This Football update is proudly sponsored by Telenor Myanmar.
[Zawgyi]
REF:BBC
Naing Linn(Akhayar)
www.akhayar.com
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။
[Unicode]
အင်္ဂလန်-ဆွီဒင်ပွဲမတိုင်ခင် အပြန်အလှန်နောက်ပြောင် စိန်ခေါ်ခဲ့တဲ့ အီဘရာဟီဗစ်နဲ့ ဒေးဗစ်ဘက်ခမ်
ဆွီဒင်ဂန္ထဝင်တိုက်စစ်မှူး အီဘရာဟီမိုဗစ် Ibrahimovic နဲ့ အင်္ဂလန်အသင်းရဲ့ နာမည်ကျော်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ် David Beckham တို့ဟာ အင်္ဂလန်-ဆွီဒင်တို့ကစားမယ့် ကွာတားဖိုင်နယ်ပွဲမတိုင်ခင် Instagram စာမျက်နှာပေါ်မှာ အပြန်အလှန်နောက်ပြောင် စိန်ခေါ်ခဲ့ပါတယ်။ မေဂျာလိဂ်ကလပ် LA ဂလက်ဆီအသင်းမှာ လက်ရှိကစားနေတဲ့ အီဘရာဟီမိုဗစ်က သူ့ရဲ့ Instagram စာမျက်နှာမှာ “ဘက်ခမ်ရေ၊ တကယ်လို့ အင်္ဂလန်-ဆွီဒင်ပွဲမှာ အင်္ဂလန်အနိုင်ရခဲ့မယ်ဆိုရင် ကမ္ဘာပေါ်က မင်းကြိုက်တဲ့နေရာမှာ မင်းကို ညနေစာ ငါဝယ်ကျွေးမယ်။ ဒါပေမဲ့ ဆွီဒင်သာအနိုင်ရခဲ့ရင် ပရိဘောဂရောင်းချတဲ့ Ikea ကုမ္ပဏီက ငါကြိုက်တာတွေကို ဝယ်ပေးရမယ်”လို့ စိန်ခေါ်ခဲ့တယ်။
Ibrahimovic-And-David-Beckham
Ibrahimovic-And-David-Beckham
ဘက်ခမ်ကလည်း အီဘရာဟီမိုဗစ်ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး သူက”တကယ်လို့ ဆွီဒင်သာအနိုင်ရခဲ့မယ်ဆိုရင် Ikea ကုမ္ပဏီဆီ ငါတို့နှစ်ယောက်သွားပြီး လော့စ်အန်ဂျလိစ်မှာရှိတဲ့ မင်းရဲ့စံအိမ်ကြီးအတွက် လိုအပ်တာတွေ အားလုံးဝယ်ပေးမယ်။ ဒါပေမဲ့ အင်္ဂလန်အသင်းသာ အနိုင်ရခဲ့ရင် ဝင်ဘလေကွင်းမှာကစားမယ့် အင်္ဂလန်ပွဲမှာ အင်္ဂလန်အသင်းအကျႌဝတ်ဆင်ပြီး လာ အားပေးရမယ်”လို့ တုံ့ပြန်ခဲ့တယ်။ အီဘရာဟီမိုဗစ်နဲ့ ဘက်ခမ်တို့ဟာ PSG အသင်းမှာ အတူတကွ ကစားခဲ့ဖူးသူဖြစ်ပြီး ရင်းနှီးတဲ့သူငယ်ချင်းတွေလည်းဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးရေ၊ အီဘရာဟီမိုဗစ်နဲ့ ဒေးဗစ်ဘက်ခမ် ဘယ်သူအနိုင်ရမလဲဆိုတာ စောင့်ကြည့်ရအောင် . . .
REF:BBC
Photo: Derniéres Nouvelles,Twitter
Naing Linn(Akhayar)
www.akhayar.com