သရုပ္ေဆာင္ပိုင္း ေကာင္းမြန္႐ံုသာမက ဇာတ္ရုပ္နဲ႔ လိုက္ဖက္ေအာင္ ဝတ္စားဆင္ယင္တတ္သူရယ္လို႔ ပရိသတ္ အသိအမွတ္ျပဳမႈရရွိထားတဲ့ သရုပ္ေဆာင္ ေဇရဲထက္က ဇာတ္႐ုပ္အေပၚအေသးစိတ္ဂ႐ုစိုက္ျဖစ္တာနဲ႔ ပတ္သက္ၿပီး အခုလိုေျပာပါတယ္။

“ကြ်န္ေတာ့္ကို ကာရိုက္တာရူးသြပ္သူလို႔ေျပာတာထက္ သရုပ္ေဆာင္ျခင္းကို ရူးသြပ္သူလို႔ေျပာရင္ ပိုမွန္ပါလိမ္႔မယ္။ သ႐ုပ္ေဆာင္ကို အရမ္း႐ူးသြပ္ပါတယ္။ ဘယ္ေနရာကပဲ သ႐ုပ္ေဆာင္ရပါေစ။ ကြၽန္ေတာ္က်ရာေနရာက အေကာင္းဆံုးျပင္ဆင္ပါတယ္။ ဘယ္လိုဇာတ္႐ုပ္မ်ိဳးပဲျဖစ္ျဖစ္ အေသးစိတ္စီစဥ္တယ္။ အေသးစိတ္ လုပ္တယ္။ ဟိုတေလာကရိုက္ခဲ႔တဲ့ မာယာကႀကိဳးတို႔၊ လွေရႊႏွင့္သူ၏သူငယ္မ်ားတို႔လို မိန္းမလ်ာဇာတ္႐ုပ္ဆိုလည္း ကြၽန္ေတာ့္ဘက္က သ႐ုပ္ေဆာင္မႈအပိုင္း ပီျပင္ဖို႔အတြက္္ ခႏၶာကိုယ္ကအစ ဂ႐ုစိုက္တယ္။ လက္ေမာင္းေတြ၊ ဘာေတြကအစ က်စ္လ်စ္သြားေအာင္ ကြ်န္ေတာ္ထမင္းလံုးဝမစားဘူး။ အငတ္ခံၿပီးေတာ့ သ႐ုပ္ေဆာင္ခဲ့တယ္” လို႔ ေဇရဲထက္က ေျပာပါတယ္။

အခုေနာက္ပိုင္းမွာ မိန္းမလ်ာဇာတ္႐ုပ္ေတြဆက္တိုက္ဆိုသလို လက္ခံ႐ိုက္ကူးျဖစ္ေနရျခင္း အေၾကာင္းအရင္းနဲ႔ ပတ္သက္ၿပီးေတာ့လည္း သူကဆက္လက္ရွင္းျပပါေသးတယ္။

“တခ်ိဳ႕ကလည္း အေျခာက္ကားဘာလို႔႐ိုက္တာလဲဆိုၿပီးေမးၾကတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔က ျငင္းပိုင္ခြင့္မရွိဘူး။ တခ်ိဳ႕ကလည္း မိန္းမလ်ာဇာတ္ရုပ္ေတြ အရိုက္မ်ားလာတယ္လို႔ေျပာၾကတယ္။ တကယ္က မမ်ားပါဘူး။ ကြ်န္ေတာ္က တစ္ႏွစ္ကို မိန္းမလ်ာဗီဒီယိုတစ္ကား၊ ႐ုပ္ရွင္တစ္ကား႐ိုက္တယ္။ အဲဒါဘာလို႔လဲဆိုေတာ့ ပရိုဂ်ဴ ဆာေတြအတြက္လည္းပါတယ္။ ပရိသတ္ေတြအတြက္လည္းပါတယ္။ ကြၽန္ေတာ္တို႔ေတြက သ႐ုပ္ေဆာင္ေတြ ျဖစ္ေနတယ္။ ကြၽန္ေတာ့္ကားကို ပရိသတ္ၾကည့္ၿပီး ေပ်ာ္ရႊင္သြားေစခ်င္တယ္။ စိတ္ညစ္ေနတဲ့လူေတြေတာင္မွ ကြ်န္ေတာ့္ကားေလးၾကည့္လိုက္ရင္ စိတ္ထြက္ေပါက္ေလးတစ္ခုရသြားေစရမယ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ရိုက္တာလည္းရွိပါတယ္”လို႔ ေျပာျပခဲ့ပါတယ္။

