[Zawgyi]

ပရီးမီးယားလိဂ္မွာ နည္းျပဘ၀ ျပန္စဖုိ႔ ပစ္မွတ္ထားေနတဲ့ ဇီဒန္း Zidane

နည္းျပေလာကကေန ေခတၱေ၀းကြာေနတဲ့ ရီးယဲလ္နာမည္ေက်ာ္ နည္းျပေဟာင္း ဇီဒန္း Zidane ဟာ အခုဆုိရင္ နည္းျပေလာကထဲ ျပန္၀င္ဖုိ႔ ဆႏၵရွိေနၿပီး ပရီးမီးယားလိဂ္အသင္းတစ္သင္းကုိ ကုိင္တြယ္ဖုိ႔ ပစ္မွတ္ထားေနတယ္လုိ႔ သတင္းေတြထြက္ေနတယ္။ ဇီဒန္းဟာ ရီးယဲလ္ကုိ ၂၀၁၆ ကေန ၂၀၁၈ ခုႏွစ္အထိ ကုိင္တြယ္ခဲ့ၿပီး ၿပီးခဲ့တဲ့ ၂၀၁၇-၁၈ ရာသီကုန္မွာ ရီးယဲလ္အသင္းနဲ႔ ႐ုတ္တရက္လမ္းခဲြခဲ့သူပါ။ နည္းျပဘ၀ (၂)ႏွစ္ခဲြတာကာလအတြင္း ခ်န္ပီယံလိဂ္(၃)ႀကိမ္အပါအ၀င္ ဆုဖလား(၉)ခုအထိ ရယူခဲ့တာေၾကာင့္ သူ႔ကုိ ေခၚယူလုိေနတဲ့ အသင္းေတြက တန္းစီေနၿပီး ပရီးမီးယားလိဂ္ကုိ လာမယ္လုိ႔ သတင္းထြက္ေနခ်ိန္မွာ မန္ယူအသင္းနညး္ျပ ေမာ္ရင္ဟုိ Mourinho ကေတာ့ ေခါင္းႀကိမ္းေနေလာက္ပါၿပီ။

Will-Zidane-Take-Charge-Manchester-United

Will-Zidane-Take-Charge-Manchester-United

ဘာျဖစ္လုိ႔လဲဆုိေတာ့ အခုေလာေလာဆယ္ ေမာ္ရင္ဟုိရဲ႕ အနာဂတ္က လႈပ္ခတ္ေနၿပီး ေမာ္ရင္ဟုိနဲ႔ မန္ယူတာ၀န္ရွိသူေတြၾကားမွာ ဆက္ဆံေရး အဆင္မေျပျဖစ္ေနတာေၾကာင့္ ဒီရာသီကုန္အထိေတာင္ နည္းျပအျဖစ္ ဆက္ရွိဖုိ႔ မလြယ္ဘူးဆုိတဲ့ ခန္႔မွန္းခ်က္ေတြလည္း ထြက္ေနတယ္။ ဇီဒန္းဆုိတာကလည္း ေငြအမ်ားႀကီး သုံးတတ္တဲ့ နညး္ျပမ်ိဳးမဟုတ္ဘဲ လူငယ္ကစားသမားေတြနဲ႔ ေအာင္ျမင္မႈကုိ ရွာေဖြႏုိင္သူျဖစ္လုိ႔ အခုေနာက္ပုိင္း မန္ယူတာ၀န္ရွိသူေတြကလည္း ေငြသိပ္မသုံးခ်င္တဲ့အတြက္ ဇီဒန္းက သူတို႔အႀကိဳက္ နည္းျပျဖစ္ေနတာပါ။

Mourinho-And-Zidane

Mourinho-And-Zidane

အခုေလာေလာဆယ္ ဇီဒန္းနဲ႔မန္ယူသတင္းေတြက Rumor အဆင့္မွာ ရွိေနေပမယ့္ သိပ္မၾကာခင္မွာ Reality ျဖစ္လာဖုိ႔လည္း နီးစပ္ေနၿပီ။ ဒါေပမဲ့ ဇီဒန္းကုိ လုိခ်င္ေနတာကလည္း မန္ယူတစ္သင္းထဲ မဟုတ္ဘဲ ဥေရာပထိပ္သီးအသင္း ေတာ္ေတာ္မ်ားမ်ားက သူတို႔နညး္ျပေတြရဲ႕ စြမ္းေဆာင္ရည္ကုိ မႀကိဳက္တာနဲ႔ ဇီဒန္းဘက္ကုိ ပစ္မွတ္ထားဖုိ႔ရွိေနလုိ႔ မန္ယူအသင္း ေစာေစာစီးစီး မလႈပ္ရွားထားရင္ အခက္ေတြ႕ႏုိင္တယ္။ ခက္တာကလည္း ေမာ္ရင္ဟုိကုိ မန္ယူက စာခ်ဳပ္သက္တမ္းတိုးထားတာေၾကာင့္ မန္ယူဘုတ္အဖဲြ႕ ဘာလုပ္မလဲဆုိတာ ေစာင့္ၾကည့္ရမယ္။ ေသခ်ာတာကေတာ့ ပရီးမီးယားလိဂ္ကုိ လာမယ္လုိ႔ ေလသံပစ္ေနတဲ့ ဇီဒန္းေၾကာင့္ မန္ယူနည္းျပေမာ္ရင္ဟုိကေတာ့ ဖိအား ပုိမ်ားလာဖုိ႔ေတာ့ ရွိေနပါၿပီ . . .

