YouTube ဟာ လက္ရွိအခ်ိန္မွာ လူၾကည့္အမ်ားဆံုးေသာ Video Platform တစ္ခုလုိ႔ သတ္မွတ္ရင္လည္း မွားမွာမဟုတ္ပါဘူး။ အခုလုိမ်ိဳး ေအာင္ျမင္မႈရရွိေနတဲ့အတြက္ YouTube Channel ေတြအတြက္လည္း ေၾကာ္ျငာေတြ ပိုျပီးထည့္သြင္းဖုိ႔အတြက္ တြန္းအားေပးသလုိျဖစ္ေနပါတယ္။ အခုေနာက္ဆံုး သိရတဲ့သတင္းေတြအရဆိုရင္ YouTube ဟာ Ads ေတြကို ပိုျပီး ေနရာေပးေတာ့မယ့္ပံုပါပဲ။

YouTube

အခုသတင္းကေတာ့ YouTube မွာ Video ေတြတင္ေနတဲ့ YouTube Creator ေတြအေနနဲ႔ ေက်ာ္လို႔မရတဲ့ Ads ေတြကို ပိုျပီး ထည့္သြင္းႏုိင္ေတာ့မွာျဖစ္ျပီးေတာ့ အခုလုိမ်ိဳး ျပဳလုပ္လုိက္တဲ့အတြက္ အခုျမင္ေနရတဲ့ ေက်ာ္လုိ႔မရတဲ့ ေၾကာ္ျငာေတြဟာ ပိုျပီးမ်ားျပားလာဖုိ႔ရွိေနပါတယ္။ YouTube ရဲ႕ အဆိုအရေတာ့ အခု Feature ဟာ တခ်ိဳ႕ေသာ Creator ေတြဆီကို ေနာက္အပတ္ကေန စတင္ျပီး ရရွိလာေစမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ပံုမွန္အားျဖင့္ အခုလုိမ်ိဳး ေက်ာ္လုိ႔မရတဲ့ ေၾကာ္ျငာေတြကို ထည့္သြင္းတဲ့အခ်ိန္မွာ ေၾကာ္ျငာရွင္ေတြက Creator ေတြကို ပိုက္ဆံပိုေပးရျပီးေတာ့ အခုလုိမ်ိဳး YouTube က အဆုိပါ ေၾကာ္ျငာေတြကို ပိုတြန္းအားေပးလာတဲ့အတြက္ YouTube Creator ေတြအေနနဲ႔ ပိုက္ဆံပိုျပီးေတာင္ရရွိလာႏုိင္ပါတယ္။

YouTube

YouTube ဟာ ျပီးခဲ့တဲ့ ဇန္နဝါရီလတုန္းကလည္း အဆုိပါ ေၾကာ္ျငာေတြကို စကၠန္႔ ၂၀ ေအာက္ပဲ ရွိေနဖုိ႔အတြက္ သတ္မွတ္ထားတဲ့အတြက္ တကယ္လုိ႔ ေၾကာ္ျငာေတြကို ပိုျပီး ျမင္လာရတယ္ဆုိရင္လည္း အခ်ိန္ပိုင္းအေနနဲ႔ေတာ့ အၾကာၾကီးျဖစ္ေနဦးမွာမဟုတ္ပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

YouTube ဟာ လက်ရှိအချိန်မှာ လူကြည့်အများဆုံးသော Video Platform တစ်ခုလို့ သတ်မှတ်ရင်လည်း မှားမှာမဟုတ်ပါဘူး။ အခုလိုမျိုး အောင်မြင်မှုရရှိနေတဲ့အတွက် YouTube Channel တွေအတွက်လည်း ကြော်ငြာတွေ ပိုပြီးထည့်သွင်းဖို့အတွက် တွန်းအားပေးသလိုဖြစ်နေပါတယ်။ အခုနောက်ဆုံး သိရတဲ့သတင်းတွေအရဆိုရင် YouTube ဟာ Ads တွေကို ပိုပြီး နေရာပေးတော့မယ့်ပုံပါပဲ။

YouTube

အခုသတင်းကတော့ YouTube မှာ Video တွေတင်နေတဲ့ YouTube Creator တွေအနေနဲ့ ကျော်လို့မရတဲ့ Ads တွေကို ပိုပြီး ထည့်သွင်းနိုင်တော့မှာဖြစ်ပြီးတော့ အခုလိုမျိုး ပြုလုပ်လိုက်တဲ့အတွက် အခုမြင်နေရတဲ့ ကျော်လို့မရတဲ့ ကြော်ငြာတွေဟာ ပိုပြီးများပြားလာဖို့ရှိနေပါတယ်။ YouTube ရဲ့ အဆိုအရတော့ အခု Feature ဟာ တချို့သော Creator တွေဆီကို နောက်အပတ်ကနေ စတင်ပြီး ရရှိလာစေမှာဖြစ်တယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် အခုလိုမျိုး ကျော်လို့မရတဲ့ ကြော်ငြာတွေကို ထည့်သွင်းတဲ့အချိန်မှာ ကြော်ငြာရှင်တွေက Creator တွေကို ပိုက်ဆံပိုပေးရပြီးတော့ အခုလိုမျိုး YouTube က အဆိုပါ ကြော်ငြာတွေကို ပိုတွန်းအားပေးလာတဲ့အတွက် YouTube Creator တွေအနေနဲ့ ပိုက်ဆံပိုပြီးတောင်ရရှိလာနိုင်ပါတယ်။

YouTube

YouTube ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း အဆိုပါ ကြော်ငြာတွေကို စက္ကန့် ၂၀ အောက်ပဲ ရှိနေဖို့အတွက် သတ်မှတ်ထားတဲ့အတွက် တကယ်လို့ ကြော်ငြာတွေကို ပိုပြီး မြင်လာရတယ်ဆိုရင်လည်း အချိန်ပိုင်းအနေနဲ့တော့ အကြာကြီးဖြစ်နေဦးမှာမဟုတ်ပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com