[Zawgyi]

ေအာင္ျမင္မႈေတြ ဆြတ္ခူးဖုိ႔ ေမြးဖြားလာတာလား Zaira Wasim

Zaira Wasim လုိ႔ေျပာလုိက္ရင္ နာမည္စိမ္းသလုိရွိေပမယ့္ Dangal (2016) ရုပ္ရွင္ကားမွာ Mahavir Singh Phogat (Aamir Khan) ရဲ႕ သမီးႀကီး Geeta Phogat ရဲ႕ငယ္ဘဝကုိ သရုပ္ေဆာင္သြားတဲ့ ဆယ္ေက်ာ္သက္မင္းသမီးေလးကုိေတာ့ သိၾကမယ္ထင္ပါတယ္။ ဟုတ္ပါတယ္။ Dangal (2016) ရုပ္ရွင္ဟာ သူမရဲ႕ပြဲဦးထြက္ရုပ္ရွင္ကားျဖစ္သလုိ အမွတ္တရေတြ အမ်ားႀကီးျဖစ္ေစခဲ့ပါတယ္။

အိႏၵိယသမုိင္းမွာ ဝင္ေငြအေကာင္းဆုံးရုပ္ရွင္ကားအျဖစ္ မွတ္တမ္းဝင္ခဲ့သလုိ Zaira Wasim ဆုိတဲ့ နာမည္တစ္လုံးက ေနလုိလလုိ ေအာင္ျမင္လာတာပါပဲ။ ပြဲဦးထြက္ကားဆုိေပမယ့္ National Film Awards for Best Supporting Actress ဆုကုိ ရရွိခဲ့ပါတယ္။ ဆယ္ေက်ာ္သက္ထဲမွာ ရွားရွားပါးပါး ဒီဆုႀကီးကုိ ပုိင္ဆုိင္ခဲ့တာပါ။

မင္းသမီးေခ်ာ Zaira Wasim ကုိ ၂ဝဝဝခုႏွစ္ ေအာက္တုိဘာလ (၂၃) ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ အခုခ်ိန္မွ (၁၇) ႏွစ္ပဲရွိပါေသးတယ္။ သူမရဲ႕မိခင္ Zarqa Wasim ကေတာ့ ဆရာမျဖစ္ၿပီး ဖခင္ Zahid Wasimေတာ့ အႀကီးတန္းမန္ေနဂ်ာတစ္ဦးျဖစ္ပါတယ္။ Sonwar Bagh ေဒသမွာရွိတဲ့ St. Paul’s International Academy ကေန ဆယ္တန္းေအာင္ခဲ့ပါတယ္။ သူမဟာ အတန္းပညာမွာလည္း ထူးခြ်န္ခဲ့သူပါ။ လက္ရွိအခ်ိန္မွာေတာ့ Jammu’s Heritage School မွာ ဆက္လက္ပညာသင္ေနပါတယ္။

Zaira Wasim ဟာ Dangal (2016) ရုပ္ရွင္ရုိက္ကူးတုန္းက (၁၄) ႏွစ္ပဲရွိပါေသးတယ္။ က်ရာဇာတ္ရုပ္မွာ ပီျပင္ေအာင္ သရုပ္ေဆာင္ရင္း သူမရဲ႕ဟန္ပန္ဟာ ပရိသတ္ရဲ႕ ရင္ထဲကုိ စြဲထင္ေစပါတယ္။ ဒါ့ေၾကာင့္လည္း ဆုတံဆိပ္ေတြ အလီလီဆြတ္ခူးႏုိင္တာပါ။

Dangal (2016) ရဲ႕ သမုိင္းဝင္ေအာင္ျမင္မႈေတြ ဆြတ္ခူးၿပီးျပန္ေတာ့ Aamir Khan ဟာ Secret Superstar (2017) ရုပ္ရွင္ကုိ ဆက္ရုိက္ဖုိ႔ စိတ္ကူးျပန္တယ္။ ဒီတစ္ခါမွာေတာ့ သူဟာ ေခါင္းေဆာင္ေနရာက မပါဘဲ ဇာတ္ပုိ႔အေနနဲ႔သာ ပါဝင္ၿပီး ဆယ္ေက်ာ္သက္သရုပ္ေဆာင္ကုိပဲ ေခါင္းေဆာင္တင္ဖုိ႔ စိတ္ကူးလုိက္တာပါ။ သူေရြးခ်ယ္လုိက္တာက Zaira Wasim ပါပဲ။

