလက္ဆီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ အီဘရာဟီမုိဗစ္ကုိ ေခၚၿပီး တိုက္စစ္ျပႆနာကုိ ယာယီေျဖရွင္းဖုိ႔ ရီးယဲလ္အသင္းက ဆႏၵရွိေနတာပါ။ အသက္(၃၇)ႏွစ္အရြယ္ရွိၿပီျဖစ္ေပမယ့္ အေကာင္းဆုံး ေျခစြမ္းေတြကုိ ျပသေနဆဲျဖစ္သူ အီဘရာဟီမုိဗစ္ဟာ LA ဂလက္ဆီအသင္းအတြက္ (၂၆)ပဲြကစား (၂၂)ဂုိးသြင္းထားၿပီး အခုေလာေလာဆယ္ ေမဂ်ာလိဂ္ၿပိဳင္ပဲြမွာ ဒုတိယသြင္းဂုိးအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနတယ္။

Ibrahimovic-Barcelona

Ibrahimovic-Barcelona

အီဘရာဟီမုိဗစ္ဟာ ဘာစီလုိနာအသင္းမွာ ၂၀၀၉ ကေန ၂၀၁၁ အထိ ကစားခဲ့ဖူးတာေၾကာင့္ တကယ္လုိ႔ ရီးယဲလ္ကုိ ေျပာင္းေရႊ႕ျဖစ္မယ္ဆုိရင္ ဘာစီလုိနာနဲ႔ ရီးယဲလ္ႏွစ္သင္းစလုံးမွာ ကစားခဲ့ဖူးတဲ့ (၃၃)ဦးေျမာက္ ကစားသမားျဖစ္လာမွာပါ . .

REF:AS
Photo:lasexta,Pro Soccer USA,YouTube
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လာမယ့် ဇန်နဝါရီမှာ Zlatan Ibrahimovic ကို ခေါ်ဖို့ ရီးယဲလ် ပစ်မှတ်ထားနေပြီ

ရီးယဲလ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကို အားဖြည့်ဖို့အတွက် လာမယ့်ဇန်နဝါရီကျရင် LA ဂလက်ဆီအသင်းရဲ့ ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ် Zlatan Ibrahimovic ကို ခေါ်ဖို့ စီစဉ်နေတယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။ ရီးယဲလ်အသင်းဟာ အဓိက တိုက်စစ်မှူး စီရော်နယ်လ်ဒို Cristiano Ronaldo ကို ဂျူဗင်တပ်စ်အသင်းဆီ ရောင်းချပြီးကတည်း တိုက်စစ်ပိုင်း အားနည်းမှုနဲ့ ရင်ဆိုင်နေရပြီး ဒီရာသီမှာ ဂါရတ်ဘေးလ် Gareth Bale ၊ ဘန်ဇီမာ Benzema ၊ မာရီယာနို Mariano ၊ အဆန်စီယို Asensio တို့ဟာ (၁၂)ပွဲကစားပြီးချိန်မှာ အားလုံးပေါင်း (၁၈)ဂိုးသာ သွင်းထားတယ်။

Real-Madrid-Target-Ibrahimovic

Real-Madrid-Target-Ibrahimovic

လီဗန်တေးနဲ့ပွဲမတိုင်ခင် ရီးယဲလ်အသင်းဟာ ဆိုးရွားတဲ့ ဂိုးပေါက်ပျောက်မှု မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာကြောင့် ရီးယဲလ်ပရိသတ်တွေက တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ တောင်းဆိုနေကြပါပြီ။ အဲဒါကြောင့် လာမယ့်ဒီဇင်ဘာလဆိုရင် LA ဂလက်ဆီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အီဘရာဟီမိုဗစ်ကို ခေါ်ပြီး တိုက်စစ်ပြဿနာကို ယာယီဖြေရှင်းဖို့ ရီးယဲလ်အသင်းက ဆန္ဒရှိနေတာပါ။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် အကောင်းဆုံး ခြေစွမ်းတွေကို ပြသနေဆဲဖြစ်သူ အီဘရာဟီမိုဗစ်ဟာ LA ဂလက်ဆီအသင်းအတွက် (၂၆)ပွဲကစား (၂၂)ဂိုးသွင်းထားပြီး အခုလောလောဆယ် မေဂျာလိဂ်ပြိုင်ပွဲမှာ ဒုတိယသွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတယ်။

Ibrahimovic-Barcelona

Ibrahimovic-Barcelona

အီဘရာဟီမိုဗစ်ဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၉ ကနေ ၂၀၁၁ အထိ ကစားခဲ့ဖူးတာကြောင့် တကယ်လို့ ရီးယဲလ်ကို ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် ဘာစီလိုနာနဲ့ ရီးယဲလ်နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ (၃၃)ဦးမြောက် ကစားသမားဖြစ်လာမှာပါ . .

REF:AS
Photo:lasexta,Pro Soccer USA,YouTube
Naing Linn(Akhayar)
www.akhayar.com