[Zawgyi]

ေမာ္ရင္ဟို Mourinho ေနရာအစား၀င္ဖို႔ ေရပန္းစားေနတဲ႔ နည္းျပမ်ား

မန္ယူအသင္းရဲ႕ နည္းျပေမာ္ရင္ဟို Mourinho ရဲ႕လက္ရိွအေျခအေနဟာ ၾကိဳးတန္းေပၚမွာလမ္းေလွ်ာက္ေနရသလို ျဖစ္ေနတာပါ။ အခုတစ္ပတ္မွာယွဥ္ျပိဳင္ကစားမယ္႔ ဘန္ေလအသင္းနဲ႔ပြဲစဥ္မွာသာ ႐ႈံးနိမ္႔ခဲ႔ရင္ မန္ယူနည္းျပရာထူးကေန ေမာ္ရင္ဟို Mourinho ဟာထုတ္ပယ္ခံရမယ္႔ အေနအထားမွာရိွေနပါတယ္။ ဒါေၾကာင့္ ေမာ္ရင္ဟို Mourinho ေနရာအစား၀င္ဖို႔ ေရပန္းစားေနတဲ႔ နည္းျပေတြကုိ Goal.com အားကစား၀က္ဘ္ဆုိက္က အခုလုိပဲ ေဖာ္ျပခဲ့ပါတယ္ . . .

(၁) ဇီဒန္း Zidane

Zidane

Zidane

မန္ယူနည္းျပရာထူးအတြက္ ဇီဒန္း Zidane ဟာေရပန္းအစားဆံုးမွာရိွေနျပီး မန္ယူပရိသတ္အမ်ားစုဟာလည္း ဇီဒန္း Zidane ကို မန္ယူနည္းျပအျဖစ္ျမင္ေတြ႕ခ်င္ေနၾကပါတယ္။ ကစားသမားဘ၀ Profile ျမင္႔ျပီး ရီးယဲလ္နည္းျပဘ၀မွာလည္း ေအာင္ျမင္ခဲ႔တဲ႔ ဇီဒန္း Zidane ဟာ မန္ယူပရိသတ္ေတြရဲ႕ အၾကိဳက္ျဖစ္ေနပါတယ္။ ဇီဒန္း Zidane ဟာ ရီးယဲလ္အသင္းကို (၂)ႏွစ္ခြဲတာ၀န္ယူခဲ႔ျပီး ခ်န္ပီယံလိဂ္ခ်န္ပီယံဆု(၃)ၾကိမ္အပါအ၀င္ တျခားဆုဖလားေတြကိုလည္းရယူခဲ႔ပါတယ္။

(၂) ပိုခ်က္တီႏို Pochettino

Pochettino

Pochettino

စပါးအသင္းနည္းျပ ပိုခ်က္တီႏို Pochettino ဟာ မန္ယူနည္းျပရာထူးအတြက္ မၾကာခဏ ဆိုသလိုသတင္းေတြထြက္ေပၚေနသူပါ။ အသက္ငယ္ရြယ္ျပီး အရည္အခ်င္းရိွတဲ႔ ပိုခ်က္တီႏို Pochettino ဟာ မန္ယူပရိသတ္ေတြ အၾကိဳက္နည္းျပတစ္ဦးလည္းျဖစ္ပါတယ္။ ပိုခ်က္တီႏို Pochettino ရဲ႕ အရည္အခ်င္းေတြဟာ စပါးအသင္းမွာ အၿမဲလိုလိုျမင္ေတြ႕ေနရတာေၾကာင္႔ မန္ယူနည္းျပရာထူးအတြက္ ေရပန္းစားေနတာပဲ ျဖစ္ပါတယ္။

(၃) ကြန္တီ Conte

Conte

Conte

ကြန္တီ Conte နဲ႔ မန္ယူနည္းျပေမာ္ရင္ဟို Mourinho တို႔ဟာ စကားလံုးတိုက္ပြဲေတြ ျပင္းထန္ခဲ႔ၾကတာေၾကာင္႔ ဒီစာရင္းမွာ ကြန္တီ Conte ပါ၀င္လာတာဟာ ထူးျခားတယ္လို႔ဆိုရမွာပါ။ ဂ်ဴဗင္တပ္စ္ နဲ႔ ခ်ယ္လ္ဆီးအသင္းေတြမွာ ကြန္တီ Conte ရဲ႕အရည္အခ်င္းကို အားလံုးသိခဲ႔ရတာေၾကာင္႔ မန္ယူနည္းျပရာထူးအတြက္ ကြန္တီ Conte ကိုလည္း ေစာင္႔ၾကည္႕ၾကရမွာပါ။

