Google ဟာ သူတို့ရဲ့ ကိုယ်ပိုင် TV ၀န်ဆောင်မှုကို စတင်ကြောင်း သိရပါတယ်။ ဒီ ၀န်ဆောင်မှုမှာ Channel ပေါင်း ၄၀ ပါဝင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုတွေ ကို ကြည့်နိုင်တယ်လို့သိရပါတယ်။

YouTube TV မှာ တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ ABC , CBS, FOX, NBC, ESPN စတဲ့ Channel တွေ အပြင် လူကြိုက်များတဲ့ ဒေသတွင်း ရုပ်သံလိုင်းတွေပါ ပါဝင်မယ်လို့ သိရပါတယ်။ DVR System တစ်ခုလည်း ပါဝင်မှာဖြစ်ပြီး ဒီ System ဟာ Cloud ပေါ်မှာ အလုပ်လုပ်မှာဖြစ်လို့  Memory နေရာမလောက်ဖြစ်မှာကို စိုးရိမ်စရာမလိုဘူးလို့သိရပါတယ်။ ကြည့်ရှုနိုင်တဲ့ Channel တွေထဲမှာ YouTube လည်းပါဝင်ပြီး ပိတ်ပင်ထားတဲ့ YouTube Content နဲ့ Browse တွေကို ကြော်ငြာတွေ မပါပဲ ကြည့်နိုင်တယ်လို့သိရပါတယ်။

စာချုပ်စာတမ်းချုပ်ဆိုစရာမလိုပဲ တစ်လကို ၃၅ ဒေါ်လာနဲ့ အကောင့်၆ခုလုံး အတွက် Member တစ်ဦးချင်းစီ အသုံးပြုနို်င်မှာဖြစ်တယ်လို့ သိရပါတယ်။ အကောင့်အားလုံးမှာ မတူညီတဲ့ Recommendations တွေ ပါဝင်မှာဖြစ်ပြီး Personal DVR မှာ Storage Limit မရှိပါဘူး။ လစဉ်ကြေးသွင်းနိုင်မှသာ တစ်ကြိမ်တည်းမှာ DVR ၃ ခုကို ကြည့်နိုင်မှာဖြစ်ပါတယ်။

The Wall Street ဂျာနယ်ရဲ့ ဒီတစ်ပတ် အစောပိုင်းက သိရတဲ့ သတင်းအရကတော့ တကမ္ဘာလုံးမှာရှိတဲ့ လူတွေဟာ နေ့တိုင်း YouTube Videos တွေကို နာရ်ီပေါင်း ၁ ဘီလီယံ ကျော်ကြည့်ရှုတယ်လို့သိရပါတယ်။

Jan ( Akhayar)

Ref : Gsmarena