[Zawgyi]

ေမဂ်ာလိဂ္မွာ ေျခစြမ္းေကာင္းေတြျပေနၾကတဲ႔ မန္ယူတိုက္စစ္မႈးေဟာင္းႏွစ္ဦး

ေမဂ်ာလိဂ္ကို ေဘာလံုးသမားေတြဟာ အရြယ္လြန္ေျခက်မွ သြားၾကတာလား ၊ ေမဂ်ာလိဂ္ဟာ ကစားသမားေတြအတြက္ ဘာဖိအားမွမရိွတဲ႔ ေနာက္ဆံုးနားခိုရာ ေနရာတစ္ခု ၊ ေမဂ်ာလိဂ္ဟာ ကစားသမားေတြ ေငြကိုလြယ္လြယ္ရွာလို႔ရတဲ႔ေနရာ စတဲ႔အခ်က္ေတြဟာ ေမဂ်ာလိဂ္ကို ေျပာင္းေရႊ႕တဲ႔ ကစားသမားေတာ္ေတာ္မ်ားမ်ား အေပၚပရိသတ္ေတြ ထင္ျမင္ေလ႔ရိွတဲ႔ အရာေတြပါ။ လက္ရိွမွာေတာ႔ ဒီအရာေတြဟာ ခိုင္မာတဲ႔ အေၾကာင္းျပခ်က္ေတြမဟုတ္ဘူးလို႔ ၀ါရင္႔တိုက္စစ္မႈးႏွစ္ေယာက္က သက္ေသျပလိုက္ၾကပါျပီ။ သူတို႔ကေတာ႔ စိတ္ဓာတ္ပိုင္းနဲ႔ ႏိုင္လိုစိတ္ျပင္းထန္ၾကတဲ႔ မန္ယူတိုက္စစ္မႈးေဟာင္းႏွစ္ဦးျဖစ္တဲ႔ အီဘရာဟီမိုဗစ္ Ibrahimović နဲ႔ ရြန္နီ Rooney တို႔ပါပဲ။

Ibrahimović

Ibrahimović

သူတို႔ႏွစ္ေယာက္ ေမဂ်ာလိဂ္ကိုစေရာက္ထဲက ေမဂ်ာလိဂ္ဟာ မီဒီယာစာမ်က္ႏွာထက္မွာ အရင္ကထက္ပို ေနရာယူခဲ႔ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ လက္ရိွစြမ္းေဆာင္ရည္ေတြဟာ ေမဂ်ာလိဂ္မွာ အရင္က ကစားခဲ႔တဲ႔ နာမည္ေက်ာ္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ေတြထက္ ပိုမိုသာလြန္ေနတာကိုလည္း အားလံုးအျမင္ပါပဲ။ အီဘရာဟီမိုဗစ္ဟာ ေကာင္းမြန္တဲ႔သြင္းဂိုးေတြကို ခုခ်ိန္ထိသြင္းျပေနဆဲျဖစ္ျပီး လက္ရိွအခ်ိန္ထိ LA Galaxy အသင္းအတြက္ (၂၅)ပြဲကစား (၂၁)ဂိုးသြင္းယူထားပါတယ္။ အီဘရာဟီမိုဗစ္ဟာ သက္တမ္းရင္႔ေလ ပိုေကာင္းေလျဖစ္ျပီး ႏွစ္ခ်ိဳ႕၀ိုင္နဲ႔ပဲ ႏိႈင္းယွဥ္ရမွာပါ။ ေရာက္ေလရာေနရာတိုင္းမွာ အေကာင္းဆံုးေျခစြမ္းျပျပီး အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြကို အၿမဲျပသႏိုင္တဲ႔ အီဘရာဟီမိုဗစ္ဟာ လက္ရိွမွာအသင္းေဟာင္း ေအစီမီလန္အသင္းနဲ႔ အသံေတြထြက္ေနပါတယ္။

Rooney

Rooney

ရြန္နီကေတာ႔ ေမဂ်ာလိဂ္မွာ ငယ္မူငယ္ေသြးျပန္ေနျပီလို႔ေျပာရမယ္။ အေကာင္းဆံုးအေတြ႕အၾကံဳေတြနဲ႔ အတူ DC United အသင္းကို ဦးေဆာင္ေနျပၤီး အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြကို ထုတ္ျပေနပါတယ္။ ရြန္နီရဲ႕ ႏိုင္လိုစိတ္နဲ႔ ၾကိဳးစားအားထုတ္မႈအျပည္႔ရိွတဲ႔ ကစားဟန္ေတြကိုလည္း DC United အသင္းမွာ မၾကာခဏျမင္ေတြ႕ေနရပါတယ္။ ရြန္နီဟာ လက္ရိွအခ်ိန္ထိ DC United အသင္းအတြက္ (၁၆)ပြဲကစားထားျပီး (၉)ဂိုးသြင္းယူထားပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ လက္ရိွေျခစြမ္းေတြဟာ မန္ယူပရိသတ္ေတြအတြက္ လြမ္းခ်င္စရာပါပဲ။ ဘာပဲေျပာေျပာ ေမဂ်ာလိဂ္ဟာ ကစားသမားေတြ အေပ်ာ္ခရီးထြက္သလို အပန္းေျဖတဲ႔ ေနရာမဟုတ္ဘူးဆိုတာကိုေတာ႔ သူတို႔ႏွစ္ေယာက္က သက္ေသျပေနခဲ႔ပါျပီ။