ရီးယဲလ္အသင္းအတြက္ ဇီဒန္းရယူခဲ့တဲ့ ဆုဖလားမ်ား

La Liga: 2016–17
Supercopa de España: 2017
UEFA Champions League: 2015–16, 2016–17, 2017–18
UEFA Super Cup: 2016, 2017
FIFA Club World Cup: 2016, 2017

REF:sportskeeda
Photo:twitter,AOL.co.uk,SportBall
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်မှာ နည်းပြဘ၀ ပြန်စဖို့ ပစ်မှတ်ထားနေတဲ့ ဇီဒန်း Zidane

နည်းပြလောကကနေ ခေတ္တဝေးကွာနေတဲ့ ရီးယဲလ်နာမည်ကျော် နည်းပြဟောင်း ဇီဒန်း Zidane ဟာ အခုဆိုရင် နည်းပြလောကထဲ ပြန်ဝင်ဖို့ ဆန္ဒရှိနေပြီး ပရီးမီးယားလိဂ်အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်နေတယ်။ ဇီဒန်းဟာ ရီးယဲလ်ကို ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ရာသီကုန်မှာ ရီးယဲလ်အသင်းနဲ့ ရုတ်တရက်လမ်းခွဲခဲ့သူပါ။ နည်းပြဘ၀ (၂)နှစ်ခွဲတာကာလအတွင်း ချန်ပီယံလိဂ်(၃)ကြိမ်အပါအဝင် ဆုဖလား(၉)ခုအထိ ရယူခဲ့တာကြောင့် သူ့ကို ခေါ်ယူလိုနေတဲ့ အသင်းတွေက တန်းစီနေပြီး ပရီးမီးယားလိဂ်ကို လာမယ်လို့ သတင်းထွက်နေချိန်မှာ မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ကတော့ ခေါင်းကြိမ်းနေလောက်ပါပြီ။

Will-Zidane-Take-Charge-Manchester-United

Will-Zidane-Take-Charge-Manchester-United

ဘာဖြစ်လို့လဲဆိုတော့ အခုလောလောဆယ် မော်ရင်ဟိုရဲ့ အနာဂတ်က လှုပ်ခတ်နေပြီး မော်ရင်ဟိုနဲ့ မန်ယူတာဝန်ရှိသူတွေကြားမှာ ဆက်ဆံရေး အဆင်မပြေဖြစ်နေတာကြောင့် ဒီရာသီကုန်အထိတောင် နည်းပြအဖြစ် ဆက်ရှိဖို့ မလွယ်ဘူးဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်နေတယ်။ ဇီဒန်းဆိုတာကလည်း ငွေအများကြီး သုံးတတ်တဲ့ နည်းပြမျိုးမဟုတ်ဘဲ လူငယ်ကစားသမားတွေနဲ့ အောင်မြင်မှုကို ရှာဖွေနိုင်သူဖြစ်လို့ အခုနောက်ပိုင်း မန်ယူတာဝန်ရှိသူတွေကလည်း ငွေသိပ်မသုံးချင်တဲ့အတွက် ဇီဒန်းက သူတို့အကြိုက် နည်းပြဖြစ်နေတာပါ။

Mourinho-And-Zidane

Mourinho-And-Zidane

အခုလောလောဆယ် ဇီဒန်းနဲ့မန်ယူသတင်းတွေက Rumor အဆင့်မှာ ရှိနေပေမယ့် သိပ်မကြာခင်မှာ Reality ဖြစ်လာဖို့လည်း နီးစပ်နေပြီ။ ဒါပေမဲ့ ဇီဒန်းကို လိုချင်နေတာကလည်း မန်ယူတစ်သင်းထဲ မဟုတ်ဘဲ ဥရောပထိပ်သီးအသင်း တော်တော်များများက သူတို့နည်းပြတွေရဲ့ စွမ်းဆောင်ရည်ကို မကြိုက်တာနဲ့ ဇီဒန်းဘက်ကို ပစ်မှတ်ထားဖို့ရှိနေလို့ မန်ယူအသင်း စောစောစီးစီး မလှုပ်ရှားထားရင် အခက်တွေ့နိုင်တယ်။ ခက်တာကလည်း မော်ရင်ဟိုကို မန်ယူက စာချုပ်သက်တမ်းတိုးထားတာကြောင့် မန်ယူဘုတ်အဖွဲ့ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရမယ်။ သေချာတာကတော့ ပရီးမီးယားလိဂ်ကို လာမယ်လို့ လေသံပစ်နေတဲ့ ဇီဒန်းကြောင့် မန်ယူနည်းပြမော်ရင်ဟိုကတော့ ဖိအား ပိုများလာဖို့တော့ ရှိနေပါပြီ . . .

ရီးယဲလ်အသင်းအတွက် ဇီဒန်းရယူခဲ့တဲ့ ဆုဖလားများ

La Liga: 2016–17
Supercopa de España: 2017
UEFA Champions League: 2015–16, 2016–17, 2017–18
UEFA Super Cup: 2016, 2017
FIFA Club World Cup: 2016, 2017

REF:sportskeeda
Photo:twitter,AOL.co.uk,SportBall
Naing Linn(Akhayar)
www.akhayar.com