[Zawgyi]

ေမဂ်ာလိဂ္ၿပိဳင္ပဲြရဲ႕ အေကာင္းဆုံးကစားသမားဆု ရရွိခ့ဲတဲ့ Zlatan Ibrahimovic

LA ဂလက္ဆီအသင္းရဲ႕ ဆြီဒင္၀ါရင့္တိုက္စစ္မွဴး အီဘရာဟီမုိဗစ္ Zlatan Ibrahimovic ဟာ MLS Newcomer of the Year award ကုိ ဆြတ္ခူးရရွိခဲ့ပါတယ္။ ဒီဆုဟာ ဒီႏွစ္မွ ေမဂ်ာလိဂ္ၿပိဳင္ပဲြကုိ ေျပာင္းေရႊ႕ကစားခဲ့တဲ့ ကစားသမားသစ္ေတြထဲက ေျခစြမ္းျပႏုိင္သူကုိ ေရြးခ်ယ္ခ်ီးျမႇင့္တာျဖစ္ၿပီး အီဘရာဟီမုိဗစ္ဟာ DC ယူႏုိက္တက္ တိုက္စစ္မွဴးရြန္နီ Wayne Rooney ကုိ ေက်ာ္ျဖတ္ ဆြတ္ခူးခဲ့တာလည္းျဖစ္ပါတယ္။

zlatan-ibrahimovic-goal-against-toronto-fc

zlatan-ibrahimovic-goal-against-toronto-fc

အသက္(၃၆)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အီဘရာဟီမုိဗစ္ဟာ မန္ယူနဲ႔လမ္းခဲြခဲ့ၿပီး ဒီႏွစ္၊ မတ္လတုနး္က LA ဂလက္ဆီအသင္းကုိ ေျပာင္းေရႊ႕ခဲ့သူပါ။ အသက္ႀကီးေနၿပီျဖစ္ေပမယ့္ ထိပ္တန္းအဆင့္ ေျခစြမ္းျပသေနတဲ့ အီဘရာဟီမုိဗစ္ဟာ LA ဂလက္ဆီအသင္းအတြက္ (၂၇)ပဲြကစား (၂၂)ဂုိးသြင္း၊ ဂုိးဖန္တီးမႈ (၁၀)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။ အဂၤလန္၀ါရင့္တိုက္စစ္မွဴး ရြန္နီဟာလည္း ဒီႏွစ္၊ ဇြန္လတုန္းက DC ယူႏုိက္တက္အသင္းဆီ ေျပာင္းေရႊ႕ခဲ့ၿပီး (၂၁)ပဲြကစား၊ (၁၂)ဂုိးသြင္းယူခဲ့သလုိ ဒီဆုအတြက္ ဆန္ခါတင္စာရင္းမွာ ပါ၀င္ခဲ့ေပမယ့္လည္း အီဘရာဟီမုိဗစ္ကုိ ေက်ာ္ျဖတ္ႏုိင္ျခင္းမရွိခဲ့ပါဘူး။ အီဘရာဟီမုိဗစ္ဟာ တိုရြန္တိုနဲ႔ ကစားခဲ့တဲ့ပဲြမွာ ေနာက္ေပါက္နဲ႔ ဂုိးသြင္းခဲ့ၿပီး အဲဒီဂုိးဟာ သူ႔ ကစားသမားဘ၀တစ္ေလွ်ာက္ သြင္းဂုိး(၅၀၀)ျပည့္ျဖစ္ခဲ့သလုိ ၂၀၁၈ ေမဂ်ာလိဂ္ၿပိဳင္ပဲြရဲ႕ အေကာင္းဆုံးသြင္းဂုိးဆု ဆန္ခါတင္စာရင္းမွာလည္း ပါ၀င္ခဲ့ပါတယ္။

REF:Daily Mail
Photo:Pro Soccer USA,YouTube
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မေဂျာလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ Zlatan Ibrahimovic

LA ဂလက်ဆီအသင်းရဲ့ ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ် Zlatan Ibrahimovic ဟာ MLS Newcomer of the Year award ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီဆုဟာ ဒီနှစ်မှ မေဂျာလိဂ်ပြိုင်ပွဲကို ပြောင်းရွှေ့ကစားခဲ့တဲ့ ကစားသမားသစ်တွေထဲက ခြေစွမ်းပြနိုင်သူကို ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး အီဘရာဟီမိုဗစ်ဟာ DC ယူနိုက်တက် တိုက်စစ်မှူးရွန်နီ Wayne Rooney ကို ကျော်ဖြတ် ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

zlatan-ibrahimovic-goal-against-toronto-fc

zlatan-ibrahimovic-goal-against-toronto-fc

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ မန်ယူနဲ့လမ်းခွဲခဲ့ပြီး ဒီနှစ်၊ မတ်လတုန်းက LA ဂလက်ဆီအသင်းကို ပြောင်းရွှေ့ခဲ့သူပါ။ အသက်ကြီးနေပြီဖြစ်ပေမယ့် ထိပ်တန်းအဆင့် ခြေစွမ်းပြသနေတဲ့ အီဘရာဟီမိုဗစ်ဟာ LA ဂလက်ဆီအသင်းအတွက် (၂၇)ပွဲကစား (၂၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၀)ကြိမ်ပြုလုပ်ခဲ့ပါတယ်။ အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ရွန်နီဟာလည်း ဒီနှစ်၊ ဇွန်လတုန်းက DC ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး (၂၁)ပွဲကစား၊ (၁၂)ဂိုးသွင်းယူခဲ့သလို ဒီဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပေမယ့်လည်း အီဘရာဟီမိုဗစ်ကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ အီဘရာဟီမိုဗစ်ဟာ တိုရွန်တိုနဲ့ ကစားခဲ့တဲ့ပွဲမှာ နောက်ပေါက်နဲ့ ဂိုးသွင်းခဲ့ပြီး အဲဒီဂိုးဟာ သူ့ ကစားသမားဘဝတစ်လျှောက် သွင်းဂိုး(၅၀၀)ပြည့်ဖြစ်ခဲ့သလို ၂၀၁၈ မေဂျာလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးသွင်းဂိုးဆု ဆန်ခါတင်စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

REF:Daily Mail
Photo:Pro Soccer USA,YouTube
Naing Linn(Akhayar)
www.akhayar.com