[Zawgyi]

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အားကစားဒါရိုက္တာရာထူးကို ရယူသြားဖို႔ရွိေနတဲ့ ဇီဒန္း

ရီးယဲလ္နည္းျပေဟာင္း ဇီဒန္း Zidane အေနနဲ႔ စီးရီးေအထိပ္သီး ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အားကစားဒါရိုက္တာရာထူးကို ရယူသြားဖို႔ ရွိေနေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ရီးယဲလ္အသင္းကို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ သမိုင္းဝင္ေအာင္ျမင္မႈရေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီး ရက္ပိုင္းအၾကာမွာပဲ နည္းျပရာထူးက ႏႈတ္ထြက္ခဲ့တဲ့ ဇီဒန္း Zidane ကို ေဘာလံုးေလာကမွာ တစ္ေက်ာ႔ျပန္ ျမင္ေတြ႔ရဖို႔ ရွိေနတာပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ဇီဒန္း Zidane နဲ႔ ရီးယဲလ္အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ တိုက္စစ္မွဴး စီေရာ္နယ္လ္ဒို C.Ronaldo ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ပိုင္း စီးရီးေအထိပ္သီးအသင္းရဲ႕ အားကစားဒါရိုက္တာရာထူးအတြက္ သတင္းေတြ ပိုမိုထြက္ေပၚလာခဲ့တာပါ။

Cristiano-Ronaldo-and-Zinedine-Zidane-created-a-formidable-partnership-at-Madrid

Cristiano-Ronaldo-and-Zinedine-Zidane-created-a-formidable-partnership-at-Madrid

ထြက္ေပၚေနတဲ့ သတင္းေတြအရ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အားကစားဒါရိုက္တာရာထူးကို ရယူသြားဖို႔ ရွိေနေပမယ့္ ေအာက္တိုဘာလေလာက္မွ ရယူသြားဖို႔ရွိေနေၾကာင္း သိရပါတယ္။ အေစာပိုင္းက ျပင္သစ္လက္ေရြးစင္အသင္းရဲ႕ ရာထူးအမ်ိဳးမ်ိဳးကို ဇီဒန္း Zidane ခ်ိတ္ဆက္မႈေတြရွိခဲ့ေပမယ့္ အေကာင္အထည္မေပၚခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းမွာ ျမင္ေတြ႔ရဖုိ႔ရွိေနတာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းကလည္း အသင္းမွာ (၅)ရာသီၾကာ ကစားေပးခဲ့ဖူးတဲ့ ဇီဒန္း Zidane ရဲ႕ နည္းစနစ္ပိုင္း ၾကြယ္ဝမႈေတြေၾကာင့္ အသင္းမွာ ရာထူးတစ္ေနရာေပးသြားဖို႔ ဆႏၵရွိေနခဲ့ပါတယ္။

REF:The Sun
Photo:Daily Post, Football Shock
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာရာထူးကို ရယူသွားဖို့ရှိနေတဲ့ ဇီဒန်း

ရီးယဲလ်နည်းပြဟောင်း ဇီဒန်း Zidane အနေနဲ့ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာရာထူးကို ရယူသွားဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရီးယဲလ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သမိုင်းဝင်အောင်မြင်မှုရအောင် စွမ်းဆောင်ပေးခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ နည်းပြရာထူးက နှုတ်ထွက်ခဲ့တဲ့ ဇီဒန်း Zidane ကို ဘောလုံးလောကမှာ တစ်ကျော့ပြန် မြင်တွေ့ရဖို့ ရှိနေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဇီဒန်း Zidane နဲ့ ရီးယဲလ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ တိုက်စစ်မှူး စီရော်နယ်လ်ဒို C.Ronaldo ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း စီးရီးအေထိပ်သီးအသင်းရဲ့ အားကစားဒါရိုက်တာရာထူးအတွက် သတင်းတွေ ပိုမိုထွက်ပေါ်လာခဲ့တာပါ။

Cristiano-Ronaldo-and-Zinedine-Zidane-created-a-formidable-partnership-at-Madrid

Cristiano-Ronaldo-and-Zinedine-Zidane-created-a-formidable-partnership-at-Madrid

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာရာထူးကို ရယူသွားဖို့ ရှိနေပေမယ့် အောက်တိုဘာလလောက်မှ ရယူသွားဖို့ရှိနေကြောင်း သိရပါတယ်။ အစောပိုင်းက ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ရာထူးအမျိုးမျိုးကို ဇီဒန်း Zidane ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် အကောင်အထည်မပေါ်ခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းမှာ မြင်တွေ့ရဖို့ရှိနေတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းကလည်း အသင်းမှာ (၅)ရာသီကြာ ကစားပေးခဲ့ဖူးတဲ့ ဇီဒန်း Zidane ရဲ့ နည်းစနစ်ပိုင်း ကြွယ်ဝမှုတွေကြောင့် အသင်းမှာ ရာထူးတစ်နေရာပေးသွားဖို့ ဆန္ဒရှိနေခဲ့ပါတယ်။

REF:The Sun
Photo:Daily Post, Football Shock
Aung Kyaw Wai (Akhayar)
www.akhayar.com