(၄) အယ္လီဂရီ Allegri

Allegri

Allegri

ဂ်ဴဗင္တပ္စ္အသင္းရဲ႕နည္းျပ အယ္လီဂရီ Allegri ဟာလည္း ဒီစာရင္းမွာပါ၀င္ေနပါတယ္။ စီးရီးေအခ်န္ပီယံဆုကို (၅)ၾကိမ္အထိရရိွထားသူ အယ္လီဂရီ Allegri ဟာ မန္ယူအသင္းနည္းျပျဖစ္လာဖို႔ အတြက္ ရာခိုင္နႈန္းနည္းသူလို႔ဆိုရမွာပါ။

(၅) ဘလန္႔ Blanc

Blanc

Blanc

ျပင္သစ္အသင္းနဲ႔ PSG အသင္းတို႔ရဲ႕ နည္းျပေဟာင္း ဘလန္႔ Blanc ဟာလည္း ဒီစာရင္းမွာပါ၀င္ေနပါတယ္။ ဘလန္႔ Blanc အေနနဲ႔  PSG အသင္းကို ဆုဖလားေတြအမ်ားၾကီးရယူေပးခဲ႔တာဟာ ေျပာစရာမဟုတ္ခဲ႔ေပမယ္႔ ေဘာ္ဒိုးလိုအသင္းကို ျပင္သစ္လီဂူးမွာခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးခဲ႔တာကိုေတာ႔ ခ်ီးက်ဴးၾကရမွာပါ။ နည္းျပအေတြ႕အၾကံဳၾကြယ္၀ျပီး အရည္အခ်င္းလည္းရိွသလို မန္ယူကစားသမားေဟာင္းပါျဖစ္ေနတဲ႔ ဘလန္႔ Blanc ဟာ မန္ယူနည္းျပရာထူးကို ေမွ်ာ္လင္႔ခြင္႔ရိွပါတယ္။

(၆) ယာဒင္း Jardim

Jardim

Jardim

မိုနာကိုအသင္းနည္းျပယာဒင္း Jardim ဟာလည္း ဒီစာရင္းမွာပါ၀င္လာေပမယ္႔ ျဖစ္ႏိုင္ေခ်ကေတာ႔ နည္းတယ္လို႔ဆိုရမွာပါ။ ကိုင္တြယ္ခဲ႔တဲ႔အသင္းေတြကို ေအာင္ျမင္မႈေတြရွာေဖြေပးႏိုင္တဲ႔ ယာဒင္း Jardim ဟာ အရည္အခ်င္းျပည္႔၀သူတစ္ဦးပါ။

(၇) ႐ိြဳင္ယန္ဂစ္ Giggs

Giggs

Giggs

မန္ယူပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ကစားသမား လက္ရိွေ၀းလ္စ္အသင္းနည္းျပ ႐ိြဳင္ယန္ဂစ္ Giggs အေနနဲ႔ ဒီစာရင္းမွာပါ၀င္လာတာဟာ သိပ္ျပီးဆန္းတဲ႔အရာတစ္ခုေတာ႔ မဟုတ္ပါဘူး။ မန္ယူအသင္းကို ၂၀၁၄ ခုႏွစ္က ကစားသမားနည္းျပ အျဖစ္ယာယီတာ၀န္ယူခဲ႔ဖူးျပီး ဗန္ဟားလ္ Van Gaal လက္ထက္မွာလည္း လက္ေထာက္နည္းျပအျဖစ္ေဆာင္ရြက္ခဲ႔တာေၾကာင္႔ ႐ိြဳင္ယန္ဂစ္ Giggs နဲ႔ မန္ယူနည္းျပရာထူးဟာ သိပ္ျပီးစိမ္းတဲ႔အရာမဟုတ္ပါဘူး။ ႐ိြဳင္ယန္ဂစ္ Giggs ကိုယ္တိုင္ကလည္း မန္ယူနည္းျပျဖစ္ခ်င္ေနတာေၾကာင္႔ သူ႔ရဲ႕ဆႏၵေတြျပည္႔၀လာမလား ဆိုတာကိုေတာ႔ ေစာင္႔ၾကည္႔သြားၾကရမွာပါ။

