[Zawgyi]

စကၤာပူမွာလည္း ေအာင္ျမင္ေနတဲ့ မုျဒာရဲ႕ေခၚသံရုပ္ရွင္နဲ႔ မင္းသားဇဏ္ခီရဲ ႔ဖက္ရွင္တခ်ိဳ႕

မုျဒာရဲ႕ေခၚသံ ရုပ္ရွင္ဇာတ္ကားျပသဖို႕အတြက္ စကၤာပူကိုေရာက္ရွိခဲ့စဥ္ကမင္းသားဇဏ္ခီရဲ႕ ပံုရိပ္တခ်ိဳ႕ကိုျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။စကၤာပူနိုင္ငံမွာေတာ့မုျဒာရဲ႕ေခၚသံ ရုပ္ရွင္ဇာတ္ကားကို အခုဆိုရင္ ဒုတိယအပတ္ ထပ္တိုးပြဲစဥ္ေတြအေနနဲ႕ဆက္လက္ျပသသြားမွာျဖစ္တဲ့အတြက္ ဇြန္လ ၃ ရက္ေန႕အထိၾကည့္ရႈနိုင္မွာျဖစ္ပါတယ္။ စကၤာပူမွာရွိတဲ့ ျမန္မာပရိသတ္ေတြရဲ ႔႔အားေပးမႈကိုရရွိတဲ့ အျပင္နိုင္ငံျခားသား ပရိသတ္ေတြကလည္းၾကိဳက္နွစ္သက္ၾကတဲ့အတြက္ မုျဒာရဲ႕ေခၚသံရုပ္ရွင္ဟာ စကၤာပူမွာလည္း ေအာင္ျမင္တယ္လို႕ေျပာရမွာျဖစ္ပါတယ္။

ဇဏ္ခီဟာ ဥပါယ္တံမ်ဥ္ရုပ္ရွင္ဇာတ္ကားနဲ႕ေအာင္ျမင္မႈေတြရရွိခဲ့ၿပီးေနာက္ မုျဒာရဲ႕ေခၚသံရုပ္ရွင္ဇာတ္ကားနဲ႔ပါထပ္မံလို႕ ေအာင္ျမင္မႈေတြသိမ္းပိုက္ခဲ့တဲ့ မင္းသားတစ္လက္လည္းျဖစ္ပါတယ္။ဇဏ္ခီရဲ႕ သရုပ္ေဆာင္မႈေတြကို ႀကိဳက္နွစ္သက္ၾကသလို သူ႔ရဲ႕မိသားစု အေပၚခ်စ္ခင္ၾကင္နာမႈေတြကို အားက်ၾကတဲ့ ပရိသတ္ေတြလည္းရွိလို႕ေနပါတယ္။

သရုပ္ေဆာင္ေတာ္တဲ့ အျပင္သီခ်င္းဆိုျခင္း ၊ သီခ်င္းေရးသားျခင္းေတြကိုပါပိုင္နိုင္လွတဲ့ စြယ္စံုရမင္းသားတစ္လက္လို႕ ဆိုရင္လည္း မွားမယ္မထင္ပါဘူး။

Photo Credit: Zenn Kyi Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

စင်္ကာပူမှာလည်း အောင်မြင်နေတဲ့ မုဒြာရဲ့ခေါ်သံရုပ်ရှင်နဲ့ မင်းသားဇဏ်ခီရဲ့ဖက်ရှင်တချို့

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားပြသဖို့အတွက် စင်္ကာပူကိုရောက်ရှိခဲ့စဉ်ကမင်းသားဇဏ်ခီရဲ့ ပုံရိပ်တချို့ကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။စင်္ကာပူနိုင်ငံမှာတော့မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကို အခုဆိုရင် ဒုတိယအပတ် ထပ်တိုးပွဲစဉ်တွေအနေနဲ့ဆက်လက်ပြသသွားမှာဖြစ်တဲ့အတွက် ဇွန်လ ၃ ရက်နေ့အထိကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ စင်္ကာပူမှာရှိတဲ့ မြန်မာပရိသတ်တွေရဲ့အားပေးမှုကိုရရှိတဲ့ အပြင်နိုင်ငံခြားသား ပရိသတ်တွေကလည်းကြိုက်နှစ်သက်ကြတဲ့အတွက် မုဒြာရဲ့ခေါ်သံရုပ်ရှင်ဟာ စင်္ကာပူမှာလည်း အောင်မြင်တယ်လို့ပြောရမှာဖြစ်ပါတယ်။

ဇဏ်ခီဟာ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားနဲ့အောင်မြင်မှုတွေရရှိခဲ့ပြီးနောက် မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားနဲ့ပါထပ်မံလို့ အောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ဇဏ်ခီရဲ့ သရုပ်ဆောင်မှုတွေကို ကြိုက်နှစ်သက်ကြသလို သူ့ရဲ့မိသားစု အပေါ်ချစ်ခင်ကြင်နာမှုတွေကို အားကျကြတဲ့ ပရိသတ်တွေလည်းရှိလို့နေပါတယ်။

သရုပ်ဆောင်တော်တဲ့ အပြင်သီချင်းဆိုခြင်း ၊ သီချင်းရေးသားခြင်းတွေကိုပါပိုင်နိုင်လှတဲ့ စွယ်စုံရမင်းသားတစ်လက်လို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

Photo Credit: Zenn Kyi Facebook Page

ကြည်သာ (Akhayar)

www.akhayar.com