YouTube ကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀၁၇ ခုနှစ်တုန်းက YouTube Video တွေကြည့်ရင်းနဲ့ သူငယ်ချင်းတွေနဲ့ အလွယ်တကူမျှဝေပြီး စကားပြောနိုင်တဲ့ Messages Feature ကို Mobile App တွေနဲ့ Web Version မှာ ထည့်သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ YouTube က အဆိုပါ Feature ကို ပြန်ဖြုတ်ချတော့မယ်ဆိုပြီး ကြေညာလိုက်ပြီဖြစ်ပါတယ်။

အဆိုပါ YouTube Messaging Feature က တခြား Facebook Messenger ၊ Whatsapp လိုမျိုး App တွေကို YouTube Link Share တာမျိုးမဟုတ်ဘဲ ကိုယ် Share လိုက်တဲ့သူရဲ့ YouTube App မှာပဲ Individual ဒါမှမဟုတ် Group Chat အနေနဲ့ စကားပြောနိုင်မှာဖြစ်ပြီးတော့ ပိုပြီး လွယ်ကူတယ်လို့ ပြောလို့ရပါတယ်။

Google ကတော့ အခုလိုမျိုး Private Messaging Feature တွေကို ဖြုတ်လိုက်တာက ပြီးခဲ့တဲ့လပိုင်းတုန်းက Creator တွေအတွက် စတင်ပြုလုပ်ပေးခဲ့တဲ့ YouTube Stories တွေနဲ့ Post Feature တွေမှာပါ Comment ပြုလုပ်လို့ရတာကြောင့်ဖြစ်နိုင်ပြီးတော့ နောက်ပိုင်းမှာ Private ထက် Public Conversation တွေကိုပိုပြီး ဦးစားပေးသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု YouTube Messaging Feature က လာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့အထိပဲ အသုံးပြုနိုင်မှာဖြစ်ပြီးတော့ အဲ့ဒီနောက်ပိုင်းမှာတော့ Google ကနေ သတ်ပစ်လိုက်တဲ့ Feature တွေထဲက တစ်ခုအနေနဲ့ပဲဖြစ်သွားတော့မှာပါ။

Ref : 9to5Google