မန်ယူအသင်းရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားအဖြစ်ရှိနေတဲ့ ဆန်ချို Sancho ကို ခေါ်ယူလိုနေတဲ့ အသင်းထဲမှာ စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းလည်း ပါဝင်လာတယ်လို့ သိရပါတယ်။ ဒေါ့မွန်အသင်းဘက်က ဆန်ချိုကို ရောင်းချမှာ မဟုတ်ဘူးဆိုတဲ့ အခြေအနေတွေရှိနေပေမယ့် မန်ယူအသင်းရဲ့ စိတ်ဝင်စားမှုက အမြင့်ဆုံးမှာရှိနေသလို လက်ရှိမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းကပါ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်း Zidane ဟာ ဆန်ချိုကိုခေါ်ယူဖို့ ဆန္ဒရှိနေတာဖြစ်ပြီး သူ့ကိုခေါ်ယူဖို့အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို အသုံးပြုရဖို့လည်း ရှိနေပါတယ်။

လာမယ့်နွေမှာ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်း ဟာ အသင်းကို ကြီးမားတဲ့ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ရှိနေပြီး အရည်အသွေးရှိတဲ့ လူငယ်ကစားသမားတွေနဲ့ အသင်းကို ပြန်တည်ဆောက်လိုနေတာဖြစ်ပါတယ်။ လက်ရှိအနေအထားတွေအရတော့ ဆန်ချိုကို မန်ယူနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့က အပြိုင်လုရမယ့် အခြေအနေမှာရှိနေပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဆန်ချို ဟာ ဒေါ့မွန်အသင်းအတွက် ပွဲပေါင်း(၃၉)ပွဲကစား (၁၂)ဂိုးသွင်းယူထားပါတယ်။

Ref: Goal.com
Photo: US Sports Guru , BVB Buzz
Ko Kyue(Akhayar)
www.akhayar.com