မီဒီယာ ကဏ္ဍတိုးတက်လာတာနဲ့ အမျှ ဟာသ ၊ အဆို ၊ အလှအပ ဆိုင်ရာ ၀ါသနာရှင်တွေဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ဗီဒီယိုရိုက်ကူးပြီး Video-sharing Platform တစ်ခုဖြစ်တဲ့ YouTube မှာ မျှဝေနိုင်အောင် ကြလေ့ရှိပါတယ်။ ဒီထဲကမှ တစ်ချို့တွေဟာ Subscriber များပြားလာပြီး ၀င်ငွေရရှိလာတဲ့အထိ စွမ်းဆောင်နိုင်ကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် YouTube မှာ Subscribers အများဆုံး ၁၀ ယောက်ကို akhayar.com ကနေ ဖော်ပြပေးလိုက်ပါတယ်။

၁။ PewDiePie – 54.1 Million Subscribers

PewDiePie ဟာ Disney နဲ့ လမ်းခွဲခဲ့ပေမယ့် YouTube မှာ Subscribers အများဆုံး အဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။ သူ့ရဲ့ ၀င်ငွေကတော့ ၂၀၁၆ မှာ ပျမ်းမျှအနေနဲ့ ဒေါ်လာ ၁၅ သန်း ရှိတယ်လို့သိရပါတယ်။ ဟာသဗီဒီယိုတွေ ကြောင့်လူသိများတဲ့ PewDiePie ဟာ Disney နဲ့ လမ်းခွဲပြီးနောက်မှာတော့ အမှီအခိုကင်းမဲ့တဲ့ ဖန်တီးမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

၂။ German Garmendia (HolaSoyGerman) – 31.2 Million Subscribers

ချီလီနိုင်ငံသား YouTuber တစ်ယောက်ဖြစ်တဲ့ German Garmendia ဟာ လက်တင်အမေရိက ရဲ့ အကျော်ကြားဆုံး YouTube စတား တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ဟာသ နဲ့ တေးဂီတ ဟာ Channel နှစ်ခုမှာ Top 20 ၀င်တဲ့အပြင်၂၀၁၆ မှာ “Chupaelperro” လို့ အမည်ရတဲ့ စာအုပ်တစ်အုပ်တောင် ထုတ်ဝေခဲ့ပါတယ်။ သူဟာ သူ့ရဲ့ Video ဖြစ်တဲ့ “The Obvious Things Of Life” နဲ့ ကျော်ကြားလာသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ် YouTube Channel ရှိပြီး JuegaGerman လို့ခေါ်ပါတယ်။ ဒီ Channel မှာ Subscribers  ၁၈ သန်း ရှိပြီး ဗီဒီယိုဂိမ်းကို အဓိကရည်ရွယ်တယ်လို့ သိရပါတယ်။ ၂၀၁၆ မှာ ရရှိခဲ့တဲ့သူ့ရဲ့ ၀င်ငွေအကြမ်းဖျင်းကတော့ ဒေါ်လာ ၅.၅ သန်း ဖြစ်ပါတယ်။

၃။ ElRubiusOMG – 23.5 Million Subscribers

နာမည်ရင်းကတော့ Ruben Doblas Gundersen ဖြစ်ပေမယ့် YouTube မှာတော့ ElRubiusOMG လို့ လူသိကြပါတယ်။ ၂၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ စပိန် YouTuber ဟာ လက်ရှိမှာတော့ Subscribers အများဆုံးစာရင်းမှာ နံပါတ် ၃ နဲ့ ရပ်တည်နေပါတယ်။ Doblas Gundersen ဟာ Gamer တစ်ယောက်ဖြစ်သလို ဟာသဗီဒီယို လည်းရိုက်တဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၁၄ မှာ “Troll” လို့ခေါ်တဲ့စာအုပ်ကို ပုံနှိပ်ထုတ်ဝေ ခဲ့ပါတယ်။ သူ့ရဲ့ဝင်ငွေကိုတော့ အတိအကျ ဖော်ပြထားခြင်းမရှိပါဘူး။

၎။ Smosh – 22.6 Million Subscribers

Smosh မှာ အဖွဲ့သား နှစ်ယောက်ပါဝင်ပါတယ်။ YouTuber တွေဖြစ်တဲ့ Ian Hecox နဲ့ Anthony Padilla တို့နှစ်ယောက်ပေါင်းပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် Smosh ဟာ ပထမဆုံး YouTube ရဲ့ အာရုံငါးပါးခံစားမှုကို ပေးစွမ်းနိုင်တဲ့ အဖွဲ့ဖြစ်တယ်လို့လည်းသိရပါတယ်။ Smosh ဟာ  Slapstick ဟာသဗီဒီယို ၊ သရော်ဗီဒီယိုဂိမ်းနဲ့ Pop Culture တို့ကြောင့် ကျော်ကြားလာပြီး လက်ရှိမှာတော့ Seven Channels မှာ ပါဝင်တယ်လို့ သိရပါတယ်။ ၂၀၁၆ မှာ သူတို့ရဲ့ ပျမ်းမျှဝင်ငွေဟာ ဒေါ်လာ ၇  သန်း ရှိပါတယ်။