အခုေဖာ္ျပေပးခဲ႔တဲ႔ နည္းျပေတြဟာ မန္္ယူနည္းျပရာထူးအတြက္ေရပန္းစားေနတဲ႔သူေတြ ျဖစ္ပါတယ္။ မန္ယူနည္းျပရာထူးမွာ ေမာ္ရင္ဟို Mourinho ဆက္ရိွေနမလား၊တျခားနည္းျပတစ္ဦးက အစားထိုး၀င္ေရာက္သြားမလား ဆိုတာကေတာ႔  …

Ref: Goal.com
Photo: Goal.com , arabic.rt.com , Evening Standard , tr.sputniknews.com , 10z Soccer,  Airtel Uganda Football , prod-stadiumastro.pink.cat
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မော်ရင်ဟို Mourinho နေရာအစားဝင်ဖို့ ရေပန်းစားနေတဲ့ နည်းပြများ

မန်ယူအသင်းရဲ့ နည်းပြမော်ရင်ဟို Mourinho ရဲ့လက်ရှိအခြေအနေဟာ ကြိုးတန်းပေါ်မှာလမ်းလျှောက်နေရသလို ဖြစ်နေတာပါ။ အခုတစ်ပတ်မှာယှဉ်ပြိုင်ကစားမယ့် ဘန်လေအသင်းနဲ့ပွဲစဉ်မှာသာ ရှုံးနိမ့်ခဲ့ရင် မန်ယူနည်းပြရာထူးကနေ မော်ရင်ဟို Mourinho ဟာထုတ်ပယ်ခံရမယ့် အနေအထားမှာရှိနေပါတယ်။ ဒါကြောင့် မော်ရင်ဟို Mourinho နေရာအစားဝင်ဖို့ ရေပန်းစားနေတဲ့ နည်းပြတွေကို Goal.com အားကစားဝက်ဘ်ဆိုက်က အခုလိုပဲ ဖော်ပြခဲ့ပါတယ် . . .

(၁) ဇီဒန်း Zidane

Zidane

Zidane

မန်ယူနည်းပြရာထူးအတွက် ဇီဒန်း Zidane ဟာရေပန်းအစားဆုံးမှာရှိနေပြီး မန်ယူပရိသတ်အများစုဟာလည်း ဇီဒန်း Zidane ကို မန်ယူနည်းပြအဖြစ်မြင်တွေ့ချင်နေကြပါတယ်။ ကစားသမားဘ၀ Profile မြင့်ပြီး ရီးယဲလ်နည်းပြဘဝမှာလည်း အောင်မြင်ခဲ့တဲ့ ဇီဒန်း Zidane ဟာ မန်ယူပရိသတ်တွေရဲ့ အကြိုက်ဖြစ်နေပါတယ်။ ဇီဒန်း Zidane ဟာ ရီးယဲလ်အသင်းကို (၂)နှစ်ခွဲတာဝန်ယူခဲ့ပြီး ချန်ပီယံလိဂ်ချန်ပီယံဆု(၃)ကြိမ်အပါအဝင် တခြားဆုဖလားတွေကိုလည်းရယူခဲ့ပါတယ်။

(၂) ပိုချက်တီနို Pochettino

Pochettino

Pochettino

စပါးအသင်းနည်းပြ ပိုချက်တီနို Pochettino ဟာ မန်ယူနည်းပြရာထူးအတွက် မကြာခဏ ဆိုသလိုသတင်းတွေထွက်ပေါ်နေသူပါ။ အသက်ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ ပိုချက်တီနို Pochettino ဟာ မန်ယူပရိသတ်တွေ အကြိုက်နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။ ပိုချက်တီနို Pochettino ရဲ့ အရည်အချင်းတွေဟာ စပါးအသင်းမှာ အမြဲလိုလိုမြင်တွေ့နေရတာကြောင့် မန်ယူနည်းပြရာထူးအတွက် ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

(၃) ကွန်တီ Conte

Conte

Conte

ကွန်တီ Conte နဲ့ မန်ယူနည်းပြမော်ရင်ဟို Mourinho တို့ဟာ စကားလုံးတိုက်ပွဲတွေ ပြင်းထန်ခဲ့ကြတာကြောင့် ဒီစာရင်းမှာ ကွန်တီ Conte ပါဝင်လာတာဟာ ထူးခြားတယ်လို့ဆိုရမှာပါ။ ဂျူဗင်တပ်စ် နဲ့ ချယ်လ်ဆီးအသင်းတွေမှာ ကွန်တီ Conte ရဲ့အရည်အချင်းကို အားလုံးသိခဲ့ရတာကြောင့် မန်ယူနည်းပြရာထူးအတွက် ကွန်တီ Conte ကိုလည်း စောင့်ကြည့်ကြရမှာပါ။

