[Zawgyi]

ဇဏ္ခီကို တတိယေျမာက္ဇာတ္ကားျဖစ္တဲ့ “NowAndEver” မွာ ဘယ္လိုဇာတ္ရုပ္မ်ိဳးနဲ႔ ေတြ႔ရမွာလဲ

ေနာက္ထပ္ရိုက္ကူးသြားမယ့္ ဇာတ္ကားအသစ္ျဖစ္တဲ့ “NowAndEver” အတြက္ မင္းသားဇဏ္ခီကို ဘယ္လိုကာရိုက္တာမ်ိဳးနဲ႔ ေတြ႕ရမယ္ဆိုတာကို ရင္ခုန္လို႕ေနပါၿပီ။ ပရိသတ္ေတြ စိတ္လႈပ္ရွားေအာင္လို႔လည္း ဇဏ္ခီက သူ႔ရဲ ႔ပံုေတြကို လူမႈကြန္ရက္စာမ်က္နွာမွာ တင္ထားၿပီးေတာ့ အခုလိုေမးခြန္းထုတ္ထားတာကိုေတြ႕ရပါေသးတယ္။

“Good Boy Bad Boy
Which do you prefer?” ဆိုၿပီးေတာ့ ေရးထားတာလည္း ျဖစ္ပါတယ္။

ဒါရိုက္တာခရစ္စတီးနားခီ ရိုက္ကူးမယ့္ တတိယေျမာက္ဇာတ္ကားျဖစ္တဲ့ “NowAndEver” မွာ မင္းသားဇဏ္ခီကို ဘယ္လိုကာရိုက္တာနဲ႔ေတြ႕ရမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာပါ။ ဒီဇာတ္ကားအတြက္ ဇာတ္ညႊန္းကို ဇဏ္ခီကိုယ္တိုင္ပဲေရးတာျဖစ္ပါတယ္။


ဇဏ္ခီဟာ “ဥပါယ္တံမ်ဥ္” ဇာတ္ကားတုန္းကလည္း သူကိုယ္တိုင္ပဲ ဇာတ္ညႊန္းေရးခဲ့တာျဖစ္ၿပီးေတာ့ ေအာင္ျမင့္ျမတ္သရုပ္ေဆာင္ခဲ့တဲ့ ဗီလိန္ဇာတ္ရုပ္ေနရာကို သူကိုယ္တိုင္သရုပ္ေဆာင္ခ်င္ခဲ့တာလို႔ေျပာခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း “ဥပါယ္တံမ်ဥ္”မွာ ဒါရိုက္တာသရုပ္ေဆာင္ခိုင္းခဲ့တဲ့ ဇာတ္ရုပ္ကိုသာပီျပင္ေအာင္အေကာင္းဆံုးသရုပ္ေဆာင္ခြင့္ ရခဲ့တာျဖစ္လို႔ အခုရိုက္ကူးမယ့္ ဇာတ္ကားအတြက္ကိုေတာ့ ဘယ္လိုေနရာကေနပါဝင္သရုပ္ေဆာင္သြားမလဲ ဆိုတာက စိတ္ဝင္စားစရာပါ။

Photo Credit: Zenn Kyi Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

ဇဏ်ခီကို တတိယမြောက်ဇာတ်ကားဖြစ်တဲ့ “NowAndEver” မှာ ဘယ်လိုဇာတ်ရုပ်မျိုးနဲ့ တွေ့ရမှာလဲ

နောက်ထပ်ရိုက်ကူးသွားမယ့် ဇာတ်ကားအသစ်ဖြစ်တဲ့ “NowAndEver” အတွက် မင်းသားဇဏ်ခီကို ဘယ်လိုကာရိုက်တာမျိုးနဲ့ တွေ့ရမယ်ဆိုတာကို ရင်ခုန်လို့နေပါပြီ။ ပရိသတ်တွေ စိတ်လှုပ်ရှားအောင်လို့လည်း ဇဏ်ခီက သူ့ရဲ့ပုံတွေကို လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပြီးတော့ အခုလိုမေးခွန်းထုတ်ထားတာကိုတွေ့ရပါသေးတယ်။

“Good Boy Bad Boy
Which do you prefer?” ဆိုပြီးတော့ ရေးထားတာလည်း ဖြစ်ပါတယ်။

ဒါရိုက်တာခရစ်စတီးနားခီ ရိုက်ကူးမယ့် တတိယမြောက်ဇာတ်ကားဖြစ်တဲ့ “NowAndEver” မှာ မင်းသားဇဏ်ခီကို ဘယ်လိုကာရိုက်တာနဲ့တွေ့ရမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ ဒီဇာတ်ကားအတွက် ဇာတ်ညွှန်းကို ဇဏ်ခီကိုယ်တိုင်ပဲရေးတာဖြစ်ပါတယ်။


ဇဏ်ခီဟာ “ဥပါယ်တံမျဉ်” ဇာတ်ကားတုန်းကလည်း သူကိုယ်တိုင်ပဲ ဇာတ်ညွှန်းရေးခဲ့တာဖြစ်ပြီးတော့ အောင်မြင့်မြတ်သရုပ်ဆောင်ခဲ့တဲ့ ဗီလိန်ဇာတ်ရုပ်နေရာကို သူကိုယ်တိုင်သရုပ်ဆောင်ချင်ခဲ့တာလို့ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း “ဥပါယ်တံမျဉ်”မှာ ဒါရိုက်တာသရုပ်ဆောင်ခိုင်းခဲ့တဲ့ ဇာတ်ရုပ်ကိုသာပီပြင်အောင်အကောင်းဆုံးသရုပ်ဆောင်ခွင့် ရခဲ့တာဖြစ်လို့ အခုရိုက်ကူးမယ့် ဇာတ်ကားအတွက်ကိုတော့ ဘယ်လိုနေရာကနေပါဝင်သရုပ်ဆောင်သွားမလဲ ဆိုတာက စိတ်ဝင်စားစရာပါ။

Photo Credit: Zenn Kyi Facebook Page

ကြည်သာ (Akhayar)

www.akhayar.com