[Zawgyi]

ရင္ေသြးေလးေမြးဖြားျပီးေၾကာင္း ပရိသတ္ေတြကုိ အသိေပးလုိက္တဲ့ ယြန္း၀တီလြင္မုိး

အိမ္ေထာင္ျပဳထားတဲ့ သမီးၾကီးယြန္း၀တီလြင္မုိး ရဲ႕ မဂၤလာသတင္းေၾကာင့္ ၀ါရင့္သရုပ္ေဆာင္အကယ္ဒမီလြင္မုိးကေတာ့ ေျမးခ်ီရေတာ့မွာပါ။ လူမႈကြန္ရက္မွာ လူငယ္အမ်ိဳးသားပရိသတ္ေတြရဲ႕ ၀န္းရံအားေပးမႈေတြရရွိေနတဲ့ သရုပ္ေဆာင္ ယြန္း၀တီလြင္မုိး တစ္ေယာက္ကေတာ့ စိတ္တူကုိယ္တူလက္တြဲေဖာ္နဲ႕အတူ သာယာေပ်ာ္ရႊင္ဖြယ္အိမ္ေထာင္ေရးကုိပုိင္ဆုိင္ထားရျပီး သူမရဲ႕ 5 Days Post ဆုိတဲ့ စာသားေလးတစ္ခုေၾကာင့္ ဒီရက္ပုိင္း ပရိသတ္ေတြၾကားမွာ ဂယက္ထသြားေစခဲ့ပါတယ္။

ပရိသတ္တခ်ိဳ႕ကေတာ့ ယုံရခက္ေနၾကေပမယ့္ ယြန္း၀တီဟာ သူမ ရင္ေသြးေလးေမြးဖြားျပီးျဖစ္ေၾကာင္း အခုလုိ Instagram ကေနတစ္ဆင့္ ေရးသားျပီး ပရိသတ္ေတြကုိ အသိေပးေၾကညာလုိက္တာျဖစ္ပါတယ္။ “I just gave birth to my baby 5 days ago.It’s not a pregnancy announcement it’s a birth announcement” ဆုိျပီး သူမရဲ႕ Instagram My Day မွာ အသဲပုံ အီမုိဂ်ီေလးေတြနဲ႕အတူ တင္ထားျပီး ဂုဏ္ျပဳစကားဆုိတဲ့ Comment ေတြကုိလည္း တစ္ခုခ်င္း Reply ျပန္ေပးထားတာေတြ႕ရပါတယ္။


အိမ္ေထာင္က်ခ်ိန္ေစာေပမယ့္ ရင့္က်က္တည္ျငိမ္စြာေနတတ္တဲ့ သူမရဲ႕ အေနအထုိင္အေျပာအဆုိေလးေတြက ပရိသတ္ေတြကုိ ႏွစ္သက္စြဲလမ္းေစတာျဖစ္သလုိ ပညာေရးမွာထူးခၽြန္ျပီး စိတ္တူကုိယ္တူၾကိဳးစားေနတဲ့ သူမတုိ႕ဇနီးေမာင္ႏွံဟာ ခ်စ္စရာေကာင္းလြန္းတာမုိ႕ လည္း ပရိသတ္ေတြအခ်စ္ပုိေနရတာျဖစ္ပါတယ္။


ေမေမ ျဖစ္သြားတဲ့ ယြန္း၀တီေလးကေတာ့ သူမရဲ႕ ရင္ေသြးေလးပုံကုိ ထုတ္မျပေသးတာမုိ႕ ပရိသတ္ေတြကေတာ့ ျမင္ခ်င္လြန္းလုိ႕ အားမလုိအားမရျဖစ္ေနၾကပါတယ္။ ပရိသတ္ၾကီးလည္း သူမကုိခ်စ္ရင္ စကားလက္ေဆာင္ပါးခဲ့ပါဦးေနာ္။

Photos Credit – YunWaddy Instagram

Stella(Akhayar)

www.Akhayar.com 

[Unicode]

ရင်သွေးလေးမွေးဖွားပြီးကြောင်း ပရိသတ်တွေကို အသိပေးလိုက်တဲ့ ယွန်းဝတီလွင်မိုး

အိမ်ထောင်ပြုထားတဲ့ သမီးကြီးယွန်းဝတီလွင်မိုး ရဲ့ မင်္ဂလာသတင်းကြောင့် ဝါရင့်သရုပ်ဆောင်အကယ်ဒမီလွင်မိုးကတော့ မြေးချီရတော့မှာပါ။ လူမှုကွန်ရက်မှာ လူငယ်အမျိုးသားပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုတွေရရှိနေတဲ့ သရုပ်ဆောင် ယွန်းဝတီလွင်မိုး တစ်ယောက်ကတော့ စိတ်တူကိုယ်တူလက်တွဲဖော်နဲ့အတူ သာယာပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားရပြီး သူမရဲ့ 5 Days Post ဆိုတဲ့ စာသားလေးတစ်ခုကြောင့် ဒီရက်ပိုင်း ပရိသတ်တွေကြားမှာ ဂယက်ထသွားစေခဲ့ပါတယ်။

ပရိသတ်တချို့ကတော့ ယုံရခက်နေကြပေမယ့် ယွန်းဝတီဟာ သူမ ရင်သွေးလေးမွေးဖွားပြီးဖြစ်ကြောင်း အခုလို Instagram ကနေတစ်ဆင့် ရေးသားပြီး ပရိသတ်တွေကို အသိပေးကြေညာလိုက်တာဖြစ်ပါတယ်။ “I just gave birth to my baby 5 days ago.It’s not a pregnancy announcement it’s a birth announcement” ဆိုပြီး သူမရဲ့ Instagram My Day မှာ အသဲပုံ အီမိုဂျီလေးတွေနဲ့အတူ တင်ထားပြီး ဂုဏ်ပြုစကားဆိုတဲ့ Comment တွေကိုလည်း တစ်ခုချင်း Reply ပြန်ပေးထားတာတွေ့ရပါတယ်။


အိမ်ထောင်ကျချိန်စောပေမယ့် ရင့်ကျက်တည်ငြိမ်စွာနေတတ်တဲ့ သူမရဲ့ အနေအထိုင်အပြောအဆိုလေးတွေက ပရိသတ်တွေကို နှစ်သက်စွဲလမ်းစေတာဖြစ်သလို ပညာရေးမှာထူးချွန်ပြီး စိတ်တူကိုယ်တူကြိုးစားနေတဲ့ သူမတို့ဇနီးမောင်နှံဟာ ချစ်စရာကောင်းလွန်းတာမို့ လည်း ပရိသတ်တွေအချစ်ပိုနေရတာဖြစ်ပါတယ်။


မေမေ ဖြစ်သွားတဲ့ ယွန်းဝတီလေးကတော့ သူမရဲ့ ရင်သွေးလေးပုံကို ထုတ်မပြသေးတာမို့ ပရိသတ်တွေကတော့ မြင်ချင်လွန်းလို့ အားမလိုအားမရဖြစ်နေကြပါတယ်။ ပရိသတ်ကြီးလည်း သူမကိုချစ်ရင် စကားလက်ဆောင်ပါးခဲ့ပါဦးနော်။

Photos Credit – YunWaddy Instagram

Stella(Akhayar)

www.Akhayar.com