[Zawgyi]





 





မင်းသားဇဏ်ခီ

မင်းသားဇဏ်ခီ


မင်းသားဇဏ်ခီ





ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

သားဖြစ်သူရဲ့ ဆံပင်ကို ကိုယ်တိုင်ညှပ်ပေးထားတဲ့ ဖေဖေဇဏ်ခီ

မင်းသားဇဏ်ခီ ဟာ သရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်ယောက်ထက်ကို ပိုပါတယ်။မိသားစု အပေါ်တာဝန်ကျေတဲ့ ဖခင်တစ်ဦး ဆိုတာကိုလည်း သူတို့ မိသားစု ပုံတွေတင်တိုင်းမှာသတိထားမိကြမယ် ထင်ပါတယ်။အခုလည်း သားဖြစ်သူ နိုဝါ ရဲ့ ဆံပင် ကို မင်းသားဇဏ်ခီ ကိုယ်တိုင်ညှပ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

နိုဝါလေးရဲ့ဆံပင်ကို ညှပ်ပေးထားတဲ့ ဖေဖေဇဏ်ခီ

နိုဝါလေးရဲ့ဆံပင်ကို ညှပ်ပေးထားတဲ့ ဖေဖေဇဏ်ခီ

 

အခုလိုတင်ထားတဲ့ ပုံအောက်မှာ သူ့ရဲ့ ပရိသတ်တွေက Comment တွေ ပေးထားကြပြီး တချို့ ဆိုရင် မင်းသားဇဏ်ခီ ညှပ်ပေးထားတဲ့ ဆံပင်ပုံလေးကို သဘောကျတယ်ဆိုတဲ့ Comment မျိုးတေတွတောင်တွေ့ရပါတယ်။

ချစ်စရာကောင်းတဲ့ နိုဝါလေး

ချစ်စရာကောင်းတဲ့ မေမေနဲ့နိုဝါလေး

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက Ooredoo ကြော်ငြာရိုက်ကူးဖို့ အတွက် ချက်နိုင်ငံ ကို ရောက်ရှိခဲ့ပြီး ပဲရစ် ကို လည်း အလည်သွားခဲ့ကြတဲ့ ခီတို့ မောင်နှံ နှစ်ယောက်ဟာအခုဆိုရင် မြန်မာနိုင်ငံ ကို ပြည်လည်ရောက်ရှိနေပါပြီ။

မင်းသားဇဏ်ခီ

မင်းသားဇဏ်ခီ

မုဒြာရဲ့ခေါ်သံ ဇာတ်ကားကို စင်္ကာပူမှာ ပြသခွင့်ရတဲ့ အတွက် သူတို့ နှစ်ယောက်လုံးစင်္ကာပူပရိသတ်တွေနဲ့ နောက်တစ်ကြိမ်ထပ်တွေ့ကြဦးမှာဖြစ်ပါတယ်။

မင်းသားဇဏ်ခီ

စင်္ကာပူမှာ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ပြသမယ့် အချိန်ဇယား

စင်္ကာပူမှာ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ပြသမယ့် အချိန်ဇယား

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ကားကိုတော့ စင်္ကာပူနိုင်ငံမှာ မေလ ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့ အထိ ပြသသွားမယ်လို့သိရပါတယ်။

Photo Credit: Zenn Kyi Page and Christina Kyi Facebook

ကြည်သာ (Akhayar)

www.akhayar.com