[Zawgyi]

YouTube စတားေတြ ထိုးၾကတဲ့ ျဗိတိန္ရဲ့ အၾကီးမားဆံုးျဖစ္သြားတဲ့ လက္ေဝွ႔ပြဲ

ျဗိတိန္မွာ အၾကီးဆံုးျဖစ္သြားတဲ့ ေဘာက္ဆင္ပြဲဟာ လက္ေဝွ႔သမားေတြ ထုိးတာ မဟုတ္ဘဲ YouTube က Vloggers ေတြ ထိုးတာဆို ယံုၾကမလား။ ဒါက တကယ္ျဖစ္ခဲ့ပါတယ္။ Social Media Stars ေတြလည္း ျဖစ္၊ YouTube မွာ ပရိသတ္အခုိင္အမာလည္း ရေနတဲ့ KSI နဲ႔ Joe Weller တို႔ ႏွစ္ေယာက္က ပရိသတ္ ၈ ေထာင္ရဲ့ ေရွ႕မွာ ေဘာက္ဆင္ယွဥ္ထိုးျပီး Live လႊင့္ခဲ့ၾကပါတယ္။

KSI vs Joe Weller

 

အဲဒီ Live Stream Video ကို ၾကည့္တဲ့အၾကိမ္အေရအတြက္ဟာ မၾကံဳစဖူး ထူးထူးကဲကဲ ၾကည့္ရႈတဲ့ အၾကိမ္ေရသန္း (၂၀) ေက်ာ္ပါတယ္။ ၾကည့္ရႈသူအေရအတြက္ (Viewers Count) ဟာလည္း ၁.၅ သန္းေက်ာ္ျပီး ဒါဟာ ဝင္ဘယ္လ္ဒန္ တင္းနစ္ပြဲနဲ႔ FA Cup Finals ပြဲစဥ္ေတြထက္ ၾကည့္သူအေရအတြက္ သာလြန္သြားခဲ့တာပါ။

ဒါကို ၾကည့္ျခင္းအားျဖင့္ Social Media ဟာ လူမႈကြန္ရက္ေတြအေပၚ ဘယ္ေလာက္ေတာင္ လႊမ္းမိုးထားႏုိင္လဲဆိုတာ ျမင္သာျပီး ပြဲလက္မွတ္ေတြဟာဆုိရင္လည္း လက္မွတ္တစ္ေစာင္ကို ၆၆ ေပါင္ (၉၃. ၅၇ ) ေဒၚလာေလာက္ကို ေပါက္ခဲ့ပါတယ္။ ေလာင္းေၾကးေတြဟာဆိုရင္လည္း ေသာၾကာေန႔မတုိင္ခင္အထိကို ေပါင္တစ္သိန္းေလာက္ထိ ဝုိင္းတင္ထားၾကျပီးျဖစ္ပါတယ္။

Joe Wellers ေရာ KSI ေရာဟာ သူတို႔ရဲ့ Video Game Reviews ေတြ၊ Vloggingေတြနဲ႔ သူတို႔ အသုိင္းအဝုိင္းေတြမွာ အသီးသီးနာမည္ၾကီးၾကသူေတြပါ။ သူတို႔ရဲ့ ထိုးပြဲကို လန္ဒန္အုိလံပစ္ပန္းျခံက Copper Box အားကစားရံုမွာ ေဖေဖာ္ဝါရီလ ၃ ရက္၊ စေနေန႔က ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ပြဲမစခင္မွာလည္း သူတို႔ အခ်င္းခ်င္းေရာ၊ ႏွစ္ဘက္ပရိသတ္ေတြကေရာ အျပန္အလွန္ေလတိုက္ခဲ့ၾကျပီး နာမည္ၾကီး Betting ျဖစ္တဲ့ William Hill ကလည္း ဒီပြဲအတြက္ ေၾကးဖြင့္ေပးခဲ့ပါတယ္။ ပရိုလက္ေဝွ႔သမားေတြကေတာ့ ဒီပြဲကို ေပၚပင္လုပ္ရပ္ဆိုျပီး ရႈံ႕ခ်ခဲ့ၾကပါတယ္။

ပြဲရဲ့ ရလဒ္ကေတာ့ KSI က Joe Weller ကို တတိယအခ်ီမွာ TKO (Technical Knockout) နဲ႔  အႏုိင္ယူႏုိင္ခဲ့ပါတယ္။ ပြဲအျပီးမွာေတာ့  Weller က Instagram မွာ ဓာတ္ပံုတစ္ပံုတင္ခဲ့ျပီး KSI ရဲ့ အႏုိင္ပြဲဟာ ထိုက္တန္ပါတယ္လို႔ ဂုဏ္ျပဳစကားဆိုခဲ့ပါတယ္။

Joe Weller က IG မွာ ဓာတ္ပံုတင္ျပီး KSI ကို ဂုဏ္ျပဳစကားဆိုခဲ့ပါတယ္။

စိတ္ရူးေပါက္လို႔ပဲ ထိုးထိုး၊ Followers မ်ားခ်င္လို႔ပဲ ထိုးထိုး သူတို႔ရဲ့ ပြဲကေတာ့ တကယ္ေအာင္ျမင္ခဲ့ျပီး Joshua နဲ႔ Klitschko ပြဲအျပီးတည္းက အၾကီးမားဆံုး Live ၾကည့္တဲ့ ပရိသတ္ကို ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီေတာ့ ျမန္မာႏုိင္ငံမွာလည္း ဒီလို လူၾကည့္မ်ားတဲ့ လက္ေဝွ႔ပြဲတစ္ပြဲျဖစ္ေအာင္ ဘယ္ Social Media Stars ေတြ ပြဲဆိုင္ေပးလို႔ ရေလာက္မလဲဆိုတာ အေပ်ာ္စဥ္းစားမိတယ္ေပါ့။

www.akhayar.com

Ref : Daily Mail
[Unicode]

