[Zawgyi]

ရီးယဲလ္အသင္းနည္းျပရာထူးကေန အံ့အားသင့္ဖြယ္ ႏုတ္ထြက္ခဲ့တဲ့ ဇီဒန္း Zidane

ရီးယဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ (၃)ႀကိမ္ဆက္ရရွိခဲ့တဲ့ နည္းျပဇီဒန္း Zidane ဟာ ရာထူးကေန အံ့အား သင့္စရာေကာင္းေလာက္ေအာင္ ႐ုတ္တရက္ႏုတ္ထြက္သြားခဲ့ပါတယ္။ ဇီဒန္းဟာ ရီးယဲလ္နဲ႔အတူ (၃)ႀကိမ္ဆက္ ခ်န္ပီယံလိဂ္ဖလားကုိ ရယူခဲ့ၿပီး (၅)ရက္အၾကာမွာပဲ ရာထူးက ႏုတ္ထြက္ခဲ့တာပါ။ ဇီဒန္းဟာ ဒီေန႔ (ၾကာသပေတးေန႔) စပိန္စံေတာ္ခ်ိန္ ေန႔လည္ေလာက္မွာ သတင္းစာရွင္းလင္းပဲြတစ္ခုကုိ ႐ုတ္တရက္ ျပဳလုပ္ခဲ့ၿပီး ရာထူးက ႏုတ္ထြက္တဲ့အေၾကာင္းကုိ အတည္ျပဳထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အသက္(၄၅)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ ျပင္သစ္လူမ်ိဳးနည္းျပ ဇီဒန္းဟာ ၂၀၁၆ ဇန္န၀ါရီလတုန္းက ရာထူးက ထုတ္ပယ္ခံခဲ့ရတဲ့ ဘင္နီတက္ဇ္ Benítez ေနရာမွာ အစားထုိး ခန္႔အပ္ခံခဲ့ရတာျဖစ္ၿပီး (၂)ႏွစ္ခဲြကာလအတြင္းမွာ လာလီဂါ(၁)ႀကိမ္၊ ခ်န္ပီယံလိဂ္ (၃)ႀကိမ္အပါအ၀င္ ဆုဖလား(၉)ခုအထိ ရယူႏုိင္ခဲ့တယ္။

Zidane-Trophy-List

Zidane-Trophy-List

ဇီဒန္းအေနနဲ႔ ရီးယဲလ္နဲ႔ ၂၀၂၀ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေပမယ့္ နည္းျပရာထူးက ႏုတ္ထြက္ဖုိ႔ ဆုံးျဖတ္ခဲ့တာပါ။ ဘာအေၾကာင္းေၾကာင့္ ရာထူးက ႏုတ္ထြက္ခဲ့ရတာလည္းဆုိတာေတာ့ မသိရေသးပါဘူး။