Ref: Bleacher Report Football
Photo: independent.co.uk , The Bent Musket , US Sports Guru
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မေဂျာလိဂ်မှာ ခြေစွမ်းကောင်းတွေပြနေကြတဲ့ မန်ယူတိုက်စစ်မှုးဟောင်းနှစ်ဦး

မေဂျာလိဂ်ကို ဘောလုံးသမားတွေဟာ အရွယ်လွန်ခြေကျမှ သွားကြတာလား ၊ မေဂျာလိဂ်ဟာ ကစားသမားတွေအတွက် ဘာဖိအားမှမရှိတဲ့ နောက်ဆုံးနားခိုရာ နေရာတစ်ခု ၊ မေဂျာလိဂ်ဟာ ကစားသမားတွေ ငွေကိုလွယ်လွယ်ရှာလို့ရတဲ့နေရာ စတဲ့အချက်တွေဟာ မေဂျာလိဂ်ကို ပြောင်းရွှေ့တဲ့ ကစားသမားတော်တော်များများ အပေါ်ပရိသတ်တွေ ထင်မြင်လေ့ရှိတဲ့ အရာတွေပါ။ လက်ရှိမှာတော့ ဒီအရာတွေဟာ ခိုင်မာတဲ့ အကြောင်းပြချက်တွေမဟုတ်ဘူးလို့ ဝါရင့်တိုက်စစ်မှုးနှစ်ယောက်က သက်သေပြလိုက်ကြပါပြီ။ သူတို့ကတော့ စိတ်ဓာတ်ပိုင်းနဲ့ နိုင်လိုစိတ်ပြင်းထန်ကြတဲ့ မန်ယူတိုက်စစ်မှုးဟောင်းနှစ်ဦးဖြစ်တဲ့ အီဘရာဟီမိုဗစ် Ibrahimović နဲ့ ရွန်နီ Rooney တို့ပါပဲ။

Ibrahimović

Ibrahimović

သူတို့နှစ်ယောက် မေဂျာလိဂ်ကိုစရောက်ထဲက မေဂျာလိဂ်ဟာ မီဒီယာစာမျက်နှာထက်မှာ အရင်ကထက်ပို နေရာယူခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ လက်ရှိစွမ်းဆောင်ရည်တွေဟာ မေဂျာလိဂ်မှာ အရင်က ကစားခဲ့တဲ့ နာမည်ကျော်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေထက် ပိုမိုသာလွန်နေတာကိုလည်း အားလုံးအမြင်ပါပဲ။ အီဘရာဟီမိုဗစ်ဟာ ကောင်းမွန်တဲ့သွင်းဂိုးတွေကို ခုချိန်ထိသွင်းပြနေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ LA Galaxy အသင်းအတွက် (၂၅)ပွဲကစား (၂၁)ဂိုးသွင်းယူထားပါတယ်။ အီဘရာဟီမိုဗစ်ဟာ သက်တမ်းရင့်လေ ပိုကောင်းလေဖြစ်ပြီး နှစ်ချို့ဝိုင်နဲ့ပဲ နှိုင်းယှဉ်ရမှာပါ။ ရောက်လေရာနေရာတိုင်းမှာ အကောင်းဆုံးခြေစွမ်းပြပြီး အကောင်းဆုံးစွမ်းဆောင်ရည်တွေကို အမြဲပြသနိုင်တဲ့ အီဘရာဟီမိုဗစ်ဟာ လက်ရှိမှာအသင်းဟောင်း အေစီမီလန်အသင်းနဲ့ အသံတွေထွက်နေပါတယ်။

Rooney

Rooney

ရွန်နီကတော့ မေဂျာလိဂ်မှာ ငယ်မူငယ်သွေးပြန်နေပြီလို့ပြောရမယ်။ အကောင်းဆုံးအတွေ့အကြုံတွေနဲ့ အတူ DC United အသင်းကို ဦးဆောင်နြေင်္ပီး အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ထုတ်ပြနေပါတယ်။ ရွန်နီရဲ့ နိုင်လိုစိတ်နဲ့ ကြိုးစားအားထုတ်မှုအပြည့်ရှိတဲ့ ကစားဟန်တွေကိုလည်း DC United အသင်းမှာ မကြာခဏမြင်တွေ့နေရပါတယ်။ ရွန်နီဟာ လက်ရှိအချိန်ထိ DC United အသင်းအတွက် (၁၆)ပွဲကစားထားပြီး (၉)ဂိုးသွင်းယူထားပါတယ်။ သူတို့နှစ်ယောက်ရဲ့ လက်ရှိခြေစွမ်းတွေဟာ မန်ယူပရိသတ်တွေအတွက် လွမ်းချင်စရာပါပဲ။ ဘာပဲပြောပြော မေဂျာလိဂ်ဟာ ကစားသမားတွေ အပျော်ခရီးထွက်သလို အပန်းဖြေတဲ့ နေရာမဟုတ်ဘူးဆိုတာကိုတော့ သူတို့နှစ်ယောက်က သက်သေပြနေခဲ့ပါပြီ။

Ref: Bleacher Report Football
Photo: independent.co.uk , The Bent Musket , US Sports Guru
Ko Kyue(Akhayar)
www.akhayar.com