YouTube စတားတွေ ထိုးကြတဲ့ ဗြိတိန်ရဲ့ အကြီးမားဆုံးဖြစ်သွားတဲ့ လက်ဝှေ့ပွဲ

ဗြိတိန်မှာ အကြီးဆုံးဖြစ်သွားတဲ့ ဘောက်ဆင်ပွဲဟာ လက်ဝှေ့သမားတွေ ထိုးတာ မဟုတ်ဘဲ YouTube က Vloggers တွေ ထိုးတာဆို ယုံကြမလား။ ဒါက တကယ်ဖြစ်ခဲ့ပါတယ်။ Social Media Stars တွေလည်း ဖြစ်၊ YouTube မှာ ပရိသတ်အခိုင်အမာလည်း ရနေတဲ့ KSI နဲ့ Joe Weller တို့ နှစ်ယောက်က ပရိသတ် ၈ ထောင်ရဲ့ ရှေ့မှာ ဘောက်ဆင်ယှဉ်ထိုးပြီး Live လွှင့်ခဲ့ကြပါတယ်။

KSI vs Joe Weller

 

အဲဒီ Live Stream Video ကို ကြည့်တဲ့အကြိမ်အရေအတွက်ဟာ မကြုံစဖူး ထူးထူးကဲကဲ ကြည့်ရှုတဲ့ အကြိမ်ရေသန်း (၂၀) ကျော်ပါတယ်။ ကြည့်ရှုသူအရေအတွက် (Viewers Count) ဟာလည်း ၁.၅ သန်းကျော်ပြီး ဒါဟာ ဝင်ဘယ်လ်ဒန် တင်းနစ်ပွဲနဲ့ FA Cup Finals ပွဲစဉ်တွေထက် ကြည့်သူအရေအတွက် သာလွန်သွားခဲ့တာပါ။

ဒါကို ကြည့်ခြင်းအားဖြင့် Social Media ဟာ လူမှုကွန်ရက်တွေအပေါ် ဘယ်လောက်တောင် လွှမ်းမိုးထားနိုင်လဲဆိုတာ မြင်သာပြီး ပွဲလက်မှတ်တွေဟာဆိုရင်လည်း လက်မှတ်တစ်စောင်ကို ၆၆ ပေါင် (၉၃. ၅၇ ) ဒေါ်လာလောက်ကို ပေါက်ခဲ့ပါတယ်။ လောင်းကြေးတွေဟာဆိုရင်လည်း သောကြာနေ့မတိုင်ခင်အထိကို ပေါင်တစ်သိန်းလောက်ထိ ဝိုင်းတင်ထားကြပြီးဖြစ်ပါတယ်။

Joe Wellers ရော KSI ရောဟာ သူတို့ရဲ့ Video Game Reviews တွေ၊ Vloggingတွေနဲ့ သူတို့ အသိုင်းအဝိုင်းတွေမှာ အသီးသီးနာမည်ကြီးကြသူတွေပါ။ သူတို့ရဲ့ ထိုးပွဲကို လန်ဒန်အိုလံပစ်ပန်းခြံက Copper Box အားကစားရုံမှာ ဖေဖော်ဝါရီလ ၃ ရက်၊ စနေနေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲမစခင်မှာလည်း သူတို့ အချင်းချင်းရော၊ နှစ်ဘက်ပရိသတ်တွေကရော အပြန်အလှန်လေတိုက်ခဲ့ကြပြီး နာမည်ကြီး Betting ဖြစ်တဲ့ William Hill ကလည်း ဒီပွဲအတွက် ကြေးဖွင့်ပေးခဲ့ပါတယ်။ ပရိုလက်ဝှေ့သမားတွေကတော့ ဒီပွဲကို ပေါ်ပင်လုပ်ရပ်ဆိုပြီး ရှုံ့ချခဲ့ကြပါတယ်။

ပွဲရဲ့ ရလဒ်ကတော့ KSI က Joe Weller ကို တတိယအချီမှာ TKO (Technical Knockout) နဲ့  အနိုင်ယူနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့  Weller က Instagram မှာ ဓာတ်ပုံတစ်ပုံတင်ခဲ့ပြီး KSI ရဲ့ အနိုင်ပွဲဟာ ထိုက်တန်ပါတယ်လို့ ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

Joe Weller က IG မှာ ဓာတ်ပုံတင်ပြီး KSI ကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

စိတ်ရူးပေါက်လို့ပဲ ထိုးထိုး၊ Followers များချင်လို့ပဲ ထိုးထိုး သူတို့ရဲ့ ပွဲကတော့ တကယ်အောင်မြင်ခဲ့ပြီး Joshua နဲ့ Klitschko ပွဲအပြီးတည်းက အကြီးမားဆုံး Live ကြည့်တဲ့ ပရိသတ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာလည်း ဒီလို လူကြည့်များတဲ့ လက်ဝှေ့ပွဲတစ်ပွဲဖြစ်အောင် ဘယ် Social Media Stars တွေ ပွဲဆိုင်ပေးလို့ ရလောက်မလဲဆိုတာ အပျော်စဉ်းစားမိတယ်ပေါ့။

www.akhayar.com

Ref : Daily Mail