[Zawgyi]

မန္ယူနည္းျပရာထူးကုိ ေမွ်ာ္လင့္ေနတဲ့ ဇီဒန္း Zidane

ၿပီးခဲ့တဲ့ရာသီကုန္က ရီးယဲလ္အသင္းနဲ႔ လမ္းခဲြခဲ့တဲ့ ဇီဒန္း Zidane ဟာ မန္ယူအသင္းသာ ေမာ္ရင္ဟုိ Mourinho ကုိ ရာထူးက ထုတ္ပယ္ခဲ့ရင္ မန္ယူနည္းျပအျဖစ္ တာ၀န္ယူဖုိ႔ ဆႏၵရွိေနတယ္ဆုိၿပီး သူ႔ သူငယ္ခ်င္းေတြကို ဖြင့္ဟေျပာဆုိခဲ့ပါတယ္။ အခုေလာေလာဆယ္မွာ ေမာ္ရင္ဟုိရဲ႕ မန္ယူနည္းျပဘ၀ အနာဂတ္က မေသမခ်ာျဖစ္ေနၿပီး ကစားသမား ေခၚယူတာနဲ႔ပတ္သက္လုိ႔ ဒုအမႈေဆာင္ခ်ဳပ္ျဖစ္တဲ့ အက္ဒ္၀ုဒ္၀ပ္ Ed Woodward နဲ႔လည္း အဆင္မေျပခဲ့ပါဘူး။ မန္ယူအသင္းဟာ အခုလာမယ့္တနလၤာေန႔မွာ စပါးအသင္းနဲ႔ ပဲြက်ပ္ ကစားရမွာျဖစ္ၿပီး ဖိအားေတြကုိ ေလွ်ာ႔ခ်ႏုိင္ေအာင္ အဲဒီပဲြမွာ ေမာ္ရင္ဟုိ မျဖစ္မေန ႏုိင္ပဲြရယူဖုိ႔ လုိေနပါၿပီ။

Mourinho-and-Zidane

Mourinho-and-Zidane

မန္ယူအသင္း ဘုတ္အဖဲြ႕ကေတာ့ ေမာ္ရင္ဟုိအေပၚ ဆက္လက္ေထာက္ခံေနဆဲျဖစ္ၿပီး နည္းျပရာထူးအတြက္ ဇီဒန္းကုိ ဆက္သြယ္ခဲ့တယ္ဆုိတဲ့ သတင္းေတြကုိ ျငင္းဆန္ခ့ဲပါတယ္။ ဒါေပမဲ့လည္း မန္ယူအသင္းသာ ရလဒ္ေတြ ဆက္ၿပီး ဆုိးရြားေနဦးမယ္ဆုိရင္ေတာ့ မန္ယူဘုတ္အဖဲြ႕အေနနဲ႔ သူတို႔ဆုံးျဖတ္ခ်က္ကုိ ျပင္ဆင္သြားဖုိ႔ ရွိေနပါၿပီ။ ဇီဒန္းက မန္ယူအသင္းသာ ေမာ္ရင္ဟုိကုိ ရာထူးက ထုတ္ပယ္ခဲ့ရင္ သူ႔ဟာ ဦးစားေပးစဥ္းစားခံရမယ့္သူလုိ႔ ယုံၾကည္ေနၿပီး မန္ယူအသင္း နည္းျပအျဖစ္ တာ၀န္ယူဖုိ႔ အရမ္းစိတ္၀င္စားေနတယ္လုိ႔ သူ႔ သူငယ္ခ်င္းေတြကုိ ေျပာျပခဲ့တာျဖစ္ပါတယ္။ အသက္(၄၆)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဇီဒန္းဟာ ရီးယဲလ္အသင္းကုိ ကုိင္တြယ္ခဲ့တဲ့ (၂)ႏွစ္ခဲြတာကာလအတြင္း ခ်န္ပီယံလိဂ္ဖလား (၃)ႏွစ္ဆက္ရယူခဲ့တဲ့အျပင္ စုစုေပါင္း ဆုဖလား(၉)ခုအထိ ရယူေပးခဲ့သူျဖစ္ပါတယ္။

REF:Daily Mail
Photo:AS,SportBall
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူနည်းပြရာထူးကို မျှော်လင့်နေတဲ့ ဇီဒန်း Zidane

ပြီးခဲ့တဲ့ရာသီကုန်က ရီးယဲလ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဇီဒန်း Zidane ဟာ မန်ယူအသင်းသာ မော်ရင်ဟို Mourinho ကို ရာထူးက ထုတ်ပယ်ခဲ့ရင် မန်ယူနည်းပြအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိနေတယ်ဆိုပြီး သူ့ သူငယ်ချင်းတွေကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အခုလောလောဆယ်မှာ မော်ရင်ဟိုရဲ့ မန်ယူနည်းပြဘ၀ အနာဂတ်က မသေမချာဖြစ်နေပြီး ကစားသမား ခေါ်ယူတာနဲ့ပတ်သက်လို့ ဒုအမှုဆောင်ချုပ်ဖြစ်တဲ့ အက်ဒ်ဝုဒ်ဝပ် Ed Woodward နဲ့လည်း အဆင်မပြေခဲ့ပါဘူး။ မန်ယူအသင်းဟာ အခုလာမယ့်တနင်္လာနေ့မှာ စပါးအသင်းနဲ့ ပွဲကျပ် ကစားရမှာဖြစ်ပြီး ဖိအားတွေကို လျှော့ချနိုင်အောင် အဲဒီပွဲမှာ မော်ရင်ဟို မဖြစ်မနေ နိုင်ပွဲရယူဖို့ လိုနေပါပြီ။

Mourinho-and-Zidane

Mourinho-and-Zidane

မန်ယူအသင်း ဘုတ်အဖွဲ့ကတော့ မော်ရင်ဟိုအပေါ် ဆက်လက်ထောက်ခံနေဆဲဖြစ်ပြီး နည်းပြရာထူးအတွက် ဇီဒန်းကို ဆက်သွယ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မန်ယူအသင်းသာ ရလဒ်တွေ ဆက်ပြီး ဆိုးရွားနေဦးမယ်ဆိုရင်တော့ မန်ယူဘုတ်အဖွဲ့အနေနဲ့ သူတို့ဆုံးဖြတ်ချက်ကို ပြင်ဆင်သွားဖို့ ရှိနေပါပြီ။ ဇီဒန်းက မန်ယူအသင်းသာ မော်ရင်ဟိုကို ရာထူးက ထုတ်ပယ်ခဲ့ရင် သူ့ဟာ ဦးစားပေးစဉ်းစားခံရမယ့်သူလို့ ယုံကြည်နေပြီး မန်ယူအသင်း နည်းပြအဖြစ် တာဝန်ယူဖို့ အရမ်းစိတ်ဝင်စားနေတယ်လို့ သူ့ သူငယ်ချင်းတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။ အသက်(၄၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇီဒန်းဟာ ရီးယဲလ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ (၂)နှစ်ခွဲတာကာလအတွင်း ချန်ပီယံလိဂ်ဖလား (၃)နှစ်ဆက်ရယူခဲ့တဲ့အပြင် စုစုပေါင်း ဆုဖလား(၉)ခုအထိ ရယူပေးခဲ့သူဖြစ်ပါတယ်။

REF:Daily Mail
Photo:AS,SportBall
Naing Linn(Akhayar)
www.akhayar.com