(၄) အယ်လီဂရီ Allegri

Allegri

Allegri

ဂျူဗင်တပ်စ်အသင်းရဲ့နည်းပြ အယ်လီဂရီ Allegri ဟာလည်း ဒီစာရင်းမှာပါဝင်နေပါတယ်။ စီးရီးအေချန်ပီယံဆုကို (၅)ကြိမ်အထိရရှိထားသူ အယ်လီဂရီ Allegri ဟာ မန်ယူအသင်းနည်းပြဖြစ်လာဖို့ အတွက် ရာခိုင်နှုန်းနည်းသူလို့ဆိုရမှာပါ။

(၅) ဘလန့် Blanc

Blanc

Blanc

ပြင်သစ်အသင်းနဲ့ PSG အသင်းတို့ရဲ့ နည်းပြဟောင်း ဘလန့် Blanc ဟာလည်း ဒီစာရင်းမှာပါဝင်နေပါတယ်။ ဘလန့် Blanc အနေနဲ့  PSG အသင်းကို ဆုဖလားတွေအများကြီးရယူပေးခဲ့တာဟာ ပြောစရာမဟုတ်ခဲ့ပေမယ့် ဘော်ဒိုးလိုအသင်းကို ပြင်သစ်လီဂူးမှာချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တာကိုတော့ ချီးကျူးကြရမှာပါ။ နည်းပြအတွေ့အကြုံကြွယ်ဝပြီး အရည်အချင်းလည်းရှိသလို မန်ယူကစားသမားဟောင်းပါဖြစ်နေတဲ့ ဘလန့် Blanc ဟာ မန်ယူနည်းပြရာထူးကို မျှော်လင့်ခွင့်ရှိပါတယ်။

(၆) ယာဒင်း Jardim

Jardim

Jardim

မိုနာကိုအသင်းနည်းပြယာဒင်း Jardim ဟာလည်း ဒီစာရင်းမှာပါဝင်လာပေမယ့် ဖြစ်နိုင်ချေကတော့ နည်းတယ်လို့ဆိုရမှာပါ။ ကိုင်တွယ်ခဲ့တဲ့အသင်းတွေကို အောင်မြင်မှုတွေရှာဖွေပေးနိုင်တဲ့ ယာဒင်း Jardim ဟာ အရည်အချင်းပြည့်ဝသူတစ်ဦးပါ။

(၇) ရွိုင်ယန်ဂစ် Giggs

Giggs

Giggs

မန်ယူပရိသတ်တွေရဲ့ အချစ်တော်ကစားသမား လက်ရှိဝေးလ်စ်အသင်းနည်းပြ ရွိုင်ယန်ဂစ် Giggs အနေနဲ့ ဒီစာရင်းမှာပါဝင်လာတာဟာ သိပ်ပြီးဆန်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ မန်ယူအသင်းကို ၂၀၁၄ ခုနှစ်က ကစားသမားနည်းပြ အဖြစ်ယာယီတာဝန်ယူခဲ့ဖူးပြီး ဗန်ဟားလ် Van Gaal လက်ထက်မှာလည်း လက်ထောက်နည်းပြအဖြစ်ဆောင်ရွက်ခဲ့တာကြောင့် ရွိုင်ယန်ဂစ် Giggs နဲ့ မန်ယူနည်းပြရာထူးဟာ သိပ်ပြီးစိမ်းတဲ့အရာမဟုတ်ပါဘူး။ ရွိုင်ယန်ဂစ် Giggs ကိုယ်တိုင်ကလည်း မန်ယူနည်းပြဖြစ်ချင်နေတာကြောင့် သူ့ရဲ့ဆန္ဒတွေပြည့်ဝလာမလား ဆိုတာကိုတော့ စောင့်ကြည့်သွားကြရမှာပါ။

အခုဖော်ပြပေးခဲ့တဲ့ နည်းပြတွေဟာ မန်ယူနည်းပြရာထူးအတွက်ရေပန်းစားနေတဲ့သူတွေ ဖြစ်ပါတယ်။ မန်ယူနည်းပြရာထူးမှာ မော်ရင်ဟို Mourinho ဆက်ရှိနေမလား၊တခြားနည်းပြတစ်ဦးက အစားထိုးဝင်ရောက်သွားမလား ဆိုတာကတော့  …

Ref: Goal.com
Photo: Goal.com , arabic.rt.com , Evening Standard , tr.sputniknews.com , 10z Soccer,  Airtel Uganda Football , prod-stadiumastro.pink.cat
Ko Kyue(Akhayar)
www.akhayar.com