[Zawgyi]
www.akhayar.com
[Unicode]
Zee Lay Zee Lay (Matteo) အဆိုတော်က မြန်မာပြည်ကိုချစ်ပါတယ်တဲ့
ဧပြီ ၁ ရက်နေ့ညက The One Entertainment မှာပြုလုပ်ခဲ့တဲ့ Bella Music Festival Show မှာ နိုင်ငံခြားအဆိုတော် Matteo က မြန်မာပြည်ကိုချစ်ကြောင်း အခုလိုပြောခဲ့ပါတယ်။” မြန်မာနိုင်ငံရဲ့ Bella Music Festival ပွဲမှာ ဖျော်ဖြေရတာ ကျေးဇူးတင်ပါတယ်။ ဝမ်းသာပါတယ်။ မြန်မာ့ယဉ်ကျေးမှုတွေကို သဘောကျပြီး မြန်မာပြည်ကို ကြိုက်ပါတယ်။ “မင်္ဂလာပါ၊ ကျေးဇူးတင်ပါတယ်။ မြန်မာပြည်ကိုချစ်တယ်” ဆိုတာကို မြန်မာလိုလေး နှုတ်ဆက်ပြောကြားလိုက်ပါသေးတယ်။
ဒီပွဲမှာ သီချင်း ၉ ပုဒ်သီဆိုပါမယ်။ Performance အလန်းစားတွေနဲ့ Dancer သမားတွေရဲ့ အမိုက်စား အလန်းစားကကွက်အဆန်းတွေနဲ့ အကောင်းဆုံးဖျော်ဖြေတင်ဆက်သွားမှာပါ။ အခုလိုမျိုး သူ့သီချင်းတွေကို မြန်မာပြည်ပရိသတ်ကြီး အားပေးတာ ကြိုက်ကြတာတွေ့ရတော့ ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ နောက်ထပ်လည်း Zee Lay Zee Lay လို ကောင်းတဲ့ သီချင်းမျိုးတွေကို နားထောင်ရဖို့ ရှိပါသေးတယ်။ နောက်ထပ်လည်း မြန်မာပြည်က ပရိသတ်တွေနဲ့ တွေ့ချင်ပါသေးတယ်လို့ ပြောခဲ့ပါသေးတယ်”
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။