စံပယ္ျဖဴ

www.akhayar.com

Unicode

သရုပ်ဆောင်ပိုင်း ကောင်းမွန်ရုံသာမက ဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်တတ်သူရယ်လို့ ပရိသတ် အသိအမှတ်ပြုမှုရရှိထားတဲ့ သရုပ်ဆောင် ဇေရဲထက်က ဇာတ်ရုပ်အပေါ်အသေးစိတ်ဂရုစိုက်ဖြစ်တာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။
“ကျွန်တော့်ကို ကာရိုက်တာရူးသွပ်သူလို့ပြောတာထက် သရုပ်ဆောင်ခြင်းကို ရူးသွပ်သူလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ သရုပ်ဆောင်ကို အရမ်းရူးသွပ်ပါတယ်။ ဘယ်နေရာကပဲ သရုပ်ဆောင်ရပါစေ။ ကျွန်တော်ကျရာနေရာက အကောင်းဆုံးပြင်ဆင်ပါတယ်။ ဘယ်လိုဇာတ်ရုပ်မျိုးပဲဖြစ်ဖြစ် အသေးစိတ်စီစဉ်တယ်။ အသေးစိတ် လုပ်တယ်။ ဟိုတလောကရိုက်ခဲ့တဲ့ မာယာကကြိုးတို့၊ လှရွှေနှင့်သူ၏သူငယ်များတို့လို မိန်းမလျာဇာတ်ရုပ်ဆိုလည်း ကျွန်တော့်ဘက်က သရုပ်ဆောင်မှုအပိုင်း ပီပြင်ဖို့အတွက် ခန္ဓာကိုယ်ကအစ ဂရုစိုက်တယ်။ လက်မောင်းတွေ၊ ဘာတွေကအစ ကျစ်လျစ်သွားအောင် ကျွန်တော်ထမင်းလုံးဝမစားဘူး။ အငတ်ခံပြီးတော့ သရုပ်ဆောင်ခဲ့တယ်” လို့ ဇေရဲထက်က ပြောပါတယ်။
အခုနောက်ပိုင်းမှာ မိန်းမလျာဇာတ်ရုပ်တွေဆက်တိုက်ဆိုသလို လက်ခံရိုက်ကူးဖြစ်နေရခြင်း အကြောင်းအရင်းနဲ့ ပတ်သက်ပြီးတော့လည်း သူကဆက်လက်ရှင်းပြပါသေးတယ်။
“တချို့ကလည်း အခြောက်ကားဘာလို့ရိုက်တာလဲဆိုပြီးမေးကြတယ်။ ကျွန်တော်တို့အနေနဲ့က ငြင်းပိုင်ခွင့်မရှိဘူး။ တချို့ကလည်း မိန်းမလျာဇာတ်ရုပ်တွေ အရိုက်များလာတယ်လို့ပြောကြတယ်။ တကယ်က မများပါဘူး။ ကျွန်တော်က တစ်နှစ်ကို မိန်းမလျာဗီဒီယိုတစ်ကား၊ ရုပ်ရှင်တစ်ကားရိုက်တယ်။ အဲဒါဘာလို့လဲဆိုတော့ ပရိုဂျူ ဆာတွေအတွက်လည်းပါတယ်။ ပရိသတ်တွေအတွက်လည်းပါတယ်။ ကျွန်တော်တို့တွေက သရုပ်ဆောင်တွေ ဖြစ်နေတယ်။ ကျွန်တော့်ကားကို ပရိသတ်ကြည့်ပြီး ပျော်ရွှင်သွားစေချင်တယ်။ စိတ်ညစ်နေတဲ့လူတွေတောင်မှ ကျွန်တော့်ကားလေးကြည့်လိုက်ရင် စိတ်ထွက်ပေါက်လေးတစ်ခုရသွားစေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်တာလည်းရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။

စံပယ်ဖြူ

www.akhayar.com