တစ္ကားပဲ ရုိက္ဖူးေသးတဲ့ ဆယ္ေက်ာ္သက္တစ္ေယာက္ကုိ ေခါင္းေဆာင္ေနရာေပးလုိက္တာ တျခားသူေတြအတြက္ေတာ့ ခက္ခဲေနလိမ့္မယ္၊ Aamir Khan အတြက္ေတာ့ ေအးေဆးပါပဲ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အသက္ငယ္ေပမယ့္ ပညာမငယ္တဲ့ Zaira Wasim ရဲ႕ အရည္အခ်င္းကုိ Dangal (2016) မွာကတည္းက ျမင္ၿပီးၿပီေလ။

အမ်ိဳးသမီးေတြအေနနဲ႔ အိမ္တြင္းအၾကမ္းဖက္ခံရမႈနဲ႔ အဖိႏွိပ္ခံရမႈေတြကုိ ေဖာ္က်ဴးလုိက္ရုံမက အရည္အခ်င္းသာ ရွိပါေစ ေအာင္ျမင္မႈက အလုိလုိလုိက္လာမယ္ဆုိတဲ့ အသိတရားကုိ ေမြးထုတ္ေပးလုိက္ပါတယ္။ ဒါ့ေၾကာင့္လည္း သူမဟာ Filmfare Critics Award for Best Actress ဆုကုိ ဆြတ္ခူးႏုိင္တာပါ။

Zaira Wasim ဟာ Dangal (2016) နဲ႔ Secret Superstar (2017) ဆုိတဲ့ႏွစ္ကားသာ ထြက္ရွိေသးေပမယ့္ အိႏၵိယရုပ္ရွင္ေလာကရဲ႕အျမင့္ဆုံးဆုတံဆိပ္ႏွစ္ခုျဖစ္တဲ့ National Film Awards နဲ႔ Filmfare Awards ကုိ ဆြတ္ခူးႏုိင္တဲ့ရွားပါးသရုပ္ေဆာင္ပါ။ သူမရဲ႕ထူးခြ်န္ေျပာင္ေျမာက္တဲ့ အႏုပညာစြမ္းရည္ေၾကာင့္ အိႏၵိယသမၼတ Ram Nath Kovind ဟာ National Child Award for Exceptional Achievement ဆုကုိ ေပးအပ္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Farhan Akhtar ၊ Priyanka Chopra တုိ႔နဲ႔အတူ The Sky is Pink (2019) ရုပ္ရွင္အတြက္ ရုိက္ကူးေနပါတယ္။ ၂ဝ၁၉ခုႏွစ္မွာ ရုံတင္မယ့္ The Sky is Pink (2019) ရုပ္ရွင္မွာလည္း ေအာင္ျမင္မႈအေပါင္း သရဖူေဆာင္းႏုိင္ပါေစလုိ႔ ေတာင္းဆုေခြ်လုိက္ရပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အောင်မြင်မှုတွေ ဆွတ်ခူးဖို့ မွေးဖွားလာတာလား Zaira Wasim

Zaira Wasim လို့ပြောလိုက်ရင် နာမည်စိမ်းသလိုရှိပေမယ့် Dangal (2016) ရုပ်ရှင်ကားမှာ Mahavir Singh Phogat (Aamir Khan) ရဲ့ သမီးကြီး Geeta Phogat ရဲ့ငယ်ဘဝကို သရုပ်ဆောင်သွားတဲ့ ဆယ်ကျော်သက်မင်းသမီးလေးကိုတော့ သိကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ Dangal (2016) ရုပ်ရှင်ဟာ သူမရဲ့ပွဲဦးထွက်ရုပ်ရှင်ကားဖြစ်သလို အမှတ်တရတွေ အများကြီးဖြစ်စေခဲ့ပါတယ်။

အိန္ဒိယသမိုင်းမှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကားအဖြစ် မှတ်တမ်းဝင်ခဲ့သလို Zaira Wasim ဆိုတဲ့ နာမည်တစ်လုံးက နေလိုလလို အောင်မြင်လာတာပါပဲ။ ပွဲဦးထွက်ကားဆိုပေမယ့် National Film Awards for Best Supporting Actress ဆုကို ရရှိခဲ့ပါတယ်။ ဆယ်ကျော်သက်ထဲမှာ ရှားရှားပါးပါး ဒီဆုကြီးကို ပိုင်ဆိုင်ခဲ့တာပါ။

