[Zawgyi]

နာမည္ေက်ာ္မင္းသားေဇရဲထက္နဲ႔ ေမးရိုးဂယက္

မင္းသားေဇရဲထက္ကို မ်က္ႏွာခြဲစိတ္ျပဳျပင္ထားတယ္ဆုိျပီး သတင္းေတြ ထြက္ေပၚလွ်က္ရွိေနပါတယ္။ ဒါေၾကာင့္ သူနဲ႔ေတြ႕ဆံုခိုက္ ေမးျမန္းျဖစ္ခဲ့ပါတယ္။“ကၽြန္ေတာ့္မ်က္ႏွာနဲ႔ပတ္သက္ၿပီး ေဆးထိုးထားတာ ဘာတစ္ခုမွမရိွပါဘူး။ ေမးရိုးကို ခြဲစိတ္ျပဳျပင္ထားတာမရိွဘူး။ အရင္က ေမးရိုးက၀ိုင္းေတာ့ ၾကြက္သားရွည္ေဆးေတာ့ ထိုးဘူးတယ္။ အဲဒီလိုထိုးတာလည္း ေရရွည္မေကာင္းဘူးတဲ့။ သူကထိုးၿပီး ၆ လထိပဲ အာနိသင္ရိွတာ။ ေနာက္ပိုင္းက်ရင္ မ်က္ႏွာစားတာတို႔၊ ၾကြက္သားေတြျပန္တက္ၿပီး အဆီတက္တာတို႔ရိွတယ္။ အဲဒီအခ်ိန္တုန္းက အခုလိုမ်ိဳး ေမးရိုးရွည္ေအာင္၊ သြယ္ေအာင္ လုပ္ေပးတဲ့ Klarity လို V-Shape Mask ေတြ မေပၚေသးဘူး” လို႔ ဆုိပါတယ္။

လတ္တေလာမွာလည္း ေဇရဲထက္အေနနဲ႔ ေမးရိုးအဆီေတြက်ျပီး ပါးႏွစ္ဖက္မွာ သြယ္လ်ေနတဲ့အတြက္ သူ႕ကို လူေတြေတာ္ေတာ္မ်ားမ်ားက ခြဲစိတ္ျပဳျပင္ထားတယ္ဆုိၿပီး ထင္ေနၾကတယ္လို႔ သူကဆက္လက္ေျပာျပခဲ့ပါတယ္။ “ဒီ Mask ေတြက်ေတာ့ ေဆးထိုးစရာမလိုသလို Side Effect လည္း မရိွဘူးေပါ့။ ကၽြန္ေတာ္လုပ္ၾကည့္ေတာ့ ပါးႏွစ္ဖက္ေတာ္ေတာ္ခ်ပ္သြားတယ္။ ေမးရိုးအဆီေတြ ေတာ္ေတာ္က်သြားတာကို ေတြ႔လိုက္ရတယ္။ အဲဒါေၾကာင့္ မ်က္ႏွာသြယ္သြားေတာ့ လူေတြေတာ္ေတာ္မ်ားမ်ားက ခြဲစိတ္ျပဳျပင္ထားတယ္လို႔ ေျပာၾကတယ္။ ကၽြန္ေတာ္က အသားေရေျခာက္ေသြ႔တဲ့အထဲမွာပါေတာ့ ဇာတ္ကားရိုက္ရင္ အသားေရပ်က္ဆီးတယ္။ Sensitive ျဖစ္တယ္။ ေနာက္ၿပီး ကၽြန္ေတာ္က ေနပူကေနျပန္လာတာတို႔ စိတ္ဖိစီးတာတို႔ဆို အသားေရပ်က္စီးတတ္တဲ့အထဲမွာ ပါပါတယ္။ ကၽြန္ေတာ္က အခု Klarity ကို သုံးျဖစ္ေနပါတယ္။ အျပင္သြားေတာ့မယ္ ပြဲတက္ရမယ္ဆို V-Shape mask သုံးျဖစ္ပါတယ္။ ႀကိဳက္လည္းႀကိဳက္တယ္”လို႔ ဆုိပါတယ္။

သူကိုယ္တိုင္က အသားအေရကို ထိန္းသိမ္းဂရုစိုက္တတ္တဲ့သူတစ္ေယာက္ျဖစ္တဲ့အတြက္ ပရိသတ္ကိုလည္း အသားအေရျပဳျပင္ထိန္းသိမ္းဖို႔ အၾကံေလးေပးခဲ့ပါေသးတယ္။ “လူတစ္ေယာက္က စိတ္ဖိစီးမူမရိွရင္ အသားအေရကေတာ့ ၾကည္ေနမွာပါပဲ။ ကၽြန္ေတာ္တို႔ကိုယ္တိုင္ စိတ္ဖိစီးရင္ အသားေရညစ္သြားတာေတြရိွတယ္။ ေနာက္တစ္ခုက ေနပူဒဏ္၊ေလပူဒဏ္ေတြခံရရင္ အသားေရပ်က္စီးတာေတြရိွတယ္။ ဒါေပမယ့္ ကၽြန္ေတာ္က အတတ္ႏိုင္ဆုံး စိတ္ဖိစီးမႈကို ေလ်ာ့ႏိုင္ေအာင္ေလ်ာ့ၿပီးေနတယ္။ ေပ်ာ္ေပ်ာ္ပဲေနတယ္။ အသားေရထိန္းသိမ္းမယ္ဆိုရင္လည္း ကိုယ္နဲ႔တည့္တဲ့ပစၥည္းကိုပဲ လိမ္းတာ အေကာင္းဆုံးပါပဲလို႔” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

