YouTube ရဲ့ PIP (Picture in Picture) Mode ဆိုတာကတော့ ကိုယ်ကြည့်နေတဲ့ YouTube App ပေါ်က Video ကို Home Page ပေါ်မှာ Multi Window အသေးစားပုံစံ Pop-up Display နဲ့ပြပေးနိုင်မယ့် Feature တစ်ခုပါပဲ။ ဒီ Feature ကိုအရင်က Android 8.0 နဲ့အထက် PiP Feature သုံးလို့ရတဲ့ဖုန်းတွေကတဆင့် Google Chrome Browser Desktop View နဲ့ YouTube ကိုဖွင့်ကြည့်မှ သုံးလို့ရခဲ့တာဖြစ်သလို Premium User တွေသာပဲ App ကနေသုံးလို့ရခဲ့တာပါ။

ဒီကနေ့မှာတော့ Premium User မဟုတ်တဲ့ပုံမှန် အသုံးပြုသူတွေပါ အဲ့ဒီ Feature ကိုစတင်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပြီးအစောပိုင်းအနေနဲ့တော့ အမေရိန်ကန်နိုင်ငံက အသုံးပြုသူတွေမှာသာ သုံးခွင့်ရပါသေးတယ်။ တခြား နိုင်ငံကနေသုံးချင်တယ်ဆိုရင်တော့ ဖုန်းထဲကို US Location အဖြစ်ပြောင်းလို့ရမယ့် VPN Service တစ်ခုခုသွင်းပြီး အသုံးပြုနိုင်ပါတယ်။

PiP Mode ကိုအသုံးပြုဖို့အတွက် YouTube App Setting > General Menu ထဲက PiP Option ကိုဖွင့်ပေးရုံပါပဲ။ ဖွင့်ပြီးသွားရင်တော့ နှစ်သက်ရာ Video တစ်ပုဒ်ကိုဖွင့်ပြီး Home ကိုပြန်ထွက်လိုက်တာနဲ့ Pop-up Display လေးနဲ့ YouTube Video တွေကိုဆက်လက်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။

Ref; GSMArena

SiD(Akhayar)