[Zawgyi]

ဥကၠဌ ပီရက္ဇ္ Perez နဲ႔ ပဋိပကၡျဖစ္ခဲ့လုိ႔ ဇီဒန္း Zidane ႏႈတ္ထြက္ခဲ့တာလုိ႔ သတင္းထြက္လာၿပီ

ရီးယဲလ္အသင္းနည္းျပဇီဒန္း Zidane ဟာ သူ ေခၚယူလုိတဲ့ ဒီဂီယာ De Gea ၊ ဟာဇက္ Hazard တို႔ရဲ႕ အေျပာင္းအေရႊ႕နဲ႔ပတ္သက္လုိ႔ အသငး္ဥကၠဌ ဖေလာ္ရင္တီႏုိပီရက္ဇ္ Florentino Perez နဲ႔ အခ်င္းမ်ားခဲ့တာေၾကာင့္ ရာထူးက ႐ုတ္တရက္ ႏႈတ္ထြက္ခဲ့တာျဖစ္တယ္ဆုိၿပီး သတင္းေတြထြက္ေပၚေနပါတယ္။ ဇီဒန္းဟာ ၂၀၁၇-၁၈ ရာသီ ခ်န္ပီယံလိဂ္ဖလားကုိ ဆြတ္ခူးခဲ့ၿပီး ရက္ပုိင္းအၾကာမွာပဲ ရာထူးကေန အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ႐ုတ္တရက္ ႏႈတ္ထြက္ခဲ့တာျဖစ္ပါတယ္။ နညး္ျပရာထူးက ဇီဒန္း ႏႈတ္ထြက္ခဲ့တာနဲ႔ပတ္သက္ၿပီး မီဒီယာေတြက အမ်ိဳးမ်ိဳး ခန္႔မွန္းသုံးသပ္ခဲ့သလုိ အခု ၿဗိတိန္နာမည္ေက်ာ္ The Sun သတင္းစာက ကစားသမားေခၚယူမႈနဲ႔ ပတ္သက္ၿပီး ဇီဒန္းနဲ႔ ပီရက္ဇ္တို႔အၾကား မေျပမလည္ျဖစ္ခဲ့တာေၾကာင့္ ရာထူးက ႏႈတ္ထြက္ခဲ့တာျဖစ္တယ္လုိ႔ ေဖာ္ျပခဲ့တာပါ။

De-Gea

De-Gea

ရီးယဲလ္အသင္းဥကၠဌ ဖေလာ္ရင္တီႏုိပီရက္ဇ္က သူ႔ရဲ႕ ကာလရွည္ပစ္မွတ္ မန္ယူဂုိးသမား ဒီဂီယာကုိ ေခၚယူဖုိ႔ ဆႏၵရွိေနေပမယ့္ ဇီဒန္းက လက္ရွိဂုိးသမား ေကလာနာဗတ္စ္ Keylor Navas အေပၚ အျပည့္အ၀ ယုံၾကည္မႈရွိတာေၾကာင့္ ဒီဂီယာကုိ ေခၚယူဖုိ႔ ကန္႔ကြက္ခ့ဲတယ္။ ဒီလုိပဲ၊ ဇီဒန္းဟာ ခ်ယ္လ္ဆီးေတာင္ပံကစားသ မား ဟာဇက္ Hazard ကုိ ေခၚယူဖုိ႔ ပီရက္ဇ္ကုိ တိုက္တြန္းခဲ့ေပမယ့္ ပီရက္ဇ္က No လုိ႔ ျပန္တုံ႔ျပန္ခဲ့ပါတယ္။ ပီရက္ဇ္နဲ႔ ဇီဒန္းတို႔ရဲ႕ ေဆြးေႏြးမႈဟာ ျငင္းခုန္မႈေတြ စတင္ခဲ့ၿပီး ဇီဒန္းက “ကၽြန္ေတာ့္ဘက္က ေျပာစရာ မရွိေတာ့ဘူး။ အသင္းကုိ ခင္ဗ်ားပဲ ေကာင္းသလုိ ၾကည့္လုပ္လုိက္ေတာ့”လုိ႔ ေဒါသတႀကီး ေျပာဆုိခဲ့ပါတယ္။

Hazard

Hazard

ပီရက္ဇ္ဟာ ရီးယဲလ္ဥကၠဌအျဖစ္ ပထမဆုံးအႀကိမ္ ေရြးခ်ယ္ခံခဲ့ရတုန္းက ဇီဒန္း၊ ဖီဂုိ၊ ဘက္ခမ္ စတဲ့ နာမည္ေက်ာ္ကစားသမားေတြနဲ႔ ၾကယ္စင္စုအသင္းအျဖစ္ ေျပာင္းလဲခဲ့ၿပီး ဒုတိယအႀကိမ္ ဥကၠဌ သက္တမ္းမွာလည္း ကာကာ၊ စီေရာ္နယ္လ္ဒုိ၊ ဂါရတ္ေဘးလ္ တို႔ကုိ ေခၚယူခဲ့ပါတယ္။ ဇီဒန္းအေနနဲ႔ ခ်န္ပီယံလိဂ္ဖလားကုိ (၃)ႏွစ္ဆက္ ရယူခဲ့တာေၾကာင့္ ကစားသမား အေျပာင္းအေရႊ႕ကိစၥရပ္ ေတြမွာ သူ႔ၾသဇာသက္ေရာက္မႈ ရွိႏုိင္မယ္လုိ႔ ယူဆခဲ့ေပမယ့္ ထင္သလုိ မျဖစ္လာတာေၾကာင့္ ရာထူးက ႏႈတ္ထြက္ခဲ့တယ္လုိ႔ပဲ ယူဆရမွာပါ။