Photo Credit:Zay Ye Htet Facebook

www.akhayar.com

[Unicode]

နာမည်ကျော်မင်းသားဇေရဲထက်နဲ့ မေးရိုးဂယက်

မင်းသားဇေရဲထက်ကို မျက်နှာခွဲစိတ်ပြုပြင်ထားတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လျှက်ရှိနေပါတယ်။ ဒါကြောင့် သူနဲ့တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့ပါတယ်။“ကျွန်တော့်မျက်နှာနဲ့ပတ်သက်ပြီး ဆေးထိုးထားတာ ဘာတစ်ခုမှမရှိပါဘူး။ မေးရိုးကို ခွဲစိတ်ပြုပြင်ထားတာမရှိဘူး။ အရင်က မေးရိုးကဝိုင်းတော့ ကြွက်သားရှည်ဆေးတော့ ထိုးဘူးတယ်။ အဲဒီလိုထိုးတာလည်း ရေရှည်မကောင်းဘူးတဲ့။ သူကထိုးပြီး ၆ လထိပဲ အာနိသင်ရှိတာ။ နောက်ပိုင်းကျရင် မျက်နှာစားတာတို့၊ ကြွက်သားတွေပြန်တက်ပြီး အဆီတက်တာတို့ရှိတယ်။ အဲဒီအချိန်တုန်းက အခုလိုမျိုး မေးရိုးရှည်အောင်၊ သွယ်အောင် လုပ်ပေးတဲ့ Klarity လို V-Shape Mask တွေ မပေါ်သေးဘူး” လို့ ဆိုပါတယ်။

လတ်တလောမှာလည်း ဇေရဲထက်အနေနဲ့ မေးရိုးအဆီတွေကျပြီး ပါးနှစ်ဖက်မှာ သွယ်လျနေတဲ့အတွက် သူ့ကို လူတွေတော်တော်များများက ခွဲစိတ်ပြုပြင်ထားတယ်ဆိုပြီး ထင်နေကြတယ်လို့ သူကဆက်လက်ပြောပြခဲ့ပါတယ်။ “ဒီ Mask တွေကျတော့ ဆေးထိုးစရာမလိုသလို Side Effect လည်း မရှိဘူးပေါ့။ ကျွန်တော်လုပ်ကြည့်တော့ ပါးနှစ်ဖက်တော်တော်ချပ်သွားတယ်။ မေးရိုးအဆီတွေ တော်တော်ကျသွားတာကို တွေ့လိုက်ရတယ်။ အဲဒါကြောင့် မျက်နှာသွယ်သွားတော့ လူတွေတော်တော်များများက ခွဲစိတ်ပြုပြင်ထားတယ်လို့ ပြောကြတယ်။ ကျွန်တော်က အသားရေခြောက်သွေ့တဲ့အထဲမှာပါတော့ ဇာတ်ကားရိုက်ရင် အသားရေပျက်ဆီးတယ်။ Sensitive ဖြစ်တယ်။ နောက်ပြီး ကျွန်တော်က နေပူကနေပြန်လာတာတို့ စိတ်ဖိစီးတာတို့ဆို အသားရေပျက်စီးတတ်တဲ့အထဲမှာ ပါပါတယ်။ ကျွန်တော်က အခု Klarity ကို သုံးဖြစ်နေပါတယ်။ အပြင်သွားတော့မယ် ပွဲတက်ရမယ်ဆို V-Shape mask သုံးဖြစ်ပါတယ်။ ကြိုက်လည်းကြိုက်တယ်”လို့ ဆိုပါတယ်။

သူကိုယ်တိုင်က အသားအရေကို ထိန်းသိမ်းဂရုစိုက်တတ်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ပရိသတ်ကိုလည်း အသားအရေပြုပြင်ထိန်းသိမ်းဖို့ အကြံလေးပေးခဲ့ပါသေးတယ်။ “လူတစ်ယောက်က စိတ်ဖိစီးမူမရှိရင် အသားအရေကတော့ ကြည်နေမှာပါပဲ။ ကျွန်တော်တို့ကိုယ်တိုင် စိတ်ဖိစီးရင် အသားရေညစ်သွားတာတွေရှိတယ်။ နောက်တစ်ခုက နေပူဒဏ်၊လေပူဒဏ်တွေခံရရင် အသားရေပျက်စီးတာတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်က အတတ်နိုင်ဆုံး စိတ်ဖိစီးမှုကို လျော့နိုင်အောင်လျော့ပြီးနေတယ်။ ပျော်ပျော်ပဲနေတယ်။ အသားရေထိန်းသိမ်းမယ်ဆိုရင်လည်း ကိုယ်နဲ့တည့်တဲ့ပစ္စည်းကိုပဲ လိမ်းတာ အကောင်းဆုံးပါပဲလို့” ဆိုပြီး ပြောပြခဲ့ပါတယ်။

Photo Credit:Zay Ye Htet Facebook

www.akhayar.com