Asus Zenfone 3 အတွက် Android 8.0 Oreo ရရှိတော့မည်




Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Asus ကနေ Zenfone 3 နဲ့ Zenfone 4 Series တွေအတွက် Android 8.0 Oreo Update ပေးသွားမယ်လို့ ပြောကြားထားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ မနှစ်ကထွက်ရှိခဲ့တဲ့ Asus Zenfone 3 ဖုန်းအတွက် ZenUI 4.0 နဲ့ Android 8.0 Oreo Update ကို ရရှိတော့မှာဖြစ်ပါတယ်။

ယခုသတင်းကို Asus Zenfone 3 ကို Android 8.0 Version နဲ့ ပြောင်းလဲမှုတွေပြုလုပ်ထားတဲ့ ZenUI 4.0 နဲ့ Screen Shot တွေအရ သိရှိခဲ့ရတာဖြစ်ပြီးတော့ အခုလိုမျိုး ထွက်ပေါ်လာတဲ့အတွက် Asus Zenfone 3 အတွက် Android 8.0 ထွက်ရှိဖို့ နီးကပ်နေပြီလို့ ယူဆရပါတယ်။

ဒါပေမယ့် အခုလို မနှစ်က ထွက်ရှိထားတဲ့ Zenfone 3 အတွက် Android Oreo Update ရရှိဖို့ နီးစပ်နေပေမယ့် ယခုနှစ်မှာ အသစ်ထွက်ရှိလာတဲ့ Zenfone 4 အတွက်တော့ ဘာသတင်းမှမထွက်လာသေးပါဘူး။ အချို့ကလည်း Zenfone 3 နဲ့ အတူတူ Android 8.0 Oreo ရရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com