YouTube မှာ Web Browser ကနေ တိုက်ရိုက် Live လွှင့်နိုင်ပြီ





Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

YouTube ကနေ လက်ရှိ Live Streaming Services တွေထဲမှာ နာမည်ကြီးတဲ့ Twitch ကို ယှဉ်ပြိုင်ဖို့အတွက် Feature အသစ်တစ်ခုကို Web Version အတွက်ထုတ်ပေးလိုက်ပါတယ်။

အခု Feature အသစ်ကတော့ YouTube ကို Web Browser ကနေအသုံးပြုမယ်ဆိုရင် Webcam ကနေ တစ်ဆင့်တိုက်ရိုက် Live လွှင့်နိုင်တဲ့ Feature ကို ထည့်သွင်းပေးလိုက်တာပဲဖြစ်ပါတယ်။ အခု Feature က ယခင်က Video Upload တင်တဲ့နေရာမှာ “Go Live” ဆိုတဲ့ စာသားနဲ့ Feature အသစ်ပါဝင်လာတာပဲဖြစ်ပါတယ်။

YouTube ရဲ့ အခု Feature ကို လက်ရှိအချိန်မှာ Google Chrome Browser ကလွဲပြီးတော့ အခြားသော Browser တွေမှာ အသုံးပြုနိုင်ဦးမှာမဟုတ်သေးပေမယ့် YouTube ကတော့ မကြာခင် Browser အားလုံးမှာ အသုံးပြုနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိသိရတဲ့သတင်းတွေအရ YouTube ဟာ Asus ၊ LG ၊ Motorola ၊ Nokia နဲ့ Samsung လိုမျိုး ဖုန်းကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းပြီးတော့ အဆိုပါဖုန်းတွေရဲ့ Default Camera App ကနေ YouTube Live လွှင့်နိုင်အောင်ပါ စီစဉ်နေတယ်လို့ သိရပါတယ်။ YouTube ကတော့ အခု Feature ဟာ မကြာခင်လတွေမှာ ရရှိလာမယ်လို့ ပြောကြားထားပြီးတော့ တကယ်လို့သာ ကိုယ့်ဖုန်းရဲ့ Camera App ကနေ တိုက်ရိုက် YouTube Live လွှင့်နိုင်မယ်ဆိုရင် ဒါက YouTuber တွေအတွက် အလွန်ကောင်းမွန်တဲ့ Feature တစ်ခုဖြစ်လာမှာပါ။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com