၅။ VanossGaming – 20.2 Million Subscribers

VanossGaming ရဲ့ လူသိများတဲ့ YouTube နာမည်ကတော့ Evan Fong ဖြစ်ပါတယ်။ အသက်၂၄ နှစ် အရွယ်ရှိတဲ့ ကနေဒီယန်သား Fong ဟာ ဟာသဗီဒီယိုတွေကို YouTube မှာ တင်တဲ့အပြင် တခြားဂိမ်းကစားနည်း အမျိုးမျိုးကိုလည်း တင်ခဲ့ပါတယ်။ သူ့ရဲ့ တစ်ချို့ ဗီဒီယို အပိုင်းတွေကို သူကိုယ်တိုင် Editing ပြန်လုပ်ထားပြီး သူမကြာခဏတင်တဲ့ Post တွေကတော့ ပန်းချီ ၊ တေးသွား ဒါမှမဟုတ် စာသားအတိုအစတွေကို ပုံဖော်ထားတဲ့ ဗီဒီယို အပိုင်းအစတွေဖြစ်ပြီး ရယ်စရာဟာသပုံစံနဲ့တွဲဖက် ရိုက်ကူးထားတာဖြစ်ပါတယ်။ သူ့ရဲ့ ၀င်ငွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

၆။ Fernanfloo – 20 Million Subscribers

El Salvador ကနေလာတဲ့ ဒီ YouTube စတားရဲ့ နာမည်ကတော့ Luis Fernando Flores ပဲဖြစ်ပါတယ်။ သူ့ရဲ့ ဂိမ်းကစားတဲ့ ဗီဒီယိုနဲ့ ဟာသ ကြောင့် လူသိများလာတာဖြစ်ပါတယ်။ သူ့ရဲ့ အထိမ်းအမှတ် အရောင်ကတော့ အစိမ်းရောင်ဖြစ်ပြီး တစ်ခါတစ်လေ ဗီဒီယို မှာ သူ့ခွေးကို ထည့်သွင်းအသုံး ပြုတာကိုတွေ့ရပါတယ်။ သူ့ရဲ့ ၀င်ငွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

၇။ NigaHiga – 19.3 Million Subscribers

Subscribers အများဆုံးစာရင်းမှာ ပါဝင်တဲ့ သူနောက်တစ်ယောက်ကတော့ Ryan Higa ဖြစ်ပြီး YouTube မှာကျော်ကြားတဲ့ နာမည်ကတော့ NigaHiga ပဲဖြစ်ပါတယ်။ ဟာသဗီဒီယို အမျိုးမျိုးကို ထုတ်လုပ်တဲ့အပြင် Sketches ၊ Music Video နဲ့ Pop Culture နဲ့ပတ်သတ်တဲ့ မှတ်ချက် အတိုအစတွေလည်း ပြုလုပ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ဗီဒီယိုတွေဟာ Professional ဆန်ပြီး တန်ဖိုးမြင့်တဲ့ ထုတ်လုပ်မှု တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ၀င်ငွေကိုတော့ဖော်ပြထားခြင်းမရှိသေးပါဘူး။

၈။ Yuya – 17.8 Million Subscribers

Yuya ဟာ အသက် ၂၃ နှစ် အရွယ်ရှိပြီး Mexican Beauty Blogger တစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ မိတ်ကပ် ၊ ဆံပင် နဲ့ တစ်ခြား အလှအပနဲ့ ဆိုင်တဲ့ Tutorials တွေကို YouTube မှာ တင်ပါတယ်။ ဒါ့အပြင် သူမရဲ့ နေ့စဉ်ဘ၀ အကြောင်း ပြောဆိုထားတာတွေကိုလည်း Secondary Channel အနေနဲ့ တင်တယ်လို့သိရပါတယ်။ သူမရဲ့ အလှအပနဲ့ ဆိုင်တဲ့ Tutorial ဗီဒီယိုတွေ ကြောင့် ပိုကြော်ကြားလာတယ်လို့ သူမရဲ့ မောင်ဖြစ်တဲ့ Sergio ကပြောခဲ့ပါတယ်။ သူမဟာ Vogue နဲ့ Mexican ရုပ်သံမှာလည်း ပါဝင်ပါတယ်။ သူမရဲ့ ၀င်ငွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

၉။ Whinderssonnunes – 17.7 Million Subscribers

ဘရာဇီး YouTube စတားဖြစ်တဲ့ Whinderssonnunes ဟာ Subscribers အများဆုံး နံပါတ် ၉ အဖြစ်ရပ်တည်လျက်ရှိပြီး ဟာသဗီဒီယို နဲ့ Blog လုပ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ဗီဒီယိုတွေမှာ မကြာခဏ အကျီချွတ်လျက်သား တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သရော်စာ ၊ သီချင်း ဆိုတာနဲ့ ရုပ်ရှင်ဝေဖန်သုံးသပ်ချက်အပြင်  သူ့ရဲ့နေ့စဉ်ဘ၀ အကြောင်းတွေကိုလည်း ဗီဒီယို ရိုက်ကူးပြီးတင်တယ်လို့ သိရပါတယ်။ သူဟာ ဗီဒီယိုတွေကို အသက် ၁၅ နှစ်မှာ စတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

၁၀။ Vegetta 777 – 17.3 Million Subscribers

Vegetta ရဲ့ နာမည်အရင်းကတော့ Samuel De Luque ဖြစ်ပြီး အကြော်ကြားဆုံး စပိန်နိုင်ငံသား YouTuber လည်းဖြစ်ပါတယ်။ သူ့ကို “Minecraft ၊ Saint Row ၊ Battlefield “ စတဲ့ ဂိမ်းတွေရဲ့ နောက်ခံစကားပြောသူ အဖြစ်လူသိများပါတယ်။ ဗီဒီယိုဂိမ်းထဲက ဇာတ်လမ်းနဲ့ ဇာတ်ကောင် သမိုင်းတွေကို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးတင်ဆက်တတ်တာက သူ့ရဲ့ အမှတ်အသားတစ်ခုပဲဖြစ်ပါတယ်။

Jan (Akhayar)

Ref : Businessinsider