
Apple iPhone YouTube






Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

YouTube မှာ HDR Playback ရရှိနေတာဟာ အချိန်တော်တော်လေးကို ကြာသွားပြီဖြစ်ပြီးတော့ Android Application မှာလည်း HDR Playback ကို Support ပေးနေတာအချိန်တစ်ခုရှိနေပါပြီ။ အဲ့ဒီအတွက် လက်ရှိ HDR ကို Support ပြုလုပ်တဲ့ Android ဖုန်းတွေက YouTube မှာ HDR Video တွေကို ကြည့်ရှုခံစားနိုင်နေပေမယ့် Apple ရဲ့ iPhone တွေကတော့ YouTube ကို HDR နဲ့ ကြည့်ရှုလို့ မရခဲ့ပါဘူး။

Apple iPhone YouTube

အခုအချိန်မှာတော့ YouTube ကနေ သူရဲ့ iOS App မှာ iPhone တွေအတွက် HDR Features ကို ထည့်သွင်းပေးလိုက်ပါတယ်။ ဒါပေမယ့် လက်ရှိနောက်ဆုံးထွက်ထားတဲ့ Apple iPhone 8 ၊ iPhone 8 Plus နဲ့ iPhone X တွေပဲ ကြည့်ရှုလို့ရဦးမှာဖြစ်ပြီး Display အထူးကောင်းမွန်တဲ့ Apple iPad Pro မှာတောင် မရရှိသေးပါဘူး။

HDR Playback on iPhone X

အခုလိုမျိုး HDR Support ရရှိလာတာက Apple အသုံးပြုသူတွေအတွက်တော့ ကောင်းမွန်တဲ့ Update တစ်ခုဖြစ်ပေမယ့် နောက်ဆုံးထွက် iPhone တွေမှာပဲ ရရှိနိုင်သေးတာကတော့ အသုံးပြုနိုင်တဲ့ Devices တွေကို Limit ပြုလုပ်ထားသလိုဖြစ်နေပါသေးတယ်။

YouTube မှာ ယခင်ကထက် HDR Content တွေများပြားလာပေမယ့် Videos အများစုကတော့ သာမန်နဲ့ပဲ ကြည့်ရှုနိုင်ဦးမှာပါ။ YouTube ရဲ့ ပြောကြားချက်အရ အခုလိုမျိုး iPhone တွေမှာ ထည့်သွင်းပေးထားတဲ့ HDR ဟာ Full HD Resolution ဖြစ်စရာမလိုပဲ 480p မှာတောင် အလုပ်လုပ်တယ်လို့ သိရပါတယ်။ HDR Video ကို ကြည့်ရူနေကြောင်းကိုလည်း Video ရဲ့ Setting မှာ ဖော်ပြပေးသွားမှာပါ။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Mobile Devices တွေအကုန်လုံးနီးပါး HDR Video တွေကြည့်ရှုနိုင်လာတာက နောက်ပိုင်းမှာ အရည်အသွေးမြင့် HDR Videos တွေ၊ Movies တွေလည်း အများအပြားထွက်ရှိလာနိုင်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com