REF:The Sun
Photo: Extra.ie,Twitter,Getty Images
Naing Linn(Akhayar)
www.akhayar.com[Unicode]

ဥက္ကဌ ပီရက်ဇ် Perez နဲ့ ပဋိပက္ခဖြစ်ခဲ့လို့ ဇီဒန်း Zidane နှုတ်ထွက်ခဲ့တာလို့ သတင်းထွက်လာပြီ

ရီးယဲလ်အသင်းနည်းပြဇီဒန်း Zidane ဟာ သူ ခေါ်ယူလိုတဲ့ ဒီဂီယာ De Gea ၊ ဟာဇက် Hazard တို့ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ အသင်းဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ် Florentino Perez နဲ့ အချင်းများခဲ့တာကြောင့် ရာထူးက ရုတ် တရက် နှုတ်ထွက်ခဲ့တာဖြစ်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ ဇီဒန်းဟာ ၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ရာထူးကနေ အံ့အားသင့်စရာကောင်းလောက်အောင် ရုတ်တရက် နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ နည်းပြရာထူးက ဇီဒန်း နှုတ်ထွက်ခဲ့တာနဲ့ပတ်သက်ပြီး မီဒီယာတွေက အမျိုးမျိုး ခန့်မှန်းသုံးသပ်ခဲ့သလို အခု ဗြိတိန်နာမည်ကျော် The Sun သတင်းစာက ကစားသမားခေါ်ယူမှုနဲ့ ပတ်သက်ပြီး ဇီဒန်းနဲ့ ပီရက်ဇ်တို့အကြား မပြေမလည်ဖြစ်ခဲ့တာကြောင့် ရာထူးက နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။

De-Gea

De-Gea

ရီးယဲလ်အသင်းဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ်က သူ့ရဲ့ ကာလရှည်ပစ်မှတ် မန်ယူဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ ဆန္ဒရှိနေပေမယ့် ဇီဒန်းက လက်ရှိဂိုးသမား ကေလာနာဗတ်စ် Keylor Navas အပေါ် အပြည့်အ၀ ယုံကြည်မှုရှိတာကြောင့် ဒီဂီယာကို ခေါ်ယူဖို့ ကန့်ကွက်ခဲ့တယ်။ ဒီလိုပဲ၊ ဇီဒန်းဟာ ချယ်လ်ဆီးတောင်ပံကစားသ မား ဟာဇက် Hazard ကို ခေါ်ယူဖို့ ပီရက်ဇ်ကို တိုက်တွန်းခဲ့ပေမယ့် ပီရက်ဇ်က No လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။ ပီရက်ဇ်နဲ့ ဇီဒန်းတို့ရဲ့ ဆွေးနွေးမှုဟာ ငြင်းခုန်မှုတွေ စတင်ခဲ့ပြီး ဇီဒန်းက “ကျွန်တော့်ဘက်က ပြောစရာ မရှိတော့ဘူး။ အသင်းကို ခင်ဗျားပဲ ကောင်းသလို ကြည့်လုပ်လိုက်တော့”လို့ ဒေါသတကြီး ပြောဆိုခဲ့ပါတယ်။

Hazard

Hazard

ပီရက်ဇ်ဟာ ရီးယဲလ်ဥက္ကဌအဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတုန်းက ဇီဒန်း၊ ဖီဂို၊ ဘက်ခမ် စတဲ့ နာမည်ကျော်ကစားသမားတွေနဲ့ ကြယ်စင်စုအသင်းအဖြစ် ပြောင်းလဲခဲ့ပြီး ဒုတိယအကြိမ် ဥက္ကဌ သက်တမ်းမှာလည်း ကာကာ၊ စီရော်နယ်လ်ဒို၊ ဂါရတ်ဘေးလ် တို့ကို ခေါ်ယူခဲ့ပါတယ်။ ဇီဒန်းအနေနဲ့ ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက် ရယူခဲ့တာကြောင့် ကစားသမား အပြောင်းအရွှေ့ကိစ္စရပ် တွေမှာ သူ့သြဇာသက်ရောက်မှု ရှိနိုင်မယ်လို့ ယူဆခဲ့ပေမယ့် ထင်သလို မဖြစ်လာတာကြောင့် ရာထူးက နှုတ်ထွက်ခဲ့တယ်လို့ပဲ ယူဆရမှာပါ။

REF:The Sun
Photo: Extra.ie,Twitter,Getty Images
Naing Linn(Akhayar)
www.akhayar.com