မင်းသမီးချော Zaira Wasim ကို ၂ဝဝဝခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အခုချိန်မှ (၁၇) နှစ်ပဲရှိပါသေးတယ်။ သူမရဲ့မိခင် Zarqa Wasim ကတော့ ဆရာမဖြစ်ပြီး ဖခင် Zahid Wasimတော့ အကြီးတန်းမန်နေဂျာတစ်ဦးဖြစ်ပါတယ်။ Sonwar Bagh ဒေသမှာရှိတဲ့ St. Paul’s International Academy ကနေ ဆယ်တန်းအောင်ခဲ့ပါတယ်။ သူမဟာ အတန်းပညာမှာလည်း ထူးချွန်ခဲ့သူပါ။ လက်ရှိအချိန်မှာတော့ Jammu’s Heritage School မှာ ဆက်လက်ပညာသင်နေပါတယ်။

Zaira Wasim ဟာ Dangal (2016) ရုပ်ရှင်ရိုက်ကူးတုန်းက (၁၄) နှစ်ပဲရှိပါသေးတယ်။ ကျရာဇာတ်ရုပ်မှာ ပီပြင်အောင် သရုပ်ဆောင်ရင်း သူမရဲ့ဟန်ပန်ဟာ ပရိသတ်ရဲ့ ရင်ထဲကို စွဲထင်စေပါတယ်။ ဒါ့ကြောင့်လည်း ဆုတံဆိပ်တွေ အလီလီဆွတ်ခူးနိုင်တာပါ။

Dangal (2016) ရဲ့ သမိုင်းဝင်အောင်မြင်မှုတွေ ဆွတ်ခူးပြီးပြန်တော့ Aamir Khan ဟာ Secret Superstar (2017) ရုပ်ရှင်ကို ဆက်ရိုက်ဖို့ စိတ်ကူးပြန်တယ်။ ဒီတစ်ခါမှာတော့ သူဟာ ခေါင်းဆောင်နေရာက မပါဘဲ ဇာတ်ပို့အနေနဲ့သာ ပါဝင်ပြီး ဆယ်ကျော်သက်သရုပ်ဆောင်ကိုပဲ ခေါင်းဆောင်တင်ဖို့ စိတ်ကူးလိုက်တာပါ။ သူရွေးချယ်လိုက်တာက Zaira Wasim ပါပဲ။

တစ်ကားပဲ ရိုက်ဖူးသေးတဲ့ ဆယ်ကျော်သက်တစ်ယောက်ကို ခေါင်းဆောင်နေရာပေးလိုက်တာ တခြားသူတွေအတွက်တော့ ခက်ခဲနေလိမ့်မယ်၊ Aamir Khan အတွက်တော့ အေးဆေးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အသက်ငယ်ပေမယ့် ပညာမငယ်တဲ့ Zaira Wasim ရဲ့ အရည်အချင်းကို Dangal (2016) မှာကတည်းက မြင်ပြီးပြီလေ။

အမျိုးသမီးတွေအနေနဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှုနဲ့ အဖိနှိပ်ခံရမှုတွေကို ဖော်ကျူးလိုက်ရုံမက အရည်အချင်းသာ ရှိပါစေ အောင်မြင်မှုက အလိုလိုလိုက်လာမယ်ဆိုတဲ့ အသိတရားကို မွေးထုတ်ပေးလိုက်ပါတယ်။ ဒါ့ကြောင့်လည်း သူမဟာ Filmfare Critics Award for Best Actress ဆုကို ဆွတ်ခူးနိုင်တာပါ။

Zaira Wasim ဟာ Dangal (2016) နဲ့ Secret Superstar (2017) ဆိုတဲ့နှစ်ကားသာ ထွက်ရှိသေးပေမယ့် အိန္ဒိယရုပ်ရှင်လောကရဲ့အမြင့်ဆုံးဆုတံဆိပ်နှစ်ခုဖြစ်တဲ့ National Film Awards နဲ့ Filmfare Awards ကို ဆွတ်ခူးနိုင်တဲ့ရှားပါးသရုပ်ဆောင်ပါ။ သူမရဲ့ထူးချွန်ပြောင်မြောက်တဲ့ အနုပညာစွမ်းရည်ကြောင့် အိန္ဒိယသမ္မတ Ram Nath Kovind ဟာ National Child Award for Exceptional Achievement ဆုကို ပေးအပ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Farhan Akhtar ၊ Priyanka Chopra တို့နဲ့အတူ The Sky is Pink (2019) ရုပ်ရှင်အတွက် ရိုက်ကူးနေပါတယ်။ ၂ဝ၁၉ခုနှစ်မှာ ရုံတင်မယ့် The Sky is Pink (2019) ရုပ်ရှင်မှာလည်း အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ပါစေလို့ တောင်းဆုချွေလိုက်ရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com