Zidane-Record-At-Real-Madrid

Zidane-Record-At-Real-Madrid

ရီးယဲလ္နည္းျပဘ၀ (၂)ႏွစ္တာကာလအတြင္း လာလီဂါမွာ ႏုိင္ပဲြ(၇၀%)အထိ ရယူခဲ့သလုိ ခ်န္ပီယံလိဂ္မွာ ႐ႈံးပဲြ (၄)ပဲြသာရွိခဲ့ၿပီး ဖီဖာကလပ္ကမၻာ႔ဖလား၊ ဥေရာပစူပါဖလား၊ စပိန္စူပါဖလားပဲြေတြမွာ ရာႏႈန္းျပည့္ႏုိင္ပဲြ ရယူခဲ့တယ္။ နည္းျပရာထူးက ႏုတ္ထြက္ဖုိ႔ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ဇီဒန္းက”ရီးယဲလ္ နည္းျပရာထူး က ႏုတ္ထြက္ရမယ့္အခ်ိန္ေရာက္လာပါၿပီ။ ကစားသမားေတြအေနနဲ႔ ကြဲျပားျခားနားတဲ့ ညႊန္ၾကားမႈေတြ၊ နည္းဗ်ဴဟာသစ္ေတြကုိ လုိအပ္ေနပါၿပီ။ ဒီဆုံးျဖတ္ခ်က္က ဘယ္သူရဲ႕ ဖိအားေပးမႈမွ မပါဘဲ ကၽြန္ေတာ္ ကုိယ္တိုင္ ဆုံးျဖတ္ခဲ့တာပါ။ ပရိသတ္ေတြအေနနဲ႔ ဒီဆုံးျဖတ္ခ်က္က အဓိပၸါယ္မရွိဘူးလုိ႔ ယူဆေပမယ့္ ကၽြန္ေတာ့္အတြက္ေတာ့ အဓိပၸါယ္ရွိပါတယ္။ အေျပာင္းအလဲျပဳလုပ္ရမယ့္ အခ်ိန္ေရာက္လာပါၿပီ”လုိ႔ ေျပာၾကားခဲ့တယ္။

Zidane-Trophy

Zidane-Trophy

လက္ရွိအခ်ိန္မွာ ဇီဒန္းရဲ႕ေနရာကုိ အစား၀င္ဖုိ႔အတြက္ အာဆင္နယ္ဂႏၳ၀င္နည္းျပ အာစင္၀င္းဂါး Arsene Wenger၊ ခ်ယ္လ္ဆီးအသင္းနညး္ျပ ကြန္တီ Conte တို႔က ေရပန္းစားေနပါတယ္။

ရီးယဲလ္နဲ႔အတူ ဇီဒန္း ရယူခဲ့တဲ့ ဆုဖလားမ်ား

La Liga: 2016–17

Supercopa de España: 2017

UEFA Champions League: 2015–16, 2016–17, 2017–18

UEFA Super Cup: 2016, 2017

FIFA Club World Cup: 2016, 2017

ဇီဒန္းရဲ႕ ဥေရာပၿပိဳင္ပဲြ စံခ်ိန္မွတ္တမ္းမ်ား
– ခ်န္ပီယံလိဂ္(ဥေရာပဖလား)ကုိ (၃)ႏွစ္ဆက္တိုက္ ရယူခဲ့တဲ့ ပထမဆုံးနည္းျပ။
– ေဘာ့ဘ္ပီယာစေလ Bob Paisley (လီဗာပူးလ္ -၃ ႀကိမ္)၊ အန္ဆယ္ေလာ့တီ Carlo Ancelotti (ေအစီမီလန္ -၂ ႀကိမ္၊ ရီးယဲလ္ -၁ႀကိမ္)တို႔လုိပဲ ခ်န္ပီယံလိဂ္ဖလားကုိ (၃)ႀကိမ္ ရယူခဲ့တဲ့ နည္းျပ။
– ခ်န္ပီယံလိဂ္ဖလား(၃)ႀကိမ္ကုိ အသက္အငယ္ဆုံး(၄၅ႏွစ္)နဲ႔ ရယူႏုိင္ခဲ့တဲ့ နညး္ျပ။
– ခ်န္ပီယံလိဂ္၊ ဥေရာပစူပါဖလား၊ ဖီဖာကလပ္ကမၻာ႔ဖလားၿပိဳင္ပဲြေတြရဲ႕ ႐ႈံးထြက္အဆင့္(႐ႈံးထြက္ ၁၆ သင္းကေန ဗုိလ္လုပဲြအထိ) (၁၈)ပဲြစလုံးမွာ ရာႏႈန္းျပည့္ ႏုိင္ပဲြရခဲ့တဲ့နည္းျပ။
– ရီးယဲလ္နည္းျပဘ၀ (၁၄၉)ပဲြမွာ ဆုဖလား(၉)ခုအထိ ရယူခဲ့တာေၾကာင့္ ပ်မ္းမွ်(၁၇)ပဲြကုိ ဆုဖလားတစ္ခု ႏႈန္း ရယူႏုိင္ခဲ့သူ။
– ျပင္သစ္နည္းျပေတြထဲမွာ ခ်န္ပီယံလိဂ္ဖလား ပထမဆုံး ဆြတ္ခူးႏုိင္ခဲ့သူ
– မီဂြယ္လ္မူေနာ႔ဇ္ Miguel Munoz ေနာက္ပုိင္း ခ်န္ပီယံလိဂ္(ဥေရာပဖလား)ကုိ ကစားသမားဘ၀မွာသာမက နည္းျပအျဖစ္ပါ ရယူႏုိင္ခဲ့သူ။

