






Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ဟာ ပြီးခဲ့တဲ့ Android Version 8.0 Oreo ကနေ စတင်ပြီးတော့ Full Screen Application တစ်ခု၊ Video တစ်ခုကို ကြည့်တဲ့အချိန်မှာ Home Screen ပေါ်မှာ Screen အသေးတစ်ခုအနေနဲ့ ပြန်ကြည့်နိုင်တဲ့ Picture-in-picture Mode ကို ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။

Android Picture-in-picture mode

အခုလိုမျိုး Picture-in-picture Mode ကို Android 8.0 Oreo မှာ စတင်ပြီး Support ပြုလုပ်လာပေမယ့်လည်း လူကြည့်အများဆုံးသော Video Streaming Service တစ်ခုဖြစ်တဲ့ YouTube ကတော့ Support မပေးသေးပဲ အခကြေးငွေပေးရတဲ့ YouTube Premium လိုမျိုးမှပဲ အသုံးပြုလို့ရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ YouTube ကနေ အခကြေးငွေပေးပြီး YouTube Premium ကို အသုံးပြုစရာမလိုပဲ Picture-in-picture Feature ကို အသုံးပြုနိုင်အောင် စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။

YouTube Picture-in-picture mode

ဒါပေမယ့် အခု YouTube က စမ်းသပ်နေတဲ့ Picture-in-picture Feature က US မှာ နေထိုင်တဲ့သူတွေမှာပဲ အရင်ရရှိနေပြီးတော့ Official Music Video အချို့လည်း အလုပ်လုပ်ကိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ်နောက်ပိုင်းမှာ YouTube မှာ Picture-in-picture Mode ကို အသုံးပြုလာနိုင်ဖို့ကတော့ အချိန်မလိုလောက်တော့ပါဘူး။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com