[Zawgyi]








ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ဦးထုပ်ဆောင်းမှအိုင်ဒီယာတွေပိုထွက်တယ်ဆိုတဲ့ ဇဏ်ခီ

ဦးထုပ်ဆောင်းမှ အိုင်ဒီယာတွေ ပိုထွက်တယ်ဆိုပြီးတော့ မင်းသားဇဏ်ခီ က ဦးထုပ်ဆောင်းထားတဲ့ပုံလေးတွေကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားတာကို တွေ့ရပါတယ်။

“Script to Screen အမြန်ဆုံးဖြစ်အောင် ကြိုးစားရေးနေပါတယ်နော်..
Deception ရေးနေတုန်းကလိုပဲ ဒီဦးထုတ်ဆောင်းမှ Idea တွေပိုထွက်သလိုလိုပဲ..” ပါပဲ ဆိုပြီးတော့ ဦးထုပ်ဝတ်ဆင်ပြီး ဇာတ်ညွှန်းရေးနေတဲ့ မင်းသားဇဏ်ခီရဲ့ပုံရိပ်တချို့ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတွေ့ရတာဖြစ်ပါတယ်။

နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကားကတော့ NowAndEver လို့အမည်ရပါတယ်။

ဇဏ်ခီ နဲ့ ခရစ်စတီးနားခီတို့ ရိုက်ကူးခဲ့ကြတဲ့ ဥပါယ်တံမျဉ်ဇာတ်ကားကလည်း အောင်မြင်မှုတွေ ရရှိခဲ့သလို မြန်မာ့ရုပ်ရှင်လောကကိုလည်း ပြောင်းလဲစေနိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ်။

ဒီဇာတ်ကားဟာလည်း မင်းသားဇဏ်ခီကိုယ်တိုင် ရေးသားခဲ့တဲ့ ဇာတ်ညွှန်းဖြစ်ပြီး အခု NowAndEver အတွက်လည်း မင်းသားဇဏ်ခီကပဲ ဇာတ်ညွှန်းကို ရေးသားနေတဲ့ အတွက် ပရိသတ်တွေကို ဘယ်လိုဖန်တီးမှုတွေနဲ့ပုံဖော်ပြသသွားမလဲ ဆိုတာတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ပါပဲ။

Photo Credit:Zenn Kyi Facebook Page

ကြည်သာ (Akhayar)

www.akhayar.com