REF:Goal.com,Guardian,Daily Mail
Photo:Vanguard News,BeIn Sports,The Independent
Naing Linn (Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်အသင်းနည်းပြရာထူးကနေ အံ့အားသင့်ဖွယ် နုတ်ထွက်ခဲ့တဲ့ ဇီဒန်း Zidane

ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ် (၃)ကြိမ်ဆက်ရရှိခဲ့တဲ့ နည်းပြဇီဒန်း Zidane ဟာ ရာထူးကနေ အံ့အား သင့်စရာကောင်းလောက်အောင် ရုတ်တရက်နုတ်ထွက်သွားခဲ့ပါတယ်။ ဇီဒန်းဟာ ရီးယဲလ်နဲ့အတူ (၃)ကြိမ်ဆက် ချန်ပီယံလိဂ်ဖလားကို ရယူခဲ့ပြီး (၅)ရက်အကြာမှာပဲ ရာထူးက နုတ်ထွက်ခဲ့တာပါ။ ဇီဒန်းဟာ ဒီနေ့ (ကြာသပတေးနေ့) စပိန်စံတော်ချိန် နေ့လည်လောက်မှာ သတင်းစာရှင်းလင်းပွဲတစ်ခုကို ရုတ်တရက် ပြုလုပ်ခဲ့ပြီး ရာထူးက နုတ်ထွက်တဲ့အကြောင်းကို အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက်(၄၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပြင်သစ်လူမျိုးနည်းပြ ဇီဒန်းဟာ ၂၀၁၆ ဇန်နဝါရီလတုန်းက ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ ဘင်နီတက်ဇ် Benítez နေရာမှာ အစားထိုး ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး (၂)နှစ်ခွဲကာလအတွင်းမှာ လာလီဂါ(၁)ကြိမ်၊ ချန်ပီယံလိဂ် (၃)ကြိမ်အပါအဝင် ဆုဖလား(၉)ခုအထိ ရယူနိုင်ခဲ့တယ်။

Zidane-Trophy-List

Zidane-Trophy-List

ဇီဒန်းအနေနဲ့ ရီးယဲလ်နဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပေမယ့် နည်းပြရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဘာအကြောင်းကြောင့် ရာထူးက နုတ်ထွက်ခဲ့ရတာလည်းဆိုတာတော့ မသိရသေးပါဘူး။

Zidane-Record-At-Real-Madrid

Zidane-Record-At-Real-Madrid

ရီးယဲလ်နည်းပြဘ၀ (၂)နှစ်တာကာလအတွင်း လာလီဂါမှာ နိုင်ပွဲ(၇၀%)အထိ ရယူခဲ့သလို ချန်ပီယံလိဂ်မှာ ရှုံးပွဲ (၄)ပွဲသာရှိခဲ့ပြီး ဖီဖာကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလား၊ စပိန်စူပါဖလားပွဲတွေမှာ ရာနှုန်းပြည့်နိုင်ပွဲ ရယူခဲ့တယ်။ နည်းပြရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဇီဒန်းက”ရီးယဲလ် နည်းပြရာထူး က နုတ်ထွက်ရမယ့်အချိန်ရောက်လာပါပြီ။ ကစားသမားတွေအနေနဲ့ ကွဲပြားခြားနားတဲ့ ညွှန်ကြားမှုတွေ၊ နည်းဗျူဟာသစ်တွေကို လိုအပ်နေပါပြီ။ ဒီဆုံးဖြတ်ချက်က ဘယ်သူရဲ့ ဖိအားပေးမှုမှ မပါဘဲ ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပါ။ ပရိသတ်တွေအနေနဲ့ ဒီဆုံးဖြတ်ချက်က အဓိပ္ပါယ်မရှိဘူးလို့ ယူဆပေမယ့် ကျွန်တော့်အတွက်တော့ အဓိပ္ပါယ်ရှိပါတယ်။ အပြောင်းအလဲပြုလုပ်ရမယ့် အချိန်ရောက်လာပါပြီ”လို့ ပြောကြားခဲ့တယ်။

Zidane-Trophy

Zidane-Trophy

လက်ရှိအချိန်မှာ ဇီဒန်းရဲ့နေရာကို အစားဝင်ဖို့အတွက် အာဆင်နယ်ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါး Arsene Wenger၊ ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီ Conte တို့က ရေပန်းစားနေပါတယ်။

ရီးယဲလ်နဲ့အတူ ဇီဒန်း ရယူခဲ့တဲ့ ဆုဖလားများ

La Liga: 2016–17

Supercopa de España: 2017

UEFA Champions League: 2015–16, 2016–17, 2017–18

UEFA Super Cup: 2016, 2017

FIFA Club World Cup: 2016, 2017

ဇီဒန်းရဲ့ ဥရောပပြိုင်ပွဲ စံချိန်မှတ်တမ်းများ
– ချန်ပီယံလိဂ်(ဥရောပဖလား)ကို (၃)နှစ်ဆက်တိုက် ရယူခဲ့တဲ့ ပထမဆုံးနည်းပြ။
– ဘော့ဘ်ပီယာစလေ Bob Paisley (လီဗာပူးလ် -၃ ကြိမ်)၊ အန်ဆယ်လော့တီ Carlo Ancelotti (အေစီမီလန် -၂ ကြိမ်၊ ရီးယဲလ် -၁ကြိမ်)တို့လိုပဲ ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ် ရယူခဲ့တဲ့ နည်းပြ။
– ချန်ပီယံလိဂ်ဖလား(၃)ကြိမ်ကို အသက်အငယ်ဆုံး(၄၅နှစ်)နဲ့ ရယူနိုင်ခဲ့တဲ့ နည်းပြ။
– ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေရဲ့ ရှုံးထွက်အဆင့်(ရှုံးထွက် ၁၆ သင်းကနေ ဗိုလ်လုပွဲအထိ) (၁၈)ပွဲစလုံးမှာ ရာနှုန်းပြည့် နိုင်ပွဲရခဲ့တဲ့နည်းပြ။
– ရီးယဲလ်နည်းပြဘ၀ (၁၄၉)ပွဲမှာ ဆုဖလား(၉)ခုအထိ ရယူခဲ့တာကြောင့် ပျမ်းမျှ(၁၇)ပွဲကို ဆုဖလားတစ်ခု နှုန်း ရယူနိုင်ခဲ့သူ။
– ပြင်သစ်နည်းပြတွေထဲမှာ ချန်ပီယံလိဂ်ဖလား ပထမဆုံး ဆွတ်ခူးနိုင်ခဲ့သူ
– မီဂွယ်လ်မူနော့ဇ် Miguel Munoz နောက်ပိုင်း ချန်ပီယံလိဂ်(ဥရောပဖလား)ကို ကစားသမားဘဝမှာသာမက နည်းပြအဖြစ်ပါ ရယူနိုင်ခဲ့သူ။

REF:Goal.com,Guardian,Daily Mail
Photo:Vanguard News,BeIn Sports,The Independent
Naing Linn (Akhayar